၁၉၅၃ ခုနှစ်နှင့် ၁၉၇၆ ခုနှစ်အကြားတွင် ပြန်လမ်းမရှိတံတားမှာပဲ မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားအကြား အကျဉ်းသားများ ဖလှယ်ခြင်း ၊အလွန်အမင်း ထိခိုက် ဒဏ်ရာရခြင်း ဖြစ်ရပ်များ အတိတ်ကာလက ဖြစ်ပွားခဲ့နေရာတစ်ခု ဖြစ်ပါတယ်။
ဤပြန်လမ်းမရှိ တံတားဟာ ကိုရီးယား စစ်မဲ့ဇုံရဲ့ နှစ်ဖက်စလုံးကိုခွဲခြားထားတဲ့ စစ်ဘက်ဆိုင်ရာနယ်နိမိတ်မျဉ်းကို ဖြတ်ပြီး တည်ရှိပါတယ်။

၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအပြီးတွင် ဤတံတားကို ဖြတ်ပြီ အကျဉ်းသားလဲလှယ်ရေးကို ပြုလုပ်ခဲ့တာပါ။ပြန်လမ်းမရှိ အမည်ကို စစ်အကျဉ်းသားများ ဖြတ်ကျော်ခြင်းမပြုမီ ပေးခဲ့ခြင်းဖြစ်ပါတယ်။
သူတို့ဟာ တိုင်းပြည်အတွင်းနေပြီး ပိတ်မိသူတွေ ၊မိမိ မွေးရပ်မြေကို ပြန်ချင်တဲ့သူတွေပါ။ ဒါပေမယ့် ဒီမျဉ်းကို ခြေတစ်လမ်းကျော်မိပြီဆိုတာနဲ့ သူတို့ဟာ နောက်ပြန်လာလို့မရတော့ပါဘူး။

၁၉၅၃ ခုနှစ်၊ ဧပြီလ အတွင်း Operation Little Switch ဟု လူသိများတဲ့ ပထမဆုံး အဓိက အကျဉ်းသားတွေ လဲလှယ်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ကုလသမဂ္ဂစစ်ဌာနချုပ်က ၎င်းတို့ အကျဉ်းသား ၆၀၅ ဦးအတွက် မြောက်ကိုရီးယား အကျဉ်းသား ၆၀၃၀ ဦးနဲ့ လဲလှယ်ခဲ့တာပါ။ အများစုက ဒဏ်ရာရသူတွေနဲ့ ဖျားနာနေသူတွေ ဖြစ်ပါတယ်။
အဆိုပါ လဲလှယ်မှုအောင်မြင်ခဲ့ပြီးမကြာမီ Big Switch စစ်ဆင်ရေး ကိုစတင်ခဲ့ပါတယ်။ အဲဒီနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း တောင်ကိုရီးယား ၇,၈၆၂ ဦး၊အမေရိကန် ၃,၅၉၇ ဦး ၊ ဗြိတိသျှ ၉၄၅ ဦးတို့အပါအဝင် နိုင်ငံအသီးသီးမှ ကုလသမဂ္ဂစစ်သား ၁၂,၇၇၃ ဦး အတွက် မြောက်ကိုရီးယား ၇၀,၁၈၃ ဦး နှင့် တရုတ်အင်အား ၅,၆၄၀ ဦးတို့ကို လဲလှယ်ခဲ့ပါတယ်။
ကုလသမဂ္ဂ၏ ရှုပ်ထွေးမှုများကြောင့် အမေရိကန် ၂၃ ဦး နှင့်ဗြိတိန်သားတစ် ဦး တို့က နေရပ်ပြန်ပို့ခြင်းကို ငြင်းဆန်ခဲ့ပါတယ်။
၁၉၆၈ ခုနှစ်အတွင်း နောက်ထပ်ကြီးမားသော အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။နိုင်ငံတကာရေပိုင်နက်အတွင်း မြောက်ကိုရီးယားရေတပ်မှ USS Pueblo အား ဖမ်းဆီးပြီး နောက်တွင်ဖြစ်ပွားခဲ့တာပါ။
ကပ္ပတိန်နှင့်အမှုထမ်းများကို ၁၁ လကြာထိန်းသိမ်းထားပြီး သူတို့အားနောက်ဆုံးတွင် လွှတ်ပေးခဲ့ပြီး တံတားကိုဖြတ်သန်းသွားရန် ခွင့်ပြုခဲ့ပါတယ်။ သူတို့ဟာ ပြန်လမ်းမရှိတံတားကို ဖြတ်ပြီး နောက်ဆုံး အကျဉ်းသားလဲလှယ်ခြင်းပဲဖြစ်ပါတယ်။

