အမေရိကန် ဗဟိုစစ်ဌာနချုပ်ဖြစ်တဲ့ (CENTCOM) ဟာ အီရန်က ဆော်ဒီအာရေဗျ နိုင်ငံပိုင် ရေနံထုတ်လုပ်ရေးနေရာကို ယခင်က တိုက်ခိုက်ခဲ့တဲ့ delta ပုံစံတောင်ပံတပ် ဒရုန်းဟာ သင်္ဘောဖျက်ဒရုန်း မျိုးကွဲ ရှိသေးတယ်ဆိုတာ ထောက်ပြလိုက်ပါတယ်။
ဩဂုတ်လ ၆ ရက်နေ့က အမေရိကန် ဗဟိုစစ်ဌာနချုပ်မှ ထုတ်ပြန်သည့် ကြေငြာချက်အရ အိုမန်ကမ်းရိုးတန်းတွင် ခုတ်မောင်းနေသည့် ရေနံ တင်သင်္ဘောတစင်းဖြစ်သည့် Mercer Street ကို

ဇူလိုင်လ ၃၀ ရက်နေ့က တိုက်ခိုက်ခံရသည့် မောင်းသူမဲ့လေယာဉ်ဟာ ၂၀၁၉ ဆော်ဒီအာရေဗျနိုင်ငံ ရေနံထုတ်လုပ်ရေးနေရာကို တိုက်ခိုက်ခဲ့သည့် ဒရုန်းနှင့် အမျိုးအစား အတူတူ ဖြစ်တယ်လို့ သိရပါတယ်။
အီရန်ဟာ ယီမင်မှာရှိနေတဲ့ ဟူသီ သူပုန်များကို အဆိုပါ မောင်းသူမဲ့လေယာဉ်များကို ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီလို ကောက်ချက်ချမှုကို Mercer Street သင်္ဘော တိုက်ခိုက်ခံရမှုအပြီး အမေရိကန်လေယာဉ်တင် သင်္ဘော USS Ronal Reagan မှ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးအပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်.
CENTOM မှ ဇူလိုင်လ ၂၉ ရက်နေ့ ရေနံတင်သင်္ဘောကို ဒရုန်းနှင့် တိုက်ခိုက်ခံရမှုတွင် ပထမ နှစ်ကြိမ် တွင် မအောင်မြင်ခဲ့ဘဲ တတိယ အ ကြိမ် မှာတော့ သင်္ဘောကို ထိမှန်ခဲ့ပြီး ၂ မီတာလောက်ရှိတဲ့ အပေါက်ကြီး ဖြစ်သွားစေပါတယ်။

အဲဒီလို ထိမှန်ပြီးနောက် သင်္ဘောဟာ ပေါက်ကွဲခဲ့ပြီး သင်္ဘောပေါ်ရှိ လိုက်ပါလာသူ ၂ ဦး အသက် ဆုံးရှုံး ခဲ့ရပါတယ်။
“ဖောက်ခွဲရေးပစ္စည်း ကျွမ်းကျင်သူများဟာ တတိယမြောက် ဒရုန်း၏ တောင်ပံရှိ vertical stabiliser အပါအဝင် အစိတ်အပိုင်းများစွာကို စု ဆောင်းခဲ့ပြီးနောက် ယခင်က အီရန်လုပ် တခါသုံး ဒရုန်းနှင့် ချွတ်စွပ်နီးပါး တူနေတာကို တွေ့ရှိရတယ်” လို့ CENTCOM က ပြောပါတယ်။
ဒါ့အပြင် “အီရန် ကမ်းရိုးတန်းမှ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေရာ အကွာအဝေးဟာ အီရန်လုပ် တခါသုံး တိုက်ခိုက်ရေး ဒရုန်းများ ရောက်ရှိနိုင်တဲ့ အကွာအဝေးဖြစ်တယ်” လို့လည်း ပြောပါတယ်။

ထွက်ပေါ်လာသည့် ပုံများအရ ဒရုန်းအပျက်အစီး အစိတ်အပိုင်းများမှ ဒရုန်တောင်ပံရှိ ဒေါင်လိုက်တည်ငြိမ်စေသည့် vertical stabiliser ဟာ အီရန် အစ္စလာမ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IGRC မှ ပြုလုပ်ခဲ့သည့် ပြပွဲမှ ပထမဆုံး မြင်ခဲ့ရသည့် ဒရုန်း၏ တောင်ပံစနစ်နှင့် တူညီနေတာကို တွေ့ရပါတယ်။
ဒီဖြစ်ရပ်ကြောင့် အီရန်ကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပြီး နယ်မြေအတွင်း တင်းမာမှုများ ပိုမို မြင့်တက်လာနေပါတယ်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။