ရုရှား၏ ဇူလိုင်လ ၂၀ ရက်နေ့က ပြသလိုက်တဲ့ ပဥ္စမမျိုးဆက် အပေါ့စား တိုက်လေယာဉ်သစ်ဟာ အမေရိကန် Northrop က ဒီဇိုင်းဆွဲထားတဲ့ ဘတ်ဂျက်တိုက်လေယာဉ် ဒီဇိုင်ဟောင်းနှင့် ဆင်တူနေတယ်လို့ ဝေဖန်နေကြပါတယ်။
ရုရှားဟာ ၎င်း၏ လေယာဉ်သစ်ကို F-35 ကဲ့သို့ ပဥ္စမမျိုးဆက် တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်ရန် အလို့ငှာ “Checkmate” လို့ တင်စားပြီး MAKS လေကြောင်းပြပွဲမှာ ပြသခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်လေယာဉ်ကို ၁၅ နှစ်အတွင်းမှာ အစင်းရေ ၃၀၀ လောက် ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပြီး ၂၀၂၃ ခုနှစ်မှာ စတင်ပျံသန်းနိုင်ကာ ၂၀၂၆ ခုနှစ်တွင် ထုတ်လုပ်မှုတွေ စတင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
အဲဒီ့နေ့က ရုရှား သမ္မတပူတင်ကိုယ်တိုင် လေကြောင်းပြပွဲကို တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသေးတယ်။

လေကြောင်းကျွမ်းကျင်သူတယောက်၏ အဆိုအရ ဒီ တိုက