အရာဝတ္တုတွေ၊ ရုပ်ကြွင်းတွေရဲ့ သက်တမ်းကို သိပ္ပံပညာရှင်တွေ တွက်ချက်ပုံ

Article Science

အရာဝတ္ထုတစ်ခုရဲ့ သက်တမ်းကို အတိအကျသိရှိခြင်း ဒါမှမဟုတ် ခွဲခြားသတ်မှတ်နိုင်ခြင်းဟာ ရှေး​​ခေတ်လူသားတွေ ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာတွေကို ဖော်ထုတ်နိုင်ခြင်းအပြင် အတိတ်က ဘယ်လိုရာသီဥတုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုပါ ကျွန်ုပ်တို့ကို ပြောပြနိုင်ပါတယ်။

ဒါဆို သိပ္ပံပညာရှင်တွေက သက်တမ်းကို သိရဖို့အတွက် ဘယ်လို လုပ်ခဲ့ကြတာလဲ။

Radiocarbon dating နည်း ဟာဆိုရင် အသုံးအများဆုံးနည်းဖြစ်တယ် ဟု ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒီနည်းလမ်းမှာဆိုရင် carbon-14 ပမာဏ၊ ရေဒီယိုသတ္တိကြွ ကာဗွန်အိုင်ဆိုတုပ် သို့မဟုတ် နျူထရွန် အရေအတွက် မတူညီတဲ့ အက်တမ်ရဲ့ဗားရှင်းကို တိုင်းတာခြင်းတို့ ပါဝင်ပါတယ်။

carbon -14 ဟာ ပတ်ဝန်းကျင်နေရာအနှံ့မှာ ရှိပါတယ်။

carbon -14 ဟာဆိုရင် လေထုထဲတွင် မြင့်တက်လာပြီးနောက် အပင်များက ၎င်းကို ရှူရှိုက်ကာ တိရစ္ဆာန်များက ၎င်းကို ရှူထုတ်ကြကြောင်း အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင်နှင့် Radiocarbon dating ကျွမ်းကျင်သူ Thomas Higham က ဆိုပါတယ်။

တွေ့ရအများဆုံး ကာဗွန်ပုံစံမှာ နျူထရွန်ခြောက်လုံးပါရှိသော်လည်း carbon-14 တွင် အပိုနှစ်ခု ရှိပါတယ်။

ဒါဟာ တွေ့ရအများဆုံး ကာဗွန်ပုံစံထက် တည်ငြိမ်မှု အများကြီးနည်းပါးပါတယ်။

နှစ်ထောင်ပေါင်းများစွာကြာပြီးနောက်မှာ carbon -14ဟာ နောက်ဆုံးမှာ ပြိုကွဲသွားပါတယ် ။ ၎င်းရဲ့ နျူထရွန်များထဲမှ တစ်ခုဟာ ပရိုတွန်နှင့် အီလက်ထရွန် အဖြစ်သို့ ကွဲသွားပါတယ်။

အီလက်ထရွန် လွတ်ထွက်သွားချိန်မှာတော့ ပရိုတွန်က အက်တမ်ရဲ့ အစိတ်အပိုင်းအဖြစ် ကျန်နေခဲ့ပါတယ်။ နောက်ဆုံးမှာ နျူထရွန်တစ်ခုနည်းပြီး ပရိုတွန်တစ်ခု ပို​နေတဲ့ အတွက်ကြောင့် အိုင်ဆိုတုပ်ဟာ နိုက်ထရိုဂျင် အဖြစ်သို့ ယိုယွင်းသွားပါတယ်။

သက်ရှိသတ္တဝါများ သေဆုံးတဲ့အခါ carbon-14 စုပ်ယူခြင်းကို ရပ်တန့်လိုက်ပြီး ၎င်းတို့ရဲ့ ခန္ဓာကိုယ်မှာ ကျန်ရှိနေတဲ့ ပမာဏဟာ ရေဒီယိုသတ္တိကြွ ဆွေးမြေ့မှု ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

carbon-14 ပမာဏရဲ့ တစ်ဝက်တစ်ပျက်ကို ဆွေးမြေ့ဖို့ အချိန် ကြာမြင့်ကြောင်း၊ ဒါကို သိပ္ပံပညာရှင်များက half-life ဟုခေါ်တဲ့ အချိန်အတိုင်းအတာ တစ်ခုဖြစ်တယ် ဟုဆိုပါတယ်။

