Nanogenerator လို့ခေါ်တဲ့ စွမ်းအင် စုဆောင်းတဲ့ ကိရိယာကိုအသုံးပြုခြင်း
အနာဂတ်တွင် အကျိုးပြုမယ့် စမတ် အဆောက်အအုံတွေက သင့်ရဲ့ခြေလှမ်းတွေကနေ စွမ်းအင်ကို ရရှိနိုင်ဖွယ် ရှိနေပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ETH Zurich၊ တရုတ်နိုင်ငံ Chongqing တက္ကသိုလ်၊ Illinois ရှိ Northwestern တက္ကသိုလ်မှ သုတေသီတွေက ကျွန်တော်တို့ရဲ့ ခြေဖဝါးအောက်တွင် မမျှော်လင့်ထားတဲ့ စွမ်းအင်အရင်းအမြစ်တစ်ခု ထဲသို့ ဝင်ရောက်ဖို့ လက်တွေ့ဖြစ်လာအောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ခြေနင်းသံက တဆင့် သစ်သားကြမ်းခင်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် သုတေသီတွေက ဆီလီကွန်အဖုံးနဲ့ အင်မတန် သေးငယ်တဲ့ သလင်းကျောက်လေးများ ထည့်ထားတဲ့ သစ်သားကို အသုံးပြုတဲ့ nanogenerator လို့ခေါ်တဲ့ စွမ်းအင်စုဆောင်းတဲ့ကိရိယာတစ်ခုကို တီထွင်ခဲ့ပါတယ်။
Matter ဂျာနယ်တွင် ဖော်ပြခဲ့သော လေ့လာမှုအရ ထိုကိရိယာသည် LED မီးလုံးများနဲ့ အခြား အသုံးအဆောင်များကို လည်ပတ်ရန် စွမ်းအင် ထုတ် ပေးနိုင်ပါတယ်။
၎င်းကို electrode များကြားတွင် ညှပ်ထားသည့် သစ်သားနှစ်ပိုင်းဖြင့် ပြုလုပ်ထားပြီး အီလက်ထရွန်တွေက အရာဝတ္ထုတစ်ခုမှ အခြားတစ်ခုသို့ ကူးပြောင်းနိုင်တာကြောင့် အီလက်ထရွန်တွေ ရွေ့လျှားသွားတဲ့အခါမှာ triboelectric effect လို့ခေါ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်စေပြီး သစ် သား အပိုင်းအစတွေက လျှပ်စစ်ဓာတ်အား ရစေပါတယ်။

သို့ရာတွင် လျှပ်စစ်ထုတ်လုပ်ရန် အကန့်အသတ်ဖြစ်နေတဲ့ ပြဿနာတစ်ခုမှာ သစ်သားက အီလက်ထရွန်များ ရယူဖို့ သို့မဟုတ် ဆုံးရှုံးဖို့ သဘာဝ မရှိနေပါဘူး။
ဒီပြဿနာကိုဖြေရှင်းဖို့ သုတေသီတွေက သစ်သား အပိုင်းတစ်ခုကို ထိတွေ့လိုက်တဲ့အခါမှာ အီလက်ထရွန်များကိုလျင်မြန်စွာရယူတဲ့ ဆီလီကွန်နဲ့အုပ်လိုက်ပြီး အခြားအပိုင်းကို အီလက်ထရွန်များ ပိုမိုဆုံးရှုံးစေတဲ့ သတ္တုအိုင်းယွန်းတွေနဲ့ အော်ဂဲနစ်မော်လီကျူးများဖြင့် ထည့်သွင်းထားခဲ့ပါတယ်။
သုတေသီများက A4 တစ်ရွက်မျှသာ မျက်နှာပြင်ဧရိယာရှိတဲ့ သစ်သားကြမ်းခင်းစမ်းသပ်ပုံကြမ်းကို အသုံးပြုခြင်းက အိမ်သုံး LED မီးလုံးများနဲ့ ဂဏန်းတွက်စက်လို သေးငယ်တဲ့ကိရိယာတွေအတွက် လုံလောက်တဲ့စွမ်းအင်ကို ထောက်ပံ့ပေးခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
