Cardin သည် ၁၉၂၂ ခုနှစ်တွင်အီတလီနိုင်ငံတွင် မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ပြင်သစ်နိုင်ငံ ပါရီ အနောက်ပိုင်း Neuilly ရှိ American Hospital of Paris ဆေးရုံတွင် ကွယ်လွန်ခဲ့တယ်လို့ သူ၏မိသားစုကပြောကြားခဲ့ပါတယ်။

Pierre Cardin ဟာ သူ့ရဲ့ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းများကြောင်း ကမ္ဘာကျော်ခဲ့ပြီး ဂျပန်၊ တရုတ်နှင့်ရုရှားအပါအ၀င် ကမ္ဘာအနှံ့ဆိုင်များဖွင့်လှစ်ခြင်းဖြင့် နိုင်ငံတကာထိုးဖောက်မှုကို စတင်ခဲ့သည့်ပထမဆုံး ဇိမ်ခံဖက်ရှင်ဒီဇိုင်နာဖြစ်တစ်ယောက်ဖြစ်ပါတယ်။
၁၉၇၀ ခုနှစ်များအတွင်း တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ သူ့ရဲ့ ဖက်ရှင်ပြပွဲဟာ တရုတ်နိုင်ငံရဲ့ပထမဆုံး အနောက်နိုင်ငံ ဖက်ရှင်ဒီဇိုင်းပြပွဲအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
ZawGyi