ဒါဟာ ကျန်ရှိနေတဲ့ carbon -14 နဲ့ carbon -12 အချိုးကို တိုင်းတာပြီး တိရစ္ဆာန်ရဲ့ အရေခွံ ဒါမှမဟုတ် အရိုးစု စတဲ့ အော်ဂဲနစ်ပစ္စည်းတစ်ခုခုရဲ့ သက်တမ်းကို တိုင်းတာနိုင်ပါတယ်။

carbon -14 ရဲ့ တစ်ဝက် သက်တမ်းဟာ နှစ်ပေါင်း ၅,၇၃၀ ဖြစ်ပြီး၊ ၎င်းဟာ နောက်ဆုံးနှစ် ၅၀,၀၀၀ သမိုင်းကို လေ့လာလိုတဲ့ သိပ္ပံပညာရှင်များအတွက် အထောက်အကူ ဖြစ်ပါတယ်။

“ဒါက အခြေခံအားဖြင့်တော့ လူ့သမိုင်းရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အစိတ်အပိုင်းကို လေ့လာဖို့ ခြုံငုံမိပါတယ်” ဟု Higham က ဆိုပါတယ်။

သို့သော်လည်း သက်တမ်းတအားရင့်တဲ့ အရာဝတ္ထုတွေက ၎င်းတို့ရဲ့ carbon -14 ပမာဏရဲ့ ၉၉ ရာခိုင်နှုန်းကျော် ဆုံးရှုံးသွားသဖြင့် ရှာဖွေတွေ့ရှိဖို့က အနည်းငယ်သာ ကျန်တော့ကြောင်း Pennsylvania State University ၊ Radiocarbon Laboratory မှ လက်ထောက် သုတေ သန ပါမောက္ခ Brendan Culleton က ဆိုပါတယ်။

သက်တမ်းတအားရင့်တဲ့ အရာဝတ္ထုများအတွက် သိပ္ပံပညာရှင်များက carbon-14 ကို သက်တမ်းတိုင်းတာမှု အဖြစ် အသုံးမပြုပါဘူး။

အဲ့ဒီအစား ၎င်းတို့ ပတ်ဝန်းကျင်တွင်ရှိတဲ့ အခြား ဒြပ်စင်များရဲ့ ရေဒီယို သတ္တိကြွ အိုင်ဆိုတုပ်များကို ကြည့်ရှု လေ့လာ​ကြတယ် ဟု ဆိုပါတယ်။

ကမ္ဘာ့ရှေးအကျဆုံးအရာများအတွက်တော့ uranium-thorium-lead dating နည်း ဟာ အသုံးဝင်ဆုံးနည်းလမ်း ဖြစ်ပါတယ်။

Radiocarbon dating ဟာဆိုရင် တစ်ချိန်က သက်ရှိ ထင်ရှားရှိခဲ့တဲ့ ပစ္စည်းများ အတွက်သာ အသုံးဝင်သော်လည်း၊ သိပ္ပံ ပညာရှင်များကတော့ ကျောက်တုံးကဲ့သို့သော အရာဝတ္ထုများရဲ့ သက်တမ်းကို တိုင်းတာဖို့က uranium-thorium-lead dating နည်းကို အသုံးပြုကြတယ်ဟု ဆိုပါတယ်။

ဒီနည်းလမ်းမှာဆိုရင် သိပ္ပံပညာရှင်များက မတူညီတဲ့ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်တွေရဲ့ ပမာဏကို တိုင်းတာကြပြီး အားလုံးဟာ ခဲ (lead) ရဲ့ တည်ငြိမ်တဲ့ ပုံစံအဖြစ်သို့ ယိုယွင်းသွားကြပါတယ်။

