မြန်မာ့ Esport သမိုင်းရဲ့ ပထမဆုံး အကြိမ်အနေဖြင့် မြန်မာကိုယ်စားပြု အသင်းဖြစ်တဲ့ Burmese Ghouls team ဟာ 1st runner up နှင့်သာ ပြီးဆုံးသွားခဲ့သော်လည်း နိုင်ငံတွင်း လူငယ်များနှင့် မိဘများအား Esport လောက၏ အရေးပါပုံကို မျက်ဝါးထင်ထင် သက်သေပြနိုင်ခဲ့ပါတယ်။
တကယ်တော့ ဂိမ်းတွေဟာ ပုံမှန်အားဖြင့် စိတ်အပန်းဖြေဖို့ အချိန်တစ်ခုကို သုံးစွဲလိုက်တဲ့သဘောပါပဲ။ ဒါပေမယ့် ဂိမ်းတွေဟာ တဖြည်းဖြည်းနှင့်တိုးတက်လာပြီး အင်္ဂလိပ်စာစွမ်းရည်၊ ဆုံးဖြတ်ချက်မှန်ကန်မှု၊ လျှင်မြန်မှု စတဲ့အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းပါတယ်။
ယခုခေတ်မှာတော့ ဂိမ်းကို mobile, PC, Console အစရှိသဖြင့် platform ပေါင်းစုံမှာ စိတ်ကြိုက် ဆော့ကစားနိုင်လာပြီး ပြိုင်ဆိုင်မှုများလည်း ပြင်းထန်လာပါတယ်။ ဂိမ်းကစားသူဦးရေ များပြားလာတာနှင့်အတူ ဂိမ်းလောကမှ ဖျော်ဖြေရေး နှင့် professional gamer များပါ
ပေါ်ထွက်လာပါတယ်။
ဖျော်ဖြေရေးအနေဖြင့် streaming လုပ်ငန်းများဟာ လက်ရှိမှာ အောင်မြင်နေကြပြီး တချို့ streamer တွေဆို ဒေါ်လာ သန်းနှင့်ချီပြီး ဝင်ငွေရှိပါတယ်။
Professional gamer များဟာလည်း ကိုယ်ကျွမ်းကျင်တဲ့ ဂိမ်းအပေါ်မှာမူတည်ပြီး ဝင်ငွေကောင်းနေကြပါတယ်။ မြန်မာနိုင်ငံမှာ MLBB ကစားသူ သန်းပေါင်းများစွာရှိပြီး ယခု Burmese Ghouls ရဲ့ စွမ်းဆောင်မှုက ပါရမီရှိပြီး ကြိုးစားပါက ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံတွင် Esport သူရဲကောင်းများ အနာဂါတ်မှာ ပေါများလာပြီး ကမ္ဘာ့ Esport လောကတွင် နေရာတစ်ခု ရရှိလာနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်ခင်ဗျာ။
ZawGyi
ျမန္မာ့ Esport သမိုင္းရဲ႕ ပထမဆုံးအႀကိမ္အေနျဖင့္ ျမန္မာကိုယ္စားျပဳအသင္းျဖစ္တဲ့ Burmese Ghouls ဟာ 1st runner up ႏွင့္သာ ၿပီးဆုံးသြားခဲ့ေသာ္လည္း ႏိုင္ငံတြင္း လူငယ္မ်ားႏွင့္ မိဘမ်ားအား Esport ေလာက၏ အေရးပါပုံကို မ်က္ဝါးထင္ထင္ သက္ေသျပႏိုင္ခဲ့ပါတယ္။
တကယ္ေတာ့ ဂိမ္းေတြဟာ ပုံမွန္အားျဖင့္ စိတ္အပန္းေျဖဖို႔ အခ်ိန္တစ္ခုကို သုံးစြဲလိုက္တဲ့သေဘာပါပဲ။ ဒါေပမယ့္ ဂိမ္းေတြဟာ တျဖည္းျဖည္းႏွင့္တိုးတက္လာၿပီး အဂၤလိပ္စာစြမ္းရည္၊ ဆုံးျဖတ္ခ်က္မွန္ကန္မႈ၊ လွ်င္ျမန္မႈ စတဲ့အက်ိဳးေက်းဇူးမ်ားကိုလည္း ေပးစြမ္းပါတယ္။
ယခုေခတ္မွာေတာ့ ဂိမ္းကို mobile, PC, Console အစရွိသျဖင့္ platform ေပါင္းစုံမွာ စိတ္ႀကိဳက္ ေဆာ့ကစားႏိုင္လာၿပီး ၿပိဳင္ဆိုင္မႈမ်ားလည္း ျပင္းထန္လာပါတယ္။ ဂိမ္းကစားသူဦးေရ မ်ားျပားလာတာႏွင့္အတူ ဂိမ္းေလာကမွ ေဖ်ာ္ေျဖေရး ႏွင့္ professional gamer မ်ားပါ
ေပၚထြက္လာပါတယ္။
ေဖ်ာ္ေျဖေရးအေနျဖင့္ streaming လုပ္ငန္းမ်ားဟာ လက္ရွိမွာ ေအာင္ျမင္ေနၾကၿပီး တခ်ိဳ႕ streamer ေတြဆို ေဒၚလာ သန္းႏွင့္ခ်ီၿပီး ဝင္ေငြရွိပါတယ္။
Professional gamer မ်ားဟာလည္း ကိုယ္ကြၽမ္းက်င္တဲ့ ဂိမ္းအေပၚမွာမူတည္ၿပီး ဝင္ေငြေကာင္းေနၾကပါတယ္။ ျမန္မာႏိုင္ငံမွာ MLBB ကစားသူ သန္းေပါင္းမ်ားစြာရွိၿပီး ယခု Burmese Ghouls ရဲ႕ စြမ္းေဆာင္မႈက ပါရမီရွိၿပီး ႀကိဳးစားပါက ကမာၻ႔အဆင့္အထိ တက္လွမ္းႏိုင္တယ္ဆိုတာကို သက္ေသျပေနပါတယ္။
ဒါ့ေၾကာင့္ ျမန္မာႏိုင္ငံတြင္ Esport သူရဲေကာင္းမ်ား အနာဂါတ္မွာ ေပါမ်ားလာၿပီး ကမာၻ႔ Esport ေလာကတြင္ ေနရာတစ္ခု ရရွိလာႏိုင္လိမ့္မယ္လို႔ ယုံၾကည္မိပါတယ္ခင္ဗ်ာ။