လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ပြင်သစ်၏ တစ်စီး ထဲသော နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ချားလ်ဒီဂူးလ် Charles De Gaulle လေယာဉ်တင် သင်္ဘောအုပ်စုမှာ လေယာဉ်တင် သင်္ဘောအပြင် Horizon အတန်းအစား ဖရီးဂိတ် Chevalier Paul တစ်စီး၊ FREMM အတန်းအစား Provence ဖရီးဂိတ်တစ်စီး နှင့် ထောက်ပံ့ရေး သင်္ဘော တစ်စီး ပါဝင်ပါတယ်။
Charles De Gaulle ပြင်သစ် လေယာဉ်တင် သင်္ဘော အုပ်စု အပြည့်အစုံတွင် ပါဝင်နိုင်မည့် သင်္ဘောများ နှင့် လေယာဉ်များ အကြောင်းကို ဖော်ပြပေးလိုပါတယ်။
Charles De Gaulle လေယာဉ်တင် သင်္ဘော
ပြင်သစ်လေယာဉ်တင်သင်္ဘောဟာ အမေရိကန် လေယာဉ်တင် သင်္ဘောများပြီးရင် တစ်စီးထဲသော ဥရောပ၏ နျူက လီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောဖြစ်ပြီး၊ တစ်စီးထဲသော Catapult သုံး လေယာဉ်တင် သင်္ဘောလည်း ဖြစ်ပါတယ်။
ဒီ လေယာဉ်တင်သင်္ဘောဟာ တန် ၄၂၅၀၀ အလေးချိန်ရှိပြီး လေယာဉ်တွေ အဆင်း အတက်ပြုလုပ်ဖို့ ၇၅ မီတာ ရှည်တဲ့ ပြေးလမ်း ပါရှိပါတယ်။

တပ်ဆင်ထားတဲ့ လေယာဉ်အရှိန်မြှင့်တင်ပေးတဲ့ လောက်လွှဲစနစ် (Catapult) ဟာ ၁၅ တန်မှ ၂၅ တန်အထိရှိတဲ့ လေယာဉ်ကို တစ်နာရီကို ၂၆၀ ကီလိုမီတာ အမြန်နှုန်းအထိ တွန်းတင်ပေးနိုင်ပါတယ်။
Frigate သင်္ဘောများ၊ ရေငုပ်သင်္ဘော နှင့် ထောက်ပံ့ရေး သင်္ဘော
Chevalier Paul ဖရီးဂိတ်ဟာ ၂၀၀၉ ခုနှစ် ဇွန်လမှ တပ်တော်ဝင်ခဲ့တဲ့ Horizon အတန်း အ စား ဖရီးဂိတ်စစ်ရေယာဉ် ဖြစ်ပါတယ်။ ဒီစစ်ရေယာဉ်ဟာ ၁၇ ရာစုက ပြင်သစ် ရေတပ် စစ်ဦးစီး Chevalier Paul အမည်ကို ခေါ်တွင်တဲ့ တတိယမြောက် သင်္ဘောဖြစ်ပါတယ်။
ဒီ ဖရီးဂိတ်စစ်ရေယာဉ်ရဲ့ အဓိက တာဝန်ကတော့ လေယာဉ်တင်သင်္ဘောကို စောင့်ရှောက်ပေးဖို့ နှင့် ကုန်းရေ နှစ်သွယ် စစ် ဆင်တဲ့အခါမှာ ဟယ်လီကော်ပတာတင် ကုန်းရေ နှစ်သွယ် စစ်ဆင်ရေး သင်္ဘောများကို ကာကွယ် ပေးဖို့ ဖြစ်ပါတယ်။
ဒီသင်္ဘောဟာ အကာအကွယ်နည်းတဲ့ သင်္ဘောတွေကို ကာကွယ်ခြင်း၊ အထူးတပ်ဖွဲ့ စစ်ဆင်ရေးများကို ကူညီခြင်း၊ ထောက် လှမ်းမှုများ ပြုလုပ်ခြင်း အပါအဝင် တာဝန်များစွာ ထမ်းဆောင်နိုင်ပြီး စစ်ဧရိယာအတွင်းမှာ လေကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများပါ လုပ်ဆောင် နိုင်ပါတယ်။
Auvergne (D654) နှင့် Provence (D652) တို့ဟာ Aquitaine အတန်းအစား ဖရီးဂိတ် စစ်ရေယာဉ်များဖြစ်ပြီး FREMM ဘက်စုံသုံး ဖရီးဂိတ် စီမံကိန်းမှ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Var ဆိုတဲ့ သင်္ဘောကတော့ Durance အတန်းအစား အမိန့်ပေးနှင့် ဖြည့်တင်းရေး သင်္ဘောဖြစ်ပြီး လေယာဉ်တင် သင်္ဘော အုပ်စု၏ လောင်စာဆီသယ် သင်္ဘော အဖြစ် အဓိက တာဝန် ထမ်းဆောင် ပါတယ်။ အိန္ဒိယပင်လယ်မှာ Var ကို အလံတင်သင်္ဘောအနေဖြင့် တာဝန်ထမ်းဆောင်စေခဲ့ ဖူးပါတယ်။