သူတို့က စမ်းသပ်ပုံစံကို သုံးပြီး လူတစ်ယောက်အဲ့ပေါ် လမ်းလျှောက်လိုက်တဲ့အခါ မီးလုံးကို အောင်မြင်စွာထွန်းနိုင်ခဲ့ပါတယ်။
သုတေသီတွေက စျေးသက်သက်သာသာနဲ့ လိုအပ်တဲ့ စက်ပစ္စည်းဆိုင်ရာ ဂုဏ်သတ္တိတွေနဲ့ ရနိုင်ပြီး ဥရောပမှာ အသုံးများတဲ့ ထင်းရှူးသားဖြင့် ပြုလုပ်ထားတဲ့ nanogenerator က သာလွန်တာကို တွေ့ရှိခဲ့ပါတယ်။
သူတို့က သဘာဝသစ်သားထက် လျှပ်စစ်ဓာတ်အားအဆ ၈၀ ပိုရနိုင်ပြီး ဘီး ၁၅၀၀ လောက်ထိ အတွက် မြဲမြံတဲ့အားများ အောက်တွင် လျှပ် စစ် ဓာတ်အား ထုတ်လုပ်မှုဟာ တည်ငြိမ်နေခဲ့ပါတယ်။
Eidgenössische Technische Hochschule (ETH) Zürich ၌ Wood Materials Science ရဲ့ ပါမောက္ခနဲ့ Materials Science and Technology (Empa) Dübendorf အတွက် ဆွစ်ဇာလန် ဖက်ဒရယ် ဓာတ်ခွဲခန်းတို့ရဲ့ အကြီးတန်းစာရေးနဲ့ အဖွဲ့ခေါင်းဆောင် Guido Panzarasa က သူတို့ရဲ့ ကိုင်တွယ်ဖြေရှင်းနည်းက ရိုးရှင်းပြီး စက်မှုအတိုင်းအတာနဲ့ တိုင်းတာနိုင်ပြီး ဒါက အင်ဂျင်နီယာ နည်းပညာနဲ့ ဆိုင်တဲ့ကိစ္စသာ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

“ဒါက စမ်းသပ်အသုံးပြုမှုဖြစ်ပြီး စနစ်အား စက်မှုသုံးအတွက် ချဲ့ထွင်ခြင်းမပြုမီ နောက်ထပ်အလုပ်တွေ လိုအပ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။
ဒီထက်ပိုပြီး စက်မှုလုပ်ငန်း ဆန်ဆန်ဖြစ်အောင် ဖြေရှင်းတာကို တိုးတက်အောင် လုပ်ဖို့ ကျွန်တော်တို့ အာရုံစိုက်နေတယ်။
ပြီးတော့ ဒါက သစ်သားပြုပြင်ခြင်းကို ပိုလွယ်ကူတဲ့ နည်းလမ်းတွေနဲ့ အချိန်တိုတိုနဲ့ အကျိုးများစွာရဖို့ စွန့်လွှတ်မှုတွေ လိုလိမ့်မယ်” လို့ Panzarasa က ပြောပါတယ်။
စက်တစ်ခုတည်းရဲ့ လျှပ်စစ်ထုတ်လွှတ်မှုက ကျွန်တော်တို့ ထုတ်ထားတဲ့တစ်ခုလောက် မမြင့်မားသော်လည်း ပိုကြီးတဲ့ ကြမ်းခင်းယူနစ် တလျှောက်ရှိ ကိရိယာများစွာရဲ့ပေါင်းစည်းမှုက နောက်ဆုံးတွင် စွမ်းအင်ပမာဏ များစွာကို ထုတ်ပေးလိမ့်မှာဖြစ်ပါတယ်။
ကိရိယာကို အတိုင်းအတာ ချဲ့ထွင် နိုင်လျှင် သစ်သား nanogenerators တွေက သက်တမ်း တစ်လျှောက်လုံးတွင် ကမ္ဘာ့ ရာသီဥတု ပြောင်း လဲမှုလျော့ပါးရေးကို ထောက်ပံ့ရင်း အနာဂတ်၌ အကျိုးပြုတဲ့ စမတ်အဆောက်အအုံများတွင် ပုံမှန်အသုံးပြုသည့် ပစ္စည်း ဖြစ်လာနိုင်ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။