မြွေများ၏ အကြားအာရုံအကြောင်း တစေ့တစောင်း

Knowledge Nature

မြွေများဟာ ၎င်းတို့၏ ချော့မွေ့လှတဲ့ ခန္ဓာကိုယ်၊ လှုပ်ရှားနေသည့် လျှာနှင့် သားကောင်များကို တကောင်လုံး မြိုလေ့ရှိသည့် တမူထူးခြားသည့် သက်ရှိများ ဖြစ်ပါတယ်။

၎င်းတို့ဟာ သားကောင်ကို ရှာဖွေဖို့ အဓိကအားဖြင့် အနံ့ခံခြင်းကို အသုံးပြုပြီး အမြင်အာရုံနှင့် အကြားအာရုံကိုလည်း အ သုံးပြုပါတယ်။

မြွေတွေဟာ Jacobson လို့ခေါ်တဲ့ ပါးစပ်အထက်ရှိ အရာကို အသုံးပြုပြီး အနံ့ခံကြတာ ဖြစ်ပါတယ်။

ထိုကဲ့သို့ အနံ့ခံဖို့ ၎င်းတို့၏ လျှာကို ထုတ်ကာ ပတ်ဝန်းကျင်မှ ဓာတုအချက်အလက်များကို ရယူပြီး ဦးနှောက်မှ အဆိုပါ ဓာတုအချက်အလက်များကို သိရှိစေရန် အဲဒီ့ Jacobson နေရာသို့ လျှာဖြင့်ထိလိုက်တာ ဖြစ်ပါတယ်။

Image: Courtesy of Fred the Oyster/Wiki Commons BY CC 4.0 International3.0 Unported2.5 Generic2.0 Generic and 1.0 Generic license

မြွေတွေဟာ အမြင်အာရုံ သိပ်မကောင်းသည့် အတွက် သေချာ ရှင်းရှင်း လင်းလင်း မမြင်ရပေမယ့် အပြာနှင့် အစိမ်း အ ရောင် နှစ်ရောင်ကို မြင်နိုင်ပြီး အလင်းရောင် နည်းနေချိန်မှာလည်း မြင်နိုင်ပါတယ်။

ဒါဆို မြွေတွေမှာ နားရှိသလား

ဒါဆိုရင် မြွေတွေမှာ နားရှိလို့လားဆိုရင် မရှိဘူလို့ ပြောလို့ ရသလို ရှိတယ်လို့လည်း ပြောလို့ရပါတယ်။

မြွေတွေဟာ အခြား တွားသွား သတ္တဝါတော်တော် များများလို ပြင်ပ နား တည်ဆောက်မှုမျိုး မရှိပါဘူး။

သို့ပေမဲ့ ၎င်းတို့၏ ဦးခေါင်းအတွင်းမှာ နားရိုးများ ရှိပြီးတော့ အဲဒါကို အသုံးပြုပြီး ကြားနိုင်စွမ်းတော့ ရှိပါတယ်။

ပုံမှန်အားဖြင့် လူနှင့် တိရစ္ဆာန်များ၏ နားဟာ အဓိကအားဖြင့် အပိုင်း ၃ ပိုင်းဖြင့် တည်ဆောက် ထားပြီး ပြင်ပ နားအပိုင်းဟာ နားစည် မှတဆင့် အသံတွေကို ဖမ်းယူတာပါ။

နားအလယ်ပိုင်းမှာတော့ အရိုးသုံးရိုး ရှိပြီးတော့ နားစည်မှ လာသည့် အသံများကို အတွင်း နားသို့ တုန်ခါမှုမှ တဆင့် ပေးပို့ ပေးပါတယ်။

အဲဒီ့နောက် အတွင်းနားမှ တုန်ခါမှုများကို အာရုံကြော လှိုင်းများအဖြစ် ပြောင်းလဲလိုက်ပြီး ဦးနှောက်ဆီသို့ သတင်းပေးပို့ပေးပါတယ်။

snake demo

မြွေများမှာတော့ ပြင်ပ နှင့် အလယ်နားပိုင်းတို့ မပါဝင်ဘူးလို့ ၂၀၁၂ ခုနှစ်က Experimental Biology ဂျာနယ်တွင် ဖော် ပြ ခဲ့သည့် လေ့လာမှု တခုအရ သိရှိခဲ့ရပါတယ်။

ဒါပေမယ့် ၎င်းတို့မှာ အတွင်းနားနှင့် မေးရိုးကို ချိတ်ဆက်ထားသည့် နားအလယ်ပိုင်း အရိုးတခုတော့ ပိုင်ဆိုင်ထားပါတယ်။

ဒီအရိုးကြောင့် မြွေများဟာ သားကောင် သွားလာမှုမှ ထွက်လာတဲ့ တုန်ခါမှုများကို ကြားနိုင်ပါတယ်။

အားနည်းချက်ကတော့ လေထဲမှ တဆင့် ထွက်ပေါ်လာတဲ့ အသံတွေကို ကြားနိုင်စွမ်း မရှိပါဘူး။

အကြောင်းကတော့ ၎င်းတို့ကြားနိုင်တဲ့ အသံများဟာ အလွန်ကျဉ်းမြောင်းတဲ့ ကြိမ်နှုန်းအတွင်းသာ ရှိပြီး ကြိမ်နှုန်း အနိမ့်များကိုသာ ကြားနိုင်ပါတယ်။

snake demo

ကြိမ်နှုန်းမြင့် အသံများကတော့ လေထဲမှ တဆင့် ရောက်ရှိလာတတ်တာ ဖြစ်လို့ ၎င်းတို့အနေဖြင့် မကြားနိုင်ပါဘူး။

လူတွေရဲ့ ကြားနိုင်စွမ်းဟာ ကြိမ်နှုန်း 20 Hz မှ 20K Hz အထိ ရှိတယ်လို့ Neuroscience စာအုပ် (Sinauer Associates, Inc. 2001) တွင် ဖော်ပြထားချက်အရ သိရပါတယ်။

၂၀၁၂ ခုနှစ်က သုတေသန တခုမှ စပါးအုံး မြွေတကောင်ဟာ ကြိမ်နှုန်း 80 Hz မှ 160 Hz အတွင်းသာ ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

18/3/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *