Ford-Class လေယာဉ်တင်သင်္ဘောဟာ သင်္ဘောဖျက်ဒုံးကျည်တွေခေတ်မှာ လွတ်မြောက်နိုင်မနိုင် ဆောင်းပါး

Article Military

ဒါကတော့ သင်သတိ ရရမယ့်အရာပဲဖြစ်ပါတယ်။

ပြင်းထန်ပြီး၊ အဆင့်မြင့် နည်းပညာစစ်ပွဲကို အလေးပေးထားတဲ့ Ford အတန်းအစား သင်္ဘောကို ဆိုလိုတာမဟုတ်တဲ့ လေယာဉ်တွေတင် ဆောင်နိုင်တဲ့ မျက်နှာပြင် ပြေးလမ်းနှင့် သင်္ဘောများ ကျွန်တော်တို့နှင့် အတူ ရှိနေခြင်းဟာ အမေရိကန်၏ ကာကွယ်ရေး ရင်းနှီးမြှုပ်နှံမှုသဘောကို ကိုယ်စားပြုနေပါတယ်။

ကြီးမားတဲ့ လေယာဉ်တင်သင်္ဘောများဟာ အားနည်းချက်တွေရှိနေတာတော့ တကယ်ပါပဲ။ ပြီးတော့ အမေရိကန်ဟာ ဒီပြသနာတွေကို ဖြေရှင်းဖို့ သို့မဟုတ် လေယာဉ်တင်သင်္ဘောတွေနေရာမှာ အလှည့်အပြောင်းအနေဖြင့် အခြား လက်နက်များကို ပေးအပ်နိုင်ဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ CVN-78(Ford)လေယာဉ်တင်သင်္ဘောကို Nimitz အတန်းအစား လေယာဉ်တင် သင်္ဘောများနေရာတွင် အ စား ထိုးရန် ဘီလီယံနဲ့ချီသော ဒေါ်လာများစွာ အသုံးပြုရန် ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၇၅ခုနှစ်မှ စ၍ အမေရိကန် ရေတပ်တွင် တပ်တော်ဝင်ခဲ့ပြီး Nimitz အတန်းအစား၏ နောက်ဆုံးသင်္ဘောဖြစ်တဲ့ (USS George H.W. Bush)ဟာ ၂၀၀၉ ခုနှစ်မှာ စတင် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

Shock Test ပြုလုပ်နေပုံ

Fords အတန်းအစား လေယာဉ်တင်သင်္ဘော တွေဟာ ၂၁ ရာစုကုန်ဆုံးသည်အထိ အစိတ်အပိုင်းများ ဖွဲ့စည်းမှုပုံစံတမျိုး သို့မဟုတ် အခြားတစ်ခုဖြင့် တာဝန် ထမ်းဆောင်လာနေမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက ဒီရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ရန် ဆုံးဖြတ်ထားသကဲ့သို့ များစွာသော လေ့လာသုံးသပ်သူများက အကာအကွယ် ထူထပ် သော နေရာများ၏ ပိုမို စွမ်းဆောင်ရည် ကြီးမားလာသောကြောင့် (အထူးသဖြင့် တရုတ်၊ရုရှားနှင့် အီရန်) လေယာဉ်တင်သင်္ဘောတွေဟာ ခေတ် ကုန်လာစေတယ်လို့ ဝေဖန်သုံးသပ်ခဲ့ကြပါတယ်။

ဒါဆိုရင်တော့ နှစ်ပေါင်း ၉၀ တာဝန်ထမ်းဆောင်ရန် ရည်ရွယ်ထားသော သင်္ဘောအမျိုးအစားများတွင် ရင်းနှီးမြှုပ်နှံခြင်းဟာ ငွေအလွန်ဖြုန်း တီးခြင်းနှင့်တူပါတယ်။

မည်သည့်ခက်ခဲသည့် ငြင်းခုံမှုနှင့်မဆို ကျွန်တော်တို့ရဲ့ အသုံးအနှုန်းများကို သတ်မှတ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ရှင်းလင်းရန် အချိန်ယူသင့်ပါတယ်။

ကမ္ဘာတစ်ဝှမ်း ဝင်ရောက်ခွင့်မပြုတဲ့ anti-access/area denial (A2/AD) စနစ်တွေဟာ Fordအတန်းအစား လေယာဉ်တင်သင်္ဘောများ၏ ထိရောက်မှုကိုတားဆီးနိုင်သော်လည်းပဲ အမေရိကန်က အဲ့ဒီ့သင်္ဘောများအတွက် အသုံးပြု နိုင်မှုများကို ရှာဖွေနေဆဲဖြစ်တယ်။

