၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာ ၃ ရက်နေ့အထိ တရုတ်နိုင်ငံ Zhuhai တွင် ကျင်းပခဲ့သည့် နိုင်ငံ တကာလေကြောင်းပြပွဲတွင် စိတ်ဝင်စားစရာ လေယာဉ်များကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တရုတ် လေကြောင်းသိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်းမှ ထုတ်လုပ်ထားတဲ့ Cai Hong (သက်တံ) 6 လို့ခေါ်တဲ့ CH-6 ဒရုန်းအသစ်ကို တွေ့ရှိရပြီ ဖြစ်ပါတယ်။
ဒီ ဒရုန်းတွင် ဂျက်အင်ဂျင်သုံး ဒရုန်းများ၏ အခြေခံအချက်အလက်များဖြစ်သည့် အရွယ်အစား ကြီးမားမှု၊ အမြင့်ပျံသန်းနိုင်မှု၊ အမြန်နှုန်းမြင့်မားမှု၊
လေပေါ်တွင် ကြာမြင့်စွာ ပျံသန်းနိုင်မှာ နှင့် ဘက်စုံအသုံးပြုနိုင်မှုတွေ ပိုင်ဆိုင်ထားတယ်လို့ China-arms ဝက်ဘ်ဆိုက်အရ သိရှိရပါတယ်။

ဒီဟာ စိတ်ဝင်စားစရာ သတင်းဖြစ်ပြီး လက်ရှိမှာတော့ အတိအကျ တည်ဆောက်ထားခြင်း မရှိသေးတဲ့ ပုံစံကိုသာ မြင်ရဦးမှာ ဖြစ်ပါတယ်။
ဒရုန်းအသစ်ဟာ CH-5 နှင့် ဆင်တူပြီး ကွာခြားမှုကတော့ T-tail ပုံစံနှင့် ဖြစ်ကာ ဂျက်အင်ဂျင် ၂ လုံးကို တပ်ဆင်ထားပါတယ်။
အမြင့်ဆုံး ပျံတက်နိုင်သည့် အလေးချိန်ဟာ ၇.၈ တန် ရှိပြီး အများဆုံး တင်ဆောင်နိုင်စွမ်းဟာ ကင်းထောက်စစ်ဆင်ရေးအတွက် ၆၆၁ ပေါင် (၃၀၀ ကီလိုဂရမ်) သို့မဟုတ် ကင်းထောက်နှင့် တိုက်ခိုက်ရေးအတွက် ၂ တန်ခန့် ရှိမှာ ဖြစ်ပါတယ်။
ကင်းထောက် စစ်ဆင်ရေးအတွက် လောင်စာဆီကို ၃.၄၂ တန်လောက် တင်ဆောင်နိုင်စွမ်းရှိပြီး ကင်းထောက်နှင့် တိုက်ခိုက်ရေး အတွက် ၁.၇၂ တန် တင်ဆောင်နိုင်ပါတယ်။

အရှည် ၄၉ ပေ၊ တောင်ပံ အကျယ် ၆၇ ပေနှင့် အမြင့်ဟာ ၁၅ ပေ ရှိမှာ ဖြစ်ပါတယ်။
အမြန်နှုန်း အမြင့်ဆုံး တနာရီ ၄၉၇ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ပြီး cruise speed အနေဖြင့် တနာရီလျှင် ၃၀၀ မှ ၄၃၄ မိုင်နှုန်းအထိ ပျံသန်းနိုင်မှာပါ။
ပုံမှန် ပျံတက်နိုင်သည့် အမြင့်မှာ ၆.၂၁ မိုင်ဖြစ်ပြီး အမြင့်ဆုံး ၇.၄၅ မိုင် အမြင့်အထိ ပျံတက်နိုင်ကာ ကင်းထောက်စစ်ဆင်ရေးအတွက် ပျံ သန်းချိန် နာရီ ၂၀ နှင့် ကင်းထောက်နှင့် တိုက်ခိုက်ရေး အတွက် ပျံသန်းချိန် ၈ နာရီအထိ ဆက်တိုက် ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။
စစ်ဆင်နိုင်သည့် အကွာအဝေးမှာ ကင်းထောက်စစ်ဆင်ရေးအတွက် ၇,၅၄၆ မိုင် နှင့် ကင်းထောက်နှင့် တိုက်ခိုက်ရေးအတွက် ၂,၇၉၆ မိုင် အ ထိ ရှိမှာ ဖြစ်ပြီး

အမြန်နှုန်း အနေဖြင့် တစက္ကန့် လျှင် ၆၅ ပေနှုန်းဖြင့် အမြင့်ဆုံး ပျံတက်နိုင်ပါတယ်။
ပျံတက်နိုင်တဲ့ အလေးချိန်၊ အီလက်ထရောနစ် ကင်းထောက် စနစ်များနှင့် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များ အပါအဝင် ဝန်မျိုးစုံ သယ် ဆောင်နိုင်မှုကို ကြည့်ခြင်းအားဖြင့်
ယခု ဒရုန်းအသစ်ဟာ တရုတ်နိုင်ငံ၏ အကြီးဆုံး မောင်းသူမဲ့ လေယာဉ်များထဲမှ တစင်း ဖြစ်လာမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။