Contemporary Amperex Technology Co. Limited (CATL) ရဲ့ cell-to-pack (CTP) နည်းပညာ၏ တတိယ မျိုးဆက်ဟာ များစွာ တိုးတက်လာပြီ ဖြစ်ပါတယ်။
ဒီနည်းပညာဖြင့် ဘတ္ထရီဟာ အားတစ်ကြိမ် သွင်းရုံဖြင့် ၆၂၁ မိုင် (1000 ကီလိုမီတာ) ကျော် အကွာအဝေးကို သွားနိုင်တယ်ဟု သိရပါတယ်။
CATL ဟာ ၎င်းရဲ့ နောက်ဆုံးထွက် ထုတ်ကုန် တခု ဖြစ်တဲ့ Qilin ကို လာမည့်နှစ်တွင် အမြောက်အမြား ထုတ်လုပ်တော့မှာ ဖြစ် ကြောင်း ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
တရုတ်ဒဏ္ဍာရီထဲက ဒဏ္ဍာရီလာ သတ္တဝါ တစ်ကောင်ကို အစွဲပြုထားတဲ့ Qilin ဟာ စံချိန်တင် ပမာဏ အသုံးချ ထိရောက်မှု ၇၂ ရာခိုင်နှုန်းနဲ့ စွမ်းအင်သိပ်သည်းဆက တစ်ပေါင်ကို ၄၁၆ ကီလိုဂျိုးလ် အထိ ပေးစွမ်းနိုင်ပါတယ်။

၎င်းဟာ ယခု အချိန်အထိ ကမ္ဘာတစ်ဝှမ်းတွင် အမြင့်ဆုံး စွမ်းဆောင်နိုင်သည့် အဆင့်ကို ရရှိနေပြီ ဖြစ်ပါတယ်။
Tesla ရဲ့ 4680 ဘတ္ထရီနှင့် တူညီတဲ့ ဓာတုစနစ်၊ ထုပ်ပိုးမှုအရွယ်အစားဖြင့် Qilin ဟာ ၁၃ ရာခိုင်နှုန်း ပိုမို ပါဝါပေးစွမ်းနိုင်ပြီး အကွာအဝေး၊ အမြန်အားသွင်းမှု၊ ဘေးကင်းမှု၊ ဝန်ဆောင်မှုသက်တမ်း၊ စွမ်းဆောင်ရည်နှင့် အပူချိန်နိမ့်သော စွမ်းဆောင်ရည်တို့တွင် အလုံးစုံ တိုးတက်မှုကို ဖြည့်ဆည်းပေးထားပါတယ်။
CATL ဟာ Qilin ရှိ ဘတ်စုံသုံး elastic interlayer အဖြစ် အရည်-အအေးခံနှင့် အပူခံပြား တို့ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
Qilin ဟာ ဆဲလ်အတွင်းပိုင်း ပြောင်းလဲမှုများကို လိုက်လျော ညီထွေဖြစ်စေသော interlayer အတွင်းရှိ built-in micron များပါရှိသဖြင့် ၎င်းရဲ့သက်တမ်း စက်ဝန်း တစ်လျှောက်လုံး ဘတ္ထရီရဲ့ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးပါတယ်။

ဘတ္ထရီရဲ့ ဆဲလ်နှင့် ဘက်စုံသုံး elastic interlayer တို့ဖြင့် ဖွဲ့စည်းထားသည့် ပေါင်းစပ် စွမ်းအင်ယူနစ်ဟာ ပိုမိုတည်ငြိမ်သော ဖွဲ့စည်းပုံကို တည် ဆောက် ပေးတဲ့အတွက်ကြောင့် ဘတ္ထရီထည့်သည် အိမ်၏ တုန်ခါမှုနှင့် တုန်ခါမှုဒဏ် ခံနိုင်ရည်ကိုလည်း တိုးမြင့်စေပါတယ်။
ပညာသားပါပါ တည်ဆောက်ထားတဲ့ ဒီဇိုင်း
Qilin ရဲ့ပညာသားပါပါ တည်ဆောက်ထားတဲ့ အောက်ခြေဒီဇိုင်းဟာ အဆောက်အဦးဆိုင်ရာ အကာအကွယ်၊ ဗို့အားမြင့်ချိတ် ဆက်မှုနှင့် အပူ စီးကူးမှုများအတွက် အကာအကွယ် လေဝင်ပေါက်အပါအဝင် အစိတ်အပိုင်း အမျိုးမျိုးနှင့် အံ့ဝင်စေပြီး ဘတ္ထရီစွမ်းရည်ကို ခြောက်ရာခိုင်နှုန်းအထိ တိုးမြှင့်စေပါတယ်။
တစ်ချိန်တည်းမှာပဲ နိုင်ငံအလိုက် စံနှုန်းများဖြင့် လိုအပ်သော ဘတ္ထရီ ဘေးကင်းရေး စစ်ဆေးမှုများရဲ့ စံသတ်မှတ်ချက်များကို ဖြည့်ဆည်းပေးထားပါတယ်။
နောက်တစ်ချက်က ကပ်လျက်ဆဲလ်များကြားတွင် အရည်အအေးပေးသည့် အစိတ်အပိုင်းများကို ထားခြင်းဖြင့် ဘတ္ထရီကို အအေးခံစေပြီး မျက်နှာပြင် ကြီးမားတဲ့ ဆဲလ်အအေးခံနည်းပညာကြောင့် အပူလွှဲပြောင်းဧရိယာကို လေးဆတိုးစေပါတယ်။

၎င်းဟာ ဆဲလ်များကို ပြင်းထန်သောအခြေအနေများတွင် လျင်မြန်စွာ အေးမြစေပြီး ဆဲလ်များကြား ပုံမှန်မဟုတ်သော အပူ အကူးအပြောင်းကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။
ဒါ့အပြင်၊ ၎င်းဟာ ဓာတုစနစ်အားလုံးအတွက် အပူတည်ငြိမ်မှုနှင့် အပူဘေးကင်းမှုကို ရရှိထားပြီး စွမ်းအင် သိပ်သည်းဆမြင့် မားသော ပစ္စည်းများနှင့်လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။
CATL ဟာ 2011 တုန်းက တည်ထောင်ခဲ့တဲ့ တရုတ်ဘတ္ထရီ ထုတ်လုပ်သူနှင့် နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်ပြီး လျှပ်စစ်ကားများ၊ စွမ်းအင်သိုလှောင်မှုစနစ်များနှင့် ဘတ္ထရီ စီမံခန့်ခွဲမှု စနစ်များအတွက် လီသီယမ်-အိုင်းယွန်းဘတ္ထရီများကို အထူးပြု ထုတ်လုပ်ပါတယ်။
Tesla၊ Volkswagen၊ BMW နှင့် Nio တို့ဟာ CATL မှ ဘတ္ထရီများ ထောက်ပံ့ပေးသော ကုမ္ပဏီများထဲတွင် ပါဝင်ပါတယ်။

သို့ပေမည့်လည်း မည်သည့် လျှပ်စစ်ကား ထုတ်လုပ်သူမှ ၎င်းရဲ့ဘတ္ထရီ အသစ်အတွက် အမှာစာများ ထားရှိခြင်း ရှိ၊ မရှိ CATL က ထုတ်ဖော်ပြောကြားခြင်းတော့ မရှိသေးပါဘူး။
အားတစ်ကြိမ် သွင်းရုံဖြင့် ၆၂၁ မိုင် အထိ မောင်းနှင်နိုင်တဲ့ ဘတ္ထရီသစ်ဟာ EV ကားလောကကို အဆင့် တဆင့် မြှင့်တင်ပေး ဦးမှာပါ။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။