လေယာဉ်တင် သင်္ဘောများ ခေတ်ကုန်လာရတဲ့ အကြောင်းအရင်းကို အဓိပ္ပါယ်ဖော်ဆောင်ခြင်း

ကျွန်တော်တို့ဟာ ခေတ်ကုန်လာပြီဆိုတာနဲ့ ပတ်သတ်တဲ့ ကျွန်တော်တို့ ထင်မြင်ချက်တွေကို သေသေချာချာ‌ ဖော်ပြဖို့ လိုအပ်ပါတယ်။

စစ်ဘက်ဆိုင်ရာ လေ့လာသူများဟာ မကြာခဏဆိုသလိုဘဲ ခေတ်နောက်ကျလာတာကို အသုံးမဝင်တော့မှုနှင့် တန်းတူထား နှိုင်းယှဉ် လေ့ရှိပါတယ်။ အထူးသဖြင့် အသုံးအဆောင် gadget အသစ်များအတွက် ဒေါ်လာငွေတွေ လိုက်ရှာနေပေမယ့် ဒီစကားလုံး ၂ လုံးဟာ တူတယ်လို့ မဆိုလိုပါဘူး။

စစ်ပွဲတိုင်းတွင် ကြည်းတပ်များ၊ ရေတပ်များနှင့် လေတပ်များဟာ အိုဟောင်းပြီး ရှေးခေတ်က ထုတ်လုပ်ခဲ့သည့် ပစ္စည်းများဖြင့်ပင် တိုက်ပွဲဝင်ခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်အတွက် တည်ဆောက်ခဲ့သော A-26 Invader တိုက်ခိုက်ရေးလေယာဉ်‌တွေဟာ ဗီယက်နမ်စစ်ပွဲမှာ တာဝန် ထမ်းဆောင်ခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်အဆုံးတွင် ခေတ်မမှီတော့ဟု ကြေညာခဲ့သည့် USS New Jersey ဟာ ကိုရီးယား၊ ဗီယက်နမ်နှင့် လက်ဘနွန် စစ်ပွဲတို့မှာ ပါ ဝင် တိုက်ခိုက်ခဲ့ပါတယ်။

လူအများက မပျံသန်းခင်မှာပဲ ခေတ်နောက်ကျနေပြီ လို့ ယူဆတဲ့ A-10 (Warthog) ပစ်ကူလေယာဉ်ဟာ အမေရိကန်စစ်ပွဲများတွင် ဆက် လက်တိုက်ပွဲဝင်နေပါတယ်။

အမေရိကန် ပြည်ထောင်စုထက် ကြွယ်ဝမှုနည်းသော နိုင်ငံများအတွက် ဤအချက်မှာ ပို၍ ပင်ပြင်းထန်လာပါတယ်။


လက်ရှိမှာ တိုက်ပွဲဖြစ်ပွားလေ့ရှိသော ဆီးရီးယားနဲ့ လစ်ဗျားတွင် စစ်တပ်အားလုံးက လွန်ခဲ့သောဆယ်စုနှစ်‌ကတည်းက အမေရိကန်က ခေတ်မမှီတော့ဟု ယူဆထား‌သော ပစ္စည်းများကို အသုံးပြုနေတာပါ။

ပြောချင်တဲ့ အချက်ကတော့ CVN-78 အတန်းအစားသင်္ဘောတွေဟာ အဆင့်မြင့် A2/AD စနစ်များကို မထိုးဖောက်နိုင်ရင်‌တောင်မှ ၎င်းတို့ကို အခြားအသုံးဝင်သောရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသေးတယ်။

အမှန်စင်စစ်လည်း ၁၉၄၅ ခုနှစ် ကတည်းက အမေရိကန် လေယာဉ်တင်သင်္ဘောတွေဟာ လွတ်လပ်တဲ့ ပတ်ဝန်းကျင်တွင် တိုက်ခိုက်မှုများ ပြု လုပ်ခြင်း၊ အမျိုးသား စွမ်းအား နှင့်ကတိကဝတ်များပြခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အပါအ၀င် ထိုကဲ့သို့ အခြား စစ်ဆင် ရေး များတွင် ဆက်လက် ရှိနေခဲ့ပါတယ်။

စစ်ဆင်ရေး တစ်မျိုးအတွက် “ခေတ်နောက်ကျတယ်” ဆိုတာဟာ ပင်လယ်ရေကြောင်း စစ်ဆင်ရေးများ တစ်လျှောက်တွင် အသုံးမ၀င်ဟု ဆိုလိုတာ မဟုတ်ပါဘူး။

