ကျွနိုပ်တို့ရဲ့ ဆဲလ်ဖုန်းတွေဟာ ကျွနိုပ်တို့ဘဝအတွက် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်နှင့် အမျှ တစ်ခါတစ်ရံ ဆဲလ်ဖုန်းတွေကို ထားခဲ့ပြီး တစ်ယောက်ထဲ နေရတာဟာ ခက်ခဲပါတယ်။
အကယ်၍ သင်ဟာ ပေါ့ပေါ့ပါးပါး စမတ်ဖုန်း အသုံးပြုတဲ့သူ သို့မဟုတ် နည်းပညာကို စိတ်ပါဝင်စားသူဆိုလျှင် သင်ရဲ့ ဖုန်းဘက်ထရီကို အနည်းငယ်ကြာရှည် ခံချင်ကြတယ်မလား။
ကျွနိုပ်တို့အများစုက အိပ်ယာမဝင်ခင် မိုဘိုင်းဖုန်းတွေကိုအားသွင်းဖို့အတွက် ပလပ်ထိုးကြပါတယ်။
သို့သော်လည်း ကြိုးမဲ့အားသွင်းနည်းစနစ် ဟာ ကျွနိုပ်တို့ လက်ကိုင်ကိရိယာများကို အားဖြည့်ပေးသည့် နည်းလမ်းအဖြစ် ပိုမိုတွင်ကျယ်လာသည်နဲ့အမျှ ဒါဟာ တစ်နေ့မှာ တမူထူးခြားတဲ့ အရာ ဖြစ်လာနိုင်ပါလိမ့်မယ်။
ဒီလို အခြေအနေမှာ Michigan တက္ကသိုလ်နှင့် Tokyo တက္ကသိုလ် မှ သုတေသီများဟာ လျှပ်စစ်ကို လေထုမှတဆင့် လုံလုံခြုံခြုံ ပေးနိုင်သော စနစ်တစ်ခုကို တီထွင်ခဲ့ပြီး အခန်းတစ်ခုလုံးကို ကြိုးမဲ့ အားသွင်းဇုန်အဖြစ် ပြောင်းလဲစေခဲ့ပါတယ်။
သုတေသီများအဆိုအရ multimode quasistatic cavity resonance ဟုခေါ်တဲ့ ဒီနည်းပညာက သံလိုက်စက်ကွင်းအားကို အသုံးပြု၍ ၅၀ ဝပ် အားကို ပေးနိုင်ပါတယ်။
အဖွဲ့ရဲ့ဖြေရှင်းပုံအရ wall cavity လို့ခေါ်တဲ့ နံရံနှစ်ခုကြားနေရာလွတ်တွေမှာ lumped capacitor လို့ခေါ်တဲ့ လျှပ်စစ်သိုလှောင်တဲ့ ကိရိယာတွေများ အသုံးပြု၍ မြှပ်နှံထားပြီး ၎င်းတို့ကို လျှပ်စစ်စီးနိုင်တဲ့ မျက်နှာပြင်များဖြင့် ပြုလုပ်ထားပါတယ်။
၎င်းတို့ဟာ အခန်းတွင်းပဲ့တင်ထပ်နေတဲ့ သုံးဘက်မြင် လျှပ်စစ်သံလိုက်စက်ကွင်းကိုထုတ်လွှတ်ပေးပြီး capacitor လျှပ်စစ်သိုလှောင်တဲ့ ကိရိယာများတွင် လျှပ်စစ်စွမ်းအင်များပိတ်မိစေပါတယ်။

ယခင်ကြိုးမဲ့ဓာတ်အားစနစ်များမှာ ပြသာနာက အခန်းထောင့်တိုင်းကို လျှပ်စစ်သံလိုက်စက်ကွင်း ရောက်အောင် ဘယ်လိုဖန်တီးမလဲ။
သံလိုက်စက်ကွင်းတွေက စက်ဝိုင်းပုံ လည်ပတ်နေသဖြင့် လေးထောင့်အခန်းတွင်းမှာ dead spotများ ဖန်တီးရပါတယ်။
ထို့ပြင် receiver က ပါဝါကိုထုတ်ယူဖို့ တိကျတဲ့နည်းလမ်းဖြင့် စက်ကွင်းနဲ့ ချိန်ညှိထားဖို့လည်း လိုအပ်ပါတယ်။
