သုတေသန တခုတွင် မျက်လုံးကို အသုံးမပြုဘဲ မြင်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည့် အကြောင်း

Innovation Tech

စပိန်နိုင်ငံမှ သိပ္ပံပညာရှင်များဟာ မျက်စိ အလင်းမရတော့သည့် သူတဦး၏ ဦးနှောက်၏ အမြင်အာရုံဆိုင်ရာ အလွှာကို တိုက်ရိုက် လှုံ့ဆော်ပေးခြင်းဖြင့် ပြန်လည် မြင်လာစေရန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

စနစ်ဟာ မျက်မှန် ၁ စုံ တွင် တပ်ဆင်ထားသည့် “အမြင်လွှာ အတု” ကို အသုံးပြုကာ အလင်းကို တိုက်ရိုက်ရစေအောင် ဖန်တီးထားခဲ့တယ်လို့ New Atlas သတင်းအရ သိရပါတယ်။

အလုပ် လုပ်ပုံမှာ အလင်းအား လျှပ်စစ် အချက်ပြမှု အဖြစ် လုပ်ဆောင်စေပြီး သုံးစွဲသူ၏ ဦးနှောက် အတွင်းတွင် ထည့်သွင်း ထားသည့် micro-electrodes များဆီသို့ ပေးပို့ကာ မျက်မှန်မှ ရရှိထားတဲ့ အလင်းများကို မြင်စေတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုတွင် သိပ္ပံပညာရှင်များဟာ ၁၆ နှစ် လုံးလုံး မျက်စိ အလင်းမရခဲ့သည့် အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတဦးကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

စမ်းသပ်မှုအတွင်းမှာ သူမဟာ အမြင်လွှာ အတုမှ တွေ့ရှိသည့် ပုံသဏ္ဍာန်နှင့် အလင်းနောက်ခံ ပုံရိပ်မဲများကို မြင်တွေ့ခဲ့ရပြီး အံ့ဩစရာ ကောင်းလောက်အောင် ၁၉၆၆ ခုနှစ်က ပြသခဲ့တဲ့ Star Trek ဇာတ်ကားထဲမှ မျက်လုံး ပုံစံမျိုး ရရှိစေပါတယ်။

“ကျွန်တော်တို့ဟာ အမြင်အာရုံ ချို့တဲ့သည့် အာရုံကြောများမှ အရည်အသွေးမြင့်တဲ့ မှတ်တမ်းများကို တသမတ်ထဲ ရရှိခဲ့ပြီး လှုံ့ဆော်မှု ဆိုင်ရာ အကန့်အသတ်များဟာ အချိန်ကြာလာသည်တိုင် တည်ငြိမ်နေဆဲ ဖြစ်တယ်” လို့ The Journal of Clinical Investigation တွင် ဖော်ပြခဲ့သည့် စာတမ်းတွင် ပါရှိပါတယ်။

စာတမ်း ပြုစုသူ အဆိုအရ စမ်းသပ်ခံရသည့်သူမှာ အချို့ စာလုံးများကို ခွဲခြား နိုင်သည့်အပြင် အရာဝတ္တုများ၏ အရွယ်အစား ကိုတောင် သိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အချို့သောသူများဟာ ၎င်းတို့၏ ဦးနှောက်အတွင်းတွင် electrodes လျှပ်ကူးပစ္စည်းများ ထည့်သွင်းခြင်းနှင့်ဆိုင်သည့် စိတ်ကူးကို စိုးရိမ်ကြပေမယ့် လေ့လာမှု၏ နောက်ကွယ်မှ အဖွဲ့အနေဖြင့် အမြင်လွှာတုစနစ် ဟာ ဦးနှောက် အမြင်အာရုံလွှာတဝိုက်ကို မထိခိုက်နိုင်သည့်အပြင် မလိုလားအပ်တဲ့ အာရုံကြောများကိုလဲ လှုံ့ဆော်မှု မဖြစ်စေဘူး ဆိုတာ တွေ့ရှိပြီးသား ဖြစ်ပါတယ်။

Photo: Courtesy Of Cbr

သုတေသီများက ဒီ စနစ်ဟာ အန္တရာယ် ကင်းပြီး ဦးနှောက်တွင် တပ်ဆင်ရခြင်းအတွက် အနှောင့်အယှက် တစုံတရာ မရှိဘူးလို့ အကြံပြုထားပါတယ်။

ဒီစနစ်တွင် အခြား အာရုံကြောဆိုင်ရာ ထည့်သွင်းသည့် array များနှင့် နှိုင်းယှဉ်ပါက လျှပ်စစ် လုပ်ဆောင်မှု အဆင့် အတော်လေး နည်းပါးဖို့လည်း လိုအပ်ပါတယ်။

အဖွဲ့ဟာ အမျိုးသမီး၏ ဦးနှောက်တွင် တပ်ဆင်ထားသည့် စနစ်ကို အသုံးပြုပြီး ၆ လ အကြာမှာတော့ ပြန်လည် ဖယ်ရှားခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဒီ နည်းပညာကို ပိုမို ကြီးမားတဲ့ အတိုင်းအတာ တခုအထိ မဖြန့်ချီမီ အချိန်မှာ သုတေသန အလုပ်တွေ ပိုမို လုပ်ဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

အစောပိုင်း လုပ်ဆောင်မှုများကတော့ အောင်မြင်နိုင်ဖို့အတွင် မျှော်လင့်ချက် ရောင်ခြည်များ ရှိနေပါပြီ။

အာရုံကြော အစားထိုးခြင်းနှင့် ဗီဇ ပြုပြင်ခြင်း နည်းပညာ အကြားတွင် အချို့သော မျက်စိ အလင်းမရသူများထဲကမှ နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုနိုင်မည့် သူများဟာ မကြာခင်မှာ ကောင်းစွာ ပျောက်ကင်းနိုင်ဖွယ် ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.