ဒီ လေယာဉ်တင် သင်္ဘော အုပ်စုမှာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စီး (SNA) က ကင်းထောက်နှင့် ကြို တင် သတိပေးမှုများ ပြုလုပ်ဖို့အတွက် တာဝန်ယူပေးပါတယ်။
Altantique 2 ပင်လယ်ပြင် ကင်းထောက်လေယာဉ် ဟာ မြေပြင်မှာ အခြေစိုက်ပြီးတော့ လေယာဉ်တင် သင်္ဘောအုပ်စုနှင့် တွဲဖက် အလုပ်လုပ်နိုင်ပြီး ပင်လယ်ပြင်အတွင်း ထောက်လှမ်း ရေးများနှင့် ရေငုပ်သင်္ဘော ရှာဖွေရေး လုပ်ငန်းများကို လုပ်ဆောင် နိုင်ပါတယ်။
လေယာဉ်တင် သင်္ဘောပေါ်မှ လေယာဉ်များ
Rafale တိုက်လေယာဉ်များ
Charles De Gaulle မှာ တင်ဆောင်ထားတဲ့ လေယာဉ်များ မှ F3-R standard Rafale တိုက်လေယာဉ်များဟာ Rafale F3 standard များမှ ခွဲထွက်လာတာ ဖြစ်ပါတယ်။
ဒီလေယာဉ်တွေမှာ AESA ရေဒါတွေကို ၂၀၁၃ လောက်ကတည်းက တပ်ဆင်ထားတာဖြစ်ပြီး ဥရောပလုပ် Meteor တာဝေးပစ် ဝေဟင်မှ ဝေဟင် ဒုံးကျည်များကို တင်ဆောင်နိုင်ပါတယ်။
ဒါ့အပြင် Thales Taolios မှ ထုတ်လုပ်ထားသည့် လေဆာ လမ်းညွှန် စနစ်များကို အသုံးပြုပြီး ဝေဟင်မှ မြေပြင် တိုက်ခိုက်ရေး များလည်း နေ့ရော ညပါ လုပ်ဆောင်နိုင်ပါတယ်။
ပင်လယ်ပြင် စစ်ဆင်ရေးများအတွက် Exocet AM39 Block 2 ဒုံးကျည်များလည်း တင် ဆောင် နိုင်ကာ Scalp/Storm Shadow ခရုစ်ဒုံးကျည်များ အထိ တင်ဆောင်နိုင်ပါတယ်။

E-2C Hawkeye ထောက်လှမ်းရေးလေယာဉ်
E-2C ကတော့ အင်ဂျင် ၂ လုံးတပ်၊ crew member ၅ ယောက် တင်ဆောင်နိုင်သည့် တာဘို အင်ဂျင်သုံး ပန်ကာတပ် လေ ယာဉ် ဖြစ်ပါတယ်။ ၎င်းလေယာဉ်ဟာ အချင်း ၂၄ ပေရှိ ရေဒါကို ကိုယ်ထည်ပေါ်မှာ တပ်ဆင်ထားပါတယ်။
ဒီ Hawkeye လို့ခေါ်တဲ့ အမေရိကန်လုပ် E-2C လေယာဉ်ဟာ ရာသီမရွေး လေကြောင်း ကြိုတင်သတိပေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ပြီး လေကြောင်း စစ်ပွဲ စီမံခန့်ခွဲခြင်း၊ အမိန်းပေးခြင်းနှင့် ထိန်းချုပ်ခြင်းများကို လေယာဉ်တင် သင်္ဘောအုပ်နှင့် အတူ တပ်ဖွဲ့ ဦးစီးမှူးနှင့် တွဲဖက် အလုပ်လုပ်နိုင်ပါတယ်။
ဒါ့အပြင် မြေပြင် ထောက်လှမ်းရေးများ၊ ဝေဟင်တားဆီးမှု တာဝန်များ၊ တိုက်စစ်နှင့် ခံစစ် တန်ပြန် လေကြောင်း ထိန်ချုပ်မှုများ၊ အနီးကပ်ပစ်ကူမှုတွင် ပူးပေါင်းဆောင်ရွက်ပေးခြင်းများ၊ ရှာဖွေကယ်ဆယ်ရေးများ နှင့် ဆက်သွယ်ရေး အတွက် အသုံး ပြုမှုများ စသည့် စစ်ဆင်ရေးပေါင်းများစွာ ဆောင်ရွက်နိုင်ပါတယ်။
Eurocopter နှင့် NH90 ရဟတ်ယာဉ်
Eurocopter AS365 Douphin (Dolphin) ကတော့ အင်ဂျင် ၂ လုံးတပ် ဘက်စုံသုံး Airbus ကုမ္ပဏီမှ လက်ရှိ ထုတ်လုပ်နေတဲ့ အလယ် အလတ် ရဟတ်ယာဉ် တစ်စီးဖြစ်ပါတယ်။

NH90 ကတော့ အင်ဂျင်နှစ်လုံးတပ်၊ ဘက်စုံသုံး ရဟတ်ယာဉ်ဖြစ်ပြီး NATO တို့၏ ပင်လယ်ပြင်သုံး စစ်ဆင်ရေး ရဟတ် ယာဉ် လိုအပ်မှု အရ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဒီ ရဟတ်ယာဉ်ကို Airbus၊ Leonardo နှင့် Fokker တို့ပါဝင်တဲ့ NHIndustries က ထုတ် လုပ် ခဲ့တာ ဖြစ်ပြီး ၁၉၉၅ ခုနှစ် ဒီဇင်ဘာမှာ ပထမဆုံး ပျံသန်းခဲ့ကာ ၂၀၀၇ ခုနှစ်မှာ တာဝန် စ တင် ထမ်းဆောင် ခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။