နည်းစနစ်အသစ်က 3D သံလိုက်ဓာတ် နှစ်ခုကို သီးခြားထုတ်လွှတ်ပေးပါတယ်။
သံလိုက်ဓာတ်တစ်ခုက အခန်းရဲ့ အလည်ဗဟိုရှိ ကြေးနီတိုင်တစ်ဝိုက် လည်ပတ်နေပြီး နောက်သံလိုက်လှိုင်းတစ်ခုက တခြားထောင့်များ နဲ့ ကပ်လျက်ရှိတဲ့ နံရံများအကြား လည့်ပတ်နေပါတယ်။
ဒါဟာ လေဟာနယ်ထဲက ဘယ်နေရာမဆို စက်ကိရိယာများအတွက် ပါဝါစွမ်းအင်များ ထုတ်လုပ်ပေးအောင် ကူညီပေးပါတယ်။
ဒီပစ္စည်းတွေက သံလိုက်စွမ်းအင်ကို ဝါယာကြိုးများဖြင့် လျှပ်စစ်စွမ်းအင်ရရှိအောင် သဘာဝစွမ်းအားကိုထိန်းချုပ်အသုံးချပြီး ဆဲလ်ဖုန်း ကဲ့သို့သော လျှပ်စစ်ပစ္စည်းများဖြင့် ပေါင်းစပ်အသုံးပြုနိုင်စေပါတယ်။
သုတေသနအဖွဲ့ဟာ သူတို့ရဲ့ကြိုးမဲ့အားသွင်းနည်းစနစ်ကို ခန့်မှန်းခြေ ၃မီတာအရှည် ၃မီတာ အကျယ် ၂ မီတာ အမြင့် ရှိတဲ့ အလူမီနီယမ်အခန်းတွင် စမ်းသပ်ခဲ့ကြပြီး ဒီနည်းပညာဟာလျှပ်စစ်သံလိုက်စွမ်းအင် ထိတွေ့မှုအတွက် FCC လမ်းညွှန်ချက်များကို မကျော်လွန်ဘဲ အခန်းရှိမည်သည့်နေရာကိုမဆို အနည်းဆုံး ၅၀ ဝပ်လျှပ်စစ်စွမ်းအား ပေးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။

ဒီကြိုးမဲ့လျှပ်စစ်ဓာတ်အားဟာ မီးအိမ်တွေ၊ ပန်ကာတွေနဲ့ ဆဲလ်ဖုန်းတွေကို လူနဲ့ ပရိဘောဂ နေရာချထားမှုတွေ ဘယ်လိုဘဲဖြစ်စေ အခန်းတွင်းမည်သည့်နေရာကိုမဆို လျှပ်စစ်ဓာတ်အားကို ဖြည့်ပေးနိုင်တာ တွေ့ရပါတယ်။
သုတေသီများရဲ့အဆိုအရ ဒီကြိုးမဲ့အားသွင်းတဲ့စနစ်ဟာ ယခင်ကြိုးဖြင့် အားသွင်းမှုများထက် ကြီးမားသောတိုးတက်မှုဖြစ်ပြီး အန္တရာယ်ရှိနိုင်ခြေရှိတဲ့ မိုက်ခရိုဝေ့ဗ်ဓာတ်ရောင်ခြည်တွေ သို့မဟုတ် သီးသန့် အားသွင်းကြိုးများအပေါ်တွင် ထည့်ရန်လိုအပ်သော ပစ္စည်းကိရိယာတွေကို နှစ်မြှပ်အသုံးပြုခြင်း ဖြစ်ပါတယ်။
သုတေသီတွေက ဒီစနစ်က စက်ရုံတွေ သို့မဟုတ် ဂိုထောင် ကဲ့သို့ ကြီးမားတဲ့အဆောက်အအုံတွေမှာ ချဲ့ထွင်အသုံးပြုနိုင်တယ်ဟု ဆိုပါတယ်။
ဒီစနစ်ကို စီးပွားဖြစ် သို့မဟုတ် လူနေအိမ်ရာတွေမှာ အသုံးပြုဖို့ဟာ ဆိုရင် နှစ်အနည်းငယ် ကြာနိုင်သေးတယ်ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။