ဂျပန်နိုင်ငံရှိ Bridgestone နှင့် Idemitsu Kosan ကုမ္ပဏီတို့က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲမှာပဲ လျှပ်စစ်ကား တစ်စီးနှင့် လေမဲ့ တာယာများကို စမ်းသပ်မှာဖြစ်ပြီး လေမဲ့တာယာများအပေါ် အားကိုးနိုင်မှု ရှိ၊မရှိ အကဲဖြတ်မှာ ဖြစ်ပါတယ်။
Bridgestone ရဲ့ မူပိုင်ခွင့်ဖြစ်သော ‘Air Free Concept’ ကို ၂၀၁၁ ခုနှစ်မှာ ပထမဆုံး အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
အဆိုပါတာယာများရဲ့ အတွင်းပိုင်းနှင့် အပြင်ဘက်မှာဆိုရင် ရော်ဘာ အကွက်ပုံစံ တွေ့မြင်နိုင်ပါတယ်။
၎င်းတာယာများက အရှိန်လွန် မောင်းနှင်ပါသော်လည်း ယာဉ်မောင်းများကို ဘေးကင်းစေတယ်ဟု ဆိုပါတယ်။
Bridgestone ရဲ့ လေမဲ့ တာယာများက မူလ တာယာ စီမံခန့်ခွဲမှု အတွက် လိုအပ်ချက်ဖြစ်တဲ့ လေဖိအားနှင့် ပေါက်ထွက်မှုတွေ မရှိတဲ့အတွက် အသုံးပြုသူများ ကြိုက်နှစ်သက်ကြလိမ့်မည်ဟု ဆိုပါတယ်။
တာယာ ထုတ်လုပ်သူများရဲ့အဆိုအရ သမားရိုးကျ တာယာများက ဖိအားမြင့် လေဖြင့် ပြည့်နေကာ ယာဉ်၏ အလေးချိန်ကို ထောက်ပံ့ပေးဖို့နှင့် ဖောင်းနေသော ဘောလုံးကဲ့သို့ လမ်းမျက်နှာပြင်မှ ရိုက်ခတ်မှုကို စုပ်ယူဖို့ စပရိန် သဏ္ဌာန်တူသော လုပ် ဆောင်ချက်ကို ပေးစွမ်းရတယ်ဟု ဆိုပါတယ်။

Image: Courtesy of Bridgestone
ဒါ့ကြောင့် လေထုဖိအားက မသင့်လျော်ဘူးဆိုရင် ဒါမှမဟုတ် တာယာက ပြားနေတယ်ဆိုရင် မောင်းနှင်ရာမှာ ပြဿနာရှိနိုင်ပါတယ်။
Bridgestone က ၎င်းရဲ့ ‘Air Free Concept’ နည်းပညာဟာ သမားရိုးကျ တာယာများထက် ဒီဇိုင်းနှင့် ပြန်လည် အသုံးပြုမှုအတွက် ပိုမို ပြောင်းလွယ်ပြင်လွယ် ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Bridgestone ရဲ့ ပြောကြားချက်အရ ၎င်းတို့ တာယာများရဲ့စွမ်းရည်ဟာ လျှပ်စစ်ကားများဆီသို့ စတင် ပြောင်းလဲလာတဲ့ အ ခါ မှာ ကာဗွန်-ကြားနေအကျိုးသက်ရောက်မှု နှင့်အရင်းအမြစ်-ပြန်လည် အသုံးပြုသည့် ပစ္စည်းများရဲ့ အသုံးချမှုတို့ကို ထပ် မံ ပံ့ပိုးပေးဖို့ ကူညီပေးနိုင်တယ်ဟု ဆိုပါတယ်။
Bridgestone မှထုတ်လုပ်သော Air Free Concept ဟာ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်တယ်ဟု ဆိုပါတယ်။
ဒါ့ကြောင့် ၎င်းတို့ရဲ့ အပေါက်အပြဲမရှိတဲ့ တာယာများက ယာဉ်အန္တရာယ်ကို လျှော့ချပေးပြီး သုံးစွဲသူများအတွက် အသုံးဝင်မှု တန်ဖိုးကို မြှင့်တင်ပေးလိမ့်မည် ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။