၁၉၇၆ ခုနှစ်၊ သြဂုတ်လတွင် နောက်တစ်ကြိမ် တင်းမာမှုများ ထပ်မံမြင့်တက်လာခဲ့ပါတယ်။ တံတားအနီး စစ်ဆေးရေးဂိတ်အကြား ပူးတွဲလုံခြုံရေး ဧရိယာအတွင်း ပေါ့ပလာပင်ကို ရိတ်ရန် ထွက်လာတဲ့ အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိနှစ်ယောက်ကို မြောက်ကိုရီးယားစစ်သားက ပုဆိန်ဖြင့်ခုတ်လိုက်ခြင်း ကြောင့် ဖြစ်ပါတယ်။
ဤအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း မြောက်ကိုရီးယားက တံတားကိုပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပြီး ပြန်လမ်းမရှိတံတားကို အနည်းဆုံးအကျဉ်းသားလဲလှယ်ရေးအတွက်မဟုတ်ရင် နောက်ထပ် ဘယ်တော့မျှအသုံးမပြုရဘူးလို့ဆိုပါတယ်။
၁၉၉၃ ခုနှစ်တွင် သမ္မတဘီလ်ကလင်တန်ဟာ စစ်မဲ့ဇုံ နယ်နမိတ်မျဉ်းနဲ့ ၁၀ ပေအကွာအဝေးအတွင်း တံတားပေါ်သို့ဖြတ်လျှောက်ခဲ့ပါသေးတယ်။ သူ့ကိုလျှို့ဝှက်ထောက်လှမ်းရေးအစောင့်အကြပ်ဖြင့် သဘာဝကျကျအကာအကွယ်ပေးခဲ့ပါတယ်။
အခြားတစ်ဖက်တွင်လည်း အေကေ-ဖိုတီဆဲလ်ဗင်း ကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယား စစ်သားများကလည်း ဂရုတစိုက်စောင့်ကြည့်ခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လတွင် ကုလသမဂ္ဂစစ်ဌာနချုပ်က မြောက်ကိုရီးယားစစ်တပ်ဟာ အထင်ကရတံတား၏ မြောက်ဘက်အခြမ်းတွင် မြေမြှပ်မိုင်းများ ထောင်ခဲ့သည့်အတွက် ပြစ်တင်ဝေဖန်ခဲ့ပါသေးတယ်။
၁၉၅၃ ခုနှစ် အပစ်အခတ်ရပ်စဲပြီး ကတည်းက တံတားအနီး၌ မြေမြှပ်မိုင်းများထောင်ခြင်းကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တာပါ။
ယခုအခါ ပြန်လမ်းမရှိတံတားကို အသုံးမပြုတော့ပဲ ငုတ်တိုင်များဖြင့် အဆုံးတစ်ခုမှာ ပိတ်ပင်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပြန်လမ်းမရှိ တံတားဟာ နိုင်ငံနှစ်နိုင်ငံအကြား ၊ အမေရိကန်နှင့်မြောက်ကိုရီးယားအကြား သမိုင်းတွင် ထင်ရှားသော အမှတ်အသားအဖြစ်တည်ရှိနေပါတယ်။
တံတားဟာ စစ်မဲ့ဇုံရဲ့ ပူးတွဲလုံခြုံရေးယူထားတဲ့ ဧရိယာအတွင်းတည်ရှိပြီး သွားရောက်လေ့လာနိုင်ပါတယ်။ ဒါပေမယ့် ဖြတ်သန်း သွားလို့တော့ မရပါဘူး။
ရေးသားသူ – Zaw Gyi (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 08/19/2021