စိန်တွေ မီးလောင်နိုင်သလား

Knowledge Nature

စိန်တွေဟာ ထာဝရတည်ရှိနိုင်တယ် ဟူသည့် ဆောင်ပုဒ်ဖြင့် နာမည်ကြီးပါတယ်။ သို့သော်လည်း အပူနှင့် အောက်ဆီဂျင် လုံ လောက်စွာ အသုံးချနိုင်မယ်ဆိုရင် စိန်တစ်လုံးဟာ မီးခိုးတွေ ကြားထဲမှာ လောင်ကျွမ်းနိုင်ပါတယ်။

စိန်တွေဟာဆိုရင် ကျောက်မီးသွေးကဲ့သို့ ကာဗွန်ပဲဖြစ်ပါတယ်။

၎င်းတို့ကို ကျောက်မီးသွေးထက် လောင်ကျွမ်းစေဖို့ အပူချိန်ပို၍ လိုအပ်သော်လည်း YouTube သရုပ်ပြမှု အများအပြားတွင် သက်သေပြထားသည့်အတိုင်းဆိုရင် စိန်တွေဟာ လောင်ကျွမ်းစေနိုင်ပါတာ သေချာပါတယ်။

အဓိကအချက်က မီးလောင်ကျွမ်းဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင်နှင့် စိန်အစိုင်အခဲများကို တုံ့ပြန်နိုင်စေဖို့ မှန်ကန်တဲ့ အခြေအနေများကို ဖန်တီးပေးဖို့ပဲ ဖြစ်ပါတယ်။

အဆိုပါ စိန်အစိုင်အခဲ [ကာဗွန်] ကို ပြောင်းလဲတဲ့နေရာမှာ မီးတောက် တစ်ခု ဖြစ်လာအောင် လေနဲ့ တုံ့ပြန်ရမှာ ဖြစ်တယ် ဟု အငြိမ်းစား ဓာတုဗေဒပညာရှင်နှင့် အမေရိကန် ဓာတုဗေဒ အဖွဲ့အစည်းမှ အဖွဲ့ဝင် Rick Sachleben က ဆိုပါတယ်။

အကောင်းဆုံး နည်းလမ်းက အပူချိန် အများအပြားကို အသုံးပြုတာ ဖြစ်ပြီး စိန်တွေဟာ အပူချိန် 1,652 ဒီဂရီ ဖာရင်ဟိုက် (900°C) ဝန်းကျင်တွင် လောင်ကျွမ်းနိုင်ကြောင်း West Texas A&M တက္ကသိုလ်မှ ရူပဗေဒပညာရှင် Christopher Baird က ဆိုပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မတည်ငြိမ်တဲ့ကျောက်မီးသွေး (အတော်လေး မြင့်မားသော ဓာတ်ငွေ့များပါရှိတဲ့ ကျောက်မီးသွေး) ဟာ အခန်းအပူချိန် 1,233 F (667°C) ခန့်မှာ လောင်ကျွမ်းနိုင်ပြီး အမျိုးအစားပေါ် မူတည်၍ 572 F (300°C) သို့မဟုတ် ထိုထက်နည်းတဲ့ အပူချိန်မှာတော့ သစ်သားတွေက လောင်ကျွမ်းပါတယ်။

ပထမ အပူပေးတဲ့ အခါမှာ စိန်တွေဟာ အနီရောင် တောက်ပြီးနောက် အဖြူရောင်ဖြစ်လာပါတယ်။

အပူဟာ စိန်ရဲ့ မျက်နှာပြင်နှင့် လေကြားမှာ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ကာဗွန်ကို အရောင်မဲ့နှင့် အနံ့မရှိသော ဓာတ်ငွေ့ဖြစ်တဲ့ ကာဗွန်မိုနောက်ဆိုဒ် (ကာဗွန်အက်တမ်နှင့် အောက်ဆီဂျင်အက်တမ်) အဖြစ် ပြောင်းလဲပေးပါတယ်။

ကာဗွန်နဲ့ အောက်စီဂျင်ဟာ အပူထုတ်ပေးတာကြောင့် အောက်စီဂျင်နဲ့ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ပူခြင်းက အပူကို ပိုမို ထုတ် ပေးပါတယ်။

အပူရှိန်တက်လာတာကြောင့် ကာဗွန်မိုနောက်ဆိုဒ်ကို ဝေးကွာစေပြီး အောက်စီဂျင်ကို ပိုမိုရရှိစေကြောင့် စိန်ရဲ့မျက်နှာပြင်ကို လောင်ကျွမ်းစေတာပဲ ဖြစ်ပါတယ်။

စိန်ရဲ့မျက်နှာပြင်ပေါ်ရှိ မီးတောက်တစ်ခုကို ဖန်တီးတဲ့နေရာမှာ အောက်စီဂျင် အပိုထပ်ဆောင်း လိုအပ်ပါတယ်။

ဒါမှသာ လောင်ကျွမ်းနေတဲ့ မီးတောက်က ဆက်လက် တောက်လောင် နေမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အခန်း လေထုမှာ အောက်ဆီဂျင်၂၂ ရာခိုင်နှုန်းသာ ရှိပါတယ်။

စိန်မှ တက်လာတဲ့ ကာဗွန်မိုနောက်ဆိုဒ်က အောက်ဆီဂျင် ပါဝင်လာမှုတွင် လောင်ကျွမ်းသွားပြီး ကျောက်ရဲ့မျက်နှာပြင်ပေါ်မှာ ကခုန်နေသလို မီးကို ဖန်တီး ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

“စိန်ရဲ့ အစိတ်အပိုင်း အားလုံး နီးပါးဟာ သန့်စင်တဲ့ အောက်ဆီဂျင်နဲ့ ဆိုရင် မယုံနိုင်လောက်အောင် လောင်ကျွမ်းနိုင်တယ်” လို့ Sachleben က ဆိုပါတယ်။

သန့်စင်တဲ့ အောက်ဆီဂျင် မရှိသည့်တိုင်အောင် စိန်တွေရဲ့ အပေါ်ယံ မျက်နှာပြင်က မီးတောက်ကြောင့် ပျက်စီး သွားနိုင်တယ်လို့ Gemological Institute of America (GIA) ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပုံမှန်အားဖြင့် အိမ်မီးလောင်မှုအတွင်းမှာဆိုရင် စိန်တွေရဲ့အပေါ်ယံမျက်နှာပြင်က လောင်ကျွမ်းသွားစေနိုင်ပါတယ်။

မီးလောင်ထားတဲ့ အစိတ်အပိုင်းများကို ဖြတ်တောက်လိုက်မယ် ဆိုရင် ပိုမို သေးငယ်သွားပေမည့် တစ်ဖန် ကြည်လင် ပြတ် သားတဲ့ ကျောက်မျက်ကို ပြန်လည်ရရှိစေတယ်ဟု GIAရဲ့အစီရင်ခံစာအရ သိရပါတယ်။

သန့်စင်တဲ့ ကာဗွန်စိန်တစ်လုံးဟာဆိုရင် သီအိုရီအရ အကြာကြီး လောင်ကျွမ်းပါက လုံး၀ ကွယ်ပျောက်သွားနိုင်ပါတယ်။

သို့သော် စိန်အများစုမှာ နိုက်ထရိုဂျင်ကဲ့သို့ မသန့်စင်တဲ့ အရာအချို့ အနည်းဆုံးပါရှိပါတယ်။ ဒါ့ကြောင့် တုံ့ပြန်မှုအနေနဲ့ အလုံးစုံ လျင်မြန်စွာ လောင်ကျွမ်းမှု မ​ဖြစ်စေတာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.