လေယာဉ်တင် သင်္ဘော နှင့် A2/AD နှိုင်းယှဉ်မှု

ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်မှစ၍ လေယာဉ်တင်သင်္ဘေများရဲ့ သက်တမ်းကုန်ဆုံးမှုကို လူများက ခန့်မှန်းခဲ့ကြပါတယ်။

ဆိုဗီယက်တို့ဟာ အမေရိကန် လေယာဉ်တင်သင်္ဘောများကို တိုက်ခိုက်ရန်ဒီဇိုင်းထုတ်ထားသော ရေငုပ်သင်္ဘောများ၊ အာရုံခံကိရိယာများနှင့် လေယာဉ်များကိုအသေးစိတ်တီထွင်ခဲ့ပါတယ်။

အမေရိကန်ဟာလည်း F-14 Tomcat အပါအဝင် ဆိုဗီယက်စနစ်များကို အနိုင်ယူရန်နှင့် အာရုံထွေပြားစေရန် ရည်ရွယ်၍ တန်ပြန် စီမံမှုများ ပြုလုပ်ခဲ့ပါတယ်။

စစ်ပွဲများ မဖြစ်ပွားခဲ့လို့ Tu-22M (Backfire) ဗုံးကြဲလေယာဉ်များအား လေယာဉ်တင် သင်္ဘောအခြေပြု လေယာဉ်များ၏ စွမ်းရည်ဖြင့် တန်ပြန် စမ်းသပ်ရန် အခွင့်အလမ်း မရရှိခဲ့ပါဘူး။

ဆိုဗီယက်နဲ့ အမေရိကန်တို့ဟာ တနိုင်ငံနှင့် တနိုင်ငံ ပိုမိုဆန်းသစ်သော အဖြေတစ်ခုစီနဲ့ ဆန်းသစ်တီထွင်မှု တစ်ခုစီကို တန်ပြန် တိုက်ခိုက်ခဲ့ပါတယ်။

ထပ်ဆင့် တန်ပြန် တိုက်ခိုက်မှုများက မတူညီသော အင်အားနဲ့ အားနည်းချက်အုပ်စုကို ဖြစ်ပေါ်စေပါတယ်။

အရှိန်ဖြင့် ကွေ့ကာ စမ်းသပ်မှု ပြုလုပ်နေစဉ်


ဗုံးကြဲလေယာဉ်များက အချို့နေရာများတွင် အသာစီးရခဲ့ပြီး ကျန်နေရာများမှာတော့ လေယာဉ်တင် သင်္ဘောများက အသာစီးရခဲ့ပါတယ်။

မျိုးဆက်သစ် A2/AD စွမ်းဆောင်ရည်များမှာလည်း အလားတူ တသတ်မတ်ထဲ မဟုတ်သည့် အချက်တော့ ရှိပါလိမ့်မယ်။ (အားသာချက်၊ အားနည်းချက်)

တရုတ်ဒုံးကျည်များသည် အမေရိကန် လေယာဉ်တင် သင်္ဘောများကို ရှာဖွေရန် ရောက်ရှိနိုင်နှုန်းနဲ့ ထိန်းချုပ်နိုင်တဲ့ အကွာအဝေးရှိသော်လည်း ဒုံးကျည်ကာကွယ်ရေးနှင့် အီလက်ထရောနစ် တန်ပြန်လုပ်ဆောင်မှုများကြောင့် အသုံးမဝင်နိုင်တော့ ပါဘူး။

အလားတူစွာပဲ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး နည်းပညာ တိုးတက်မှုများသည် လေယာဉ်တင်သင်္ဘောများ ပင်လယ်ပြင် အောက် ခြိမ်း ခြောက်မှုများကို အတွက် အားနည်းချက်ကို ကန့်သတ်နိုင် သို့မဟုတ် ဖယ်ရှားပစ်နိုင်ပါတယ်။

ခေတ်နောက်ကျနေပြီဆိုတဲ့ လေယာဉ်တင်သင်္ဘောများဟာ ဤအတိုင်းတော့ နေမှာမဟုတ်ပါဘူး။

ပြောင်းလွယ်ပြင်လွယ်နိုင်ခြင်း

ကြီးမားပြီး လေယာဉ်တင်ဆောင်နိုင်တဲ့ လေယာဉ်တင်သင်္ဘောများ၏ ဘက်စုံအသုံးပြုနိုင်မှုဟာ ၎င်းတင်ဆောင်နိုင်ပြီး လွှတ်တင်နိုင်တဲ့ လေယာဉ်အမျိုးအစားများပေါ်မှာ အဓိကကျပါတယ်။

လေယာဉ်တင်သင်္ဘောများဟာ အယူအဆအရ သေးငယ်တဲ့ အနေအထားမှာ မရှိလို့ A2/AD စနစ်များဖြင့် တင်းကျပ်စွာ ခုခံထားသည့် နေရာကို ထိုးဖောက်သည်ထက် အခြား အလုပ်များကို လုပ်ဆောင်တာဟာ ပိုပြီး ကောင်းမွန်မှာ ဖြစ်ပါတယ်။

အမှန်တော့ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အမေရိကန်လေယာဉ်တင် သင်္ဘောများဟာ ဒီလိုစနစ်များကို တိုက်ရိုက် စိန်ခေါ်ဖို့ ဘယ်တုန်းကမှ မလိုအပ်ခဲ့ပါဘူး။

(အထက်တွင်ဖော်ပြခဲ့တဲ့အတိုင်း) လေယာဉ်တင်သင်္ဘောများဟာ အခြား အခြေအနေ အမျိုးမျိုးတွင် သူတို့၏ အလုပ်ကို သူတို့ ရှာဖွေ တွေ့ရှိပြီး ဖြစ်ပါတယ်။

အမေရိကန် ရေတပ်ဟာ လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ် အတွင်း ရန်သူ့လေပိုင်နက်ကို လွတ်လွတ်လပ်လပ် ဝင်ရောက်နိုင်တဲ့ အားသာချက်ကိုရရှိခဲ့ပြီး ၎င်း၏ လေတပ် အုပ်စုများကိုလည်း စနစ်တကျ တည်ဆောက်ခဲ့ပါတယ်။

လေယာဉ်တင် သင်္ဘောများကို anti-access လက်နက်များဖြင့် ပင်လယ်ပြင်မှ မောင်းထုတ်နိုင်လျှင်တောင် အမေရိကန်ဟာ အခြားနိုင်ငံများကို လိုက်မမှီနိုင်စေမယ့် ခြိမ်းခြောက်မှုပုံစံအသစ်များ၊ ပဥ္စမမျိုးဆက်နှင့် ဆဌမ မျိုးဆက် ရေဒါပျောက်

တိုက်လေယာည်များ အပြင် တာဝေး လေယာဉ်တင်သင်္ဘောအခြေပြု တိုက်ခိုက်ရေးဇုံ များဖြင့် CVN-78 Fords အတန်းအစား လေယာဉ်တင် သင်္ဘောများ၏ အသုံးဝင်မှုကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံး ပစ်ချက်

ကမ္ဘာကို အနိုင်ယူနိုင်မယ့် များပြားတဲ့လက်နက်များဟာ လျှင်မြန်စွာနဲ့ပဲ ခေတ်နောက်ကျလာကြပြီ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာ့စစ်တုန်းက မြန်ဆန်တဲ့ တိုက်ပွဲဝင် စစ်သင်္ဘောကြီးများဟာ တပ်တော်ဝင်ပြီး ဆယ်စုနှစ်အကြာမှာပဲ အရံတပ်သို့ ရောက်ရှိသွားခဲ့ပါတယ်။

အစောပိုင်းကာလ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များဟာလည်း တခါတရံမှာ တိုတောင်းတဲ့ အသုံးပြု သက်တမ်းရှိခဲ့ ကြပါတယ်။ လေယာဉ်တင်သင်္ဘောများကတော့ ကျယ်ကျယ်ပြန့်ပြန် ပုံစံအမျိုးမျိုးဖြင့် ကောင်းမွန်စွာ ရေရှည် တာဝန်ထမ်းဆောင်နိုင် ကြပါတယ်။

၎င်းတို့ဟာ လွတ်မြောက်နိုင်စွမ်း ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ လေယာဉ်များ၏ ၎င်းတို့ဆီ ရောက်ရှိနိုင်တဲ့ အကွာအဝေးဟာ တို တောင်းပြီး မြေပြင်မှ လေယာဉ်ကွင်းများဟာ စစ်ရေးနှင့် နိုင်ငံရေးအရ အားနည်းချက်တွေ သိသိသာသာ ရှိပါတယ်။

ဒီ နှစ်ချက်ကတော့ ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 1

Content Protection by DMCA.com

Leave a Reply

Your email address will not be published.