ပါဝါနှင့် အလိုအလျောက်စနစ်ကဏ္ဍတွေမှာ ကျော်ကြားတဲ့ ဆွစ်ဇာလန်နိုင်ငံစုံကုမ္ပဏီ ABB ဟာဆိုရင် တစ်ကြိမ်လျှင် လေးစီးအထိ ပါဝါပေးနိုင်တဲ့ လျှပ်စစ်ကားအားသွင်းကိရိယာ Terra 360 ကို တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုအနေဖြင့် ABB ဟာ 2010 ခုနှစ်ကတည်းက လျှပ်စစ်ကားများအတွက် အားသွင်းခြင်းနှင့် လျှပ် စစ်ဓာတ်အားဖြည့်ခြင်းဆိုင်ရာ အခြေခံအဆောက်အအုံများကို ကမ်းလှမ်းခဲ့ပြီး Ionity၊ Electrify America နှင့် Chargedot ကဲ့သို့သော နိုင်ငံတကာ အားသွင်းအော်ပရေတာများနှင့် အလုပ်လုပ်ပါတယ်။
ကုမ္ပဏီဟာ စျေးကွက် ၈၈ ခုတွင် AC အားသွင်းကြိုး ၄၄၀,၀၀၀ ကျော်နှင့် DC အားသွင်းကြိုး ၂၁,၀၀၀ ကျော် ရောင်းချ ထားပြီး ဖြစ် ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

“ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ ဦးစားပေး အနေဖြင့်လျှပ်စစ်ကားတွေ နှင့် အားသွင်း ကွန်ရက်တွေကို နှစ်သက်တဲ့ ကမ္ဘာ တစ်ဝှမ်းရှိ အစိုးရများနှင့်အတူ လျှင်မြန် အဆင်ပြေတဲ့ EV အားသွင်းစနစ်အတွက် လိုအပ်ချက်ဟာ ယခင်ကထက် ပိုမိုမြင့်မားလာတယ်” ဟု ABB ရဲ့ E-mobility ဌာနခွဲ ဥက္ကဌ Frank Muehlon က ပြောကြားခဲ့ပါတယ်။
Terra 360 အားသွင်းကိရိယာကို စတင်မိတ်ဆက်ခြင်းဖြင့် ABB ဟာ ၎င်းရဲ့ လျှပ်စစ်ယာဉ် အားသွင်းခြင်း လုပ်ငန်း တန်ဖိုး ဒေါ်လာ ၃ ဘီလီယံကို လျော့ချထားတယ်ဟု ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Terra 360 ဟာ မော်ဂျူလာ အားသွင်းကိရိယာဖြစ်ပြီး လျင်မြန်တဲ့ ပါဝါဖြန့်ဖြူးမှု စနစ်ဖြင့် အလုပ်လုပ်ပါတယ်။
ဓာတ်ဆီဆိုင်နှင့်တူတဲ့ ဒီဇိုင်းနှင့် 62 မိုင် (100 ကီလိုမီတာ) အကွာအဝေးအတွက် သုံးမိနစ်သာ အားသွင်းချိန်လိုပါတယ်။
လျှပ်စစ်အားသွင်းခြင်းဟာ အချိန်ကုန်စေတယ် ဟု သုံးစွဲသူများကို မတွေးစေချင်ပါဘူး။

Terra 360 ရဲ့လျင်မြန်တဲ့ အားသွင်းမှုကြောင့် အသုံးပြုသည့်အချိန်ဟာ ကျွန်ုပ်တို့ကားထဲတွင် ဂတ်စ်ဖြည့်ပေးမည့်အချိန်နှင့် အတူတူပဲ ဖြစ်ပါတယ်။
နောက်ပြီး အားသွင်းတဲ့ လုပ်ငန်းစဉ်က ရှုပ်ထွေးမှုမရှိပါဘူး။ ABB က အားသွင်းခြင်းလုပ်ငန်းစဉ်တစ်လျှောက် လမ်းညွှန်ပေးမည့် ဆန်းသစ်တဲ့အလင်းစနစ်ကို အသုံးပြုထားပြီး ကျန်အချိန်နှင့် ဘက်ထရီရဲ့ အခြေအနေ (SoC) ကို အသုံးပြုသူအား ပြသပေးမှာ ဖြစ်ပါတယ်။
ကေဘယ်လ်စီမံခန့်ခွဲမှုဟာ အံဝင်ခွင်ကျဖြစ်ပြီး ဘီးတပ် ကုလားထိုင်ဖြင့်ပင် အသုံးပြုနိုင်တယ်ဟု ကုမ္ပဏီက ဆိုပါတယ်။
ABB ဟာ တစ်ဦးချင်းစီအတွက် အားသွင်းကိရိယာများ ထောက်ပံ့ပေးဖို့ ကြိုးပမ်းနေခြင်းမဟုတ်သော်လည်း လောင်စာဆီဆိုင်များ၊ လက်လီရောင်းချသည့်နေရာများ၊ စတိုးဆိုင်များနှင့် အကြီးစား အားသွင်းလုပ်ငန်း အခြေခံအဆောက်အအုံများအထိ ဖြန့်ကျက်ပေးဖို့ ဆန္ဒရှိနေပါတယ်။
ABB ဟာ EV ယာဉ်အမြောက်အမြားပိုင်ဆိုင်တဲ့ အဖွဲ့အစည်းများသို့ ဝင်ရောက်နိုင်ဖို့ ရည်မှန်းထားပြီး ၎င်းတို့ရဲ့ လျှင်မြန်တဲ့ အားသွင်းချိန်ကို အခြေခံအဆောက်အဦး လိုအပ်ချက်တွေအတွက် ထည့်သွင်းစဉ်းစားကာ ပြောင်းလဲအသုံးပြုနိုင်ဖို့ကတော့ မသေချာသေးပါဘူး။

ကားအားသွင်းချိန်ကို စောင့်ဆိုင်းရန်မလိုဘဲ တစ်ကြိမ်လျှင် ယာဉ်လေးစီးအား အားသွင်းနိုင်မှုဟာ လျှပ်စစ်ကားပိုင်ရှင်တွေအတွက် လိုက်လျောညီထွေဖြစ်အောင် ပံ့ပိုးပေးပါတယ်။
ABB က ၎င်းရဲ့ အားသွင်းကိရိယာဟာ EV ဘက်ထရီကို အများဆုံး 15 မိနစ်အတွင်း အပြည့်အဝ အားသွင်းနိုင်ပြီး “တစ်ကမ္ဘာလုံးတွင် e-mobility လက်ခံမှုကို အရှိန်မြှင့်ပေးလိမ့်မည်” ဟု အခိုင်အမာဆိုထားပါတယ်။
Terra 360 ကို ယခုနှစ်နှောင်းပိုင်းတွင် ဥရောပမှာ စတင်ရောင်းချမှာဖြစ်ပြီး အမေရိကန်၊ လက်တင်အမေရိကနှင့် အာရှ-ပစိဖိတ်ဒေသများတွင် ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။