အဆိုပါ ယိုယွင်းပျက်စီးမှုဆိုင်ရာ သီးခြားကွင်းဆက်တွေဟာ ယူရေနီယမ်-၂၃၈၊ ယူရေနီယမ်-၂၃၅ နှင့် သိုရီယမ်-၂၃၂ တို့ရဲ့ ပြိုကွဲမှုကနေ စတင်ပါတယ်။

“ယူရေနီယံနှင့် သိုရီယမ်တို့ဟာ ကြီးမားတဲ့ အိုင်ဆိုတုပ်များ ဖြစ်ကြပြီး ၎င်းတို့ဟာ အမြဲတမ်း မတည်မငြိမ် ဖြစ်နေကြတယ်” ဟု Utah State University မှ ဘူမိဗေဒပညာရှင် Tammy Rittenour က ဆိုပါတယ်။

ဒီ “ပင်မအိုင်ဆိုတုပ်တွေ” တစ်ခုစီဟာ ခဲအဖြစ်မရောက်ခင် ရေဒီယို အိုင်ဆိုတုပ် တစ်ခုစီရဲ့ မတူညီတဲ့ အလွှာတစ်ခုဆီမှာ ကွဲထွက်သွားပါတယ်။

ပတ်၀န်းကျင် ထိန်းသိမ်းရေး အေဂျင်စီရဲ့အဆိုအရ အဆိုပါ အိုင်ဆိုတုပ်တစ်ခုစီမှာ နေ့ရက်တွေကနေ နှစ်ပေါင်း ဘီလီယံပေါင်းများစွာ အထိ ကွဲပြားခြားနားတဲ့ သက်တမ်းတစ်ဝက်စီ ရှိတယ်ဟု ဆိုပါတယ်။

Radiocarbon dating နည်း ကဲ့သို့ပင် သိပ္ပံပညာရှင်များဟာ ဒီအိုင်ဆိုတုပ်များကြား အချိုးများကို နှိုင်းယှဉ် တွက်ချက် ကြပါတယ်။

သိပ္ပံပညာရှင်များဟာ အဆိုပါ နည်းလမ်းကို အသုံးပြုပြီး သြစတြေးလျတွင် တွေ့ရှိခဲ့သမျှထဲမှာ သက်တမ်းအရင့်ဆုံး ကျောက်တုံးကြီးဖြစ်တဲ့ နှစ်ပေါင်း ၄.၄ ဘီလီယံ သက်တမ်းရှိ ​ဂေါ်မိတ်(zircon) ပုံဆောင်ခဲကြီးရဲ့ သက်တမ်းကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။

အရာဝတ္ထုများကို dating လုပ်ခြင်းဟာ ကမ္ဘာကြီးရဲ့ ပြောင်းလဲလာပုံ နှင့် ရှေးခေတ် လူသားများ နေထိုင်ပုံကို နားလည်ရန် အတွက်သာ မဟုတ်ပါဘူး။

မှုခင်းဆေးပညာ သိပ္ပံပညာရှင်တွေက ရာဇ၀တ်မှုတွေကနေ အနုပညာပစ္စည်း အတုအပများအထိ ဒီနည်းလမ်းတွေကို ဖြေရှင်းဖို့ အသုံးပြုကြပါတယ်။

Radiocarbon dating နည်း ဟာဆိုရင် ဝိုင်တွေရဲ့ သက်တမ်း ဘယ်​လောက် ရှိပြီလဲ ဆိုတာကိုပါ ကျွန်ုပ်တို့ကို ပြောပြနိုင်ပါတယ်။

ဒါကြောင့် အတု ဟုတ်မဟုတ် သိနိုင်ပါတယ် ဟု Higham ကပြောပါတယ်။ ယခုဆိုရင် အတုအစစ် ခွဲခြားဖို့ အတိအကျကြီး မဟုတ်သော်လည်း အမျိုးမျိုးသော အသုံးချနိုင်မယ့် အရာများ စုံလင်စွာ ရှိနေပြီပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *