လုပ်ငန်းရှင်များဟာ အသားအစစ် သဖွယ် အရောင်အဆင်း၊ အနံ့၊ အရသာ ရှိသည့် အသားတုများ ထုတ်လုပ်နိုင်ဖို့ရာ တဖြည်းဖြည်း ကြိုးစား နေကြပါတယ်။
စားသောက်ကုန် ထုတ်လုပ်သည့် ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်တဲ့ Nestlé နက်စလေဟာ အနာဂါတ် အသား ထုတ်လုပ်ရေး နည်းပညာများနှင့် ပတ်သတ်ပြီး ဆွေးနွေးနေကြောင်း ကြေငြာခဲ့ပါတယ်။
ထို့နောက် ၎င်းး၏ အနာဂါတ် ထုတ်ကုန်များတွင် အသားများကိုပါ ထုတ်လုပ်လာမယ်လို့ ဆိုပါတယ်။
ဒါဟာ ရိုးရာ တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းကနေ အမြဲတမ်း ပြောင်းလဲသွားစေတဲ့အပြင် ထွက်ပေါ်လာတဲ့ နည်းပညာကို တကမ္ဘာလုံး အ တိုင်း အတာအနေဖြင့် ဈေးကွက်ထဲသို့ အမြန်ဆုံး ရောက်အောင် ကူညီပေးနိုင်ပါတယ်။
Nestlé နက်စလေ ကုမ္ပဏီ၏ သုတေသနဌာနရှိ Nestlé institute of Material Sciences ၏ အကြီးအကဲ ဖြစ်တဲ့ Reinhard Behringer က ” ကျွန်တော်တို့၏ ပရိုတင်းနှင့် ဆိုင်တဲ့ ကျွမ်းကျင်မှုဖြင့် အပင်ကိုအခြေခံတဲ့ အသားအစားထိုး ဈေးကွက်အတွက် ရင်းနှီးမြှပ်နှံလာတာ နှစ်ပေါင်းများစွာ ရှိပါပြီ” လို့ ဆိုပါတယ်။

“ဒီလို ကြိုးစားအားထုတ်မှုတွေကို ပြီးပြည့်စုံဖို့ တိရိစ္ဆာန်အသားနှင့် နီးစပ်တဲ့ အရသာ အနံ့ နှင့် ပုံစံ တူညီအောင် လုပ်ဆောင်နိုင်ဖို့ နည်းပညာကို ကျွန်တော်တို့ ရှာဖွေနေပါတယ်” လို့လည်း ပြောပါသေးတယ်။
အနာဂါတ်တက္ကသိုလ်၏ အဆိုအရာ အနောက်နိုင်ငံများတွင် လာမယ့် ၃ နှစ်အတွင်း ဆဲလ်အခြေပြု အသားများ စူပါမားကတ်များတွင် တွေ့လာရလိမ့်မယ်လို့ သိရပါတယ်။
Nestlé နက်စလေ ဟာ အဆိုပါ အသားများကို ထုတ်လုပ်နိုင်ဖို့ ဆဲလဲမျိုးဖောက်ခြင်း သို့မဟုတ် 3D printing အစရှိတဲ့ သိပ္ပံနှင့်ဆိုင်တဲ့ ခေတ်ရေစီးကြောင်းများနှင့် နည်းပညာအသစ်များကို လေ့လာနေပါတယ်။
ဒီလို အသားကို ပြုလုပ်ဖို့ ကြိုးစားနေသည်မှာ အစ္စရေး၏ မျက်နှာသစ်ကုမ္ပဏီဖြစ်တဲ့ Future Meat Technologies ဟာ နာမည်ကြီးပါတယ်။
ဒီကုမ္ပဏီရဲ့ မူပိုင်ခွင့်တင်ထားတဲ့ နည်းပညာသစ်ဟာ တိရိစ္ဆာန်၏ ဆဲလ်အရေအတွက် အနည်းငယ်ကိုအသုံးပြုပြီး အသားကိုထုတ်လုပ်နိုင်သည့်အတွက် တိရိစ္ဆာန်များအား အသားအတွက် အသုံးပြုခြင်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒီ ကုမ္ပဏီရဲ့ အဓိက စိန်ခေါ်မှုဖြစ်နေတဲ့ ကိစ္စကတော့ အသားတုထုတ်လုပ်ဖို့အတွက် ကုန်ကျစရိတ်ပဲ ဖြစ်ပါတယ်။
ဓာတ်ခွဲခန်းထုတ် ကြက် သား ၁၀၀ ဂရမ်ကို ၄ ဒေါ်လာအထိ တော့ ဈေးချပေးနိုင်ပြီ ဖြစ်ပြီး ၂၀၂၂ မှာ ၂ ဒေါ်လာလောက်သာ ကျသင့်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဈေးကွက်လေ့လာမှုများအရ ဆဲလ် အခြေပြု အသားဈေးကွက်ဟာ ၂၀၂၇ ခုနှစ်တွင် ဒေါ်လာ သန်း ၂၀ လောက်အထိ ရှိလာနိုင်ဖွယ် ရှိပြီး ၂၀၄၀ ခုနှစ်တွင် ကမ္ဘာ့ အသားဈေးကွက်၏ ၃၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်တယ်လို့ Kearney အကြံပေး ကုမ္ပဏီက ခန့်မှန်းထားပါတယ်။
Nestlé နက်စလေမှလည်း အခြား ပြင်ပကုမ္ပဏီများ၊ မျက်နှာသစ် ကုမ္ပဏီများနှင့် အတူတကွ ဒီ အနာဂါတ် အသားဈေးကွက်အတွက် ပူးပေါင်း ဆောင်ရွက်လျှက်ရှိပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ခေတ်မှီ အသားတုများကို ပိုမိုကျယ်ပြန့်စွာ ရောက်ရှိနိုင်ဖို့ရာ လမ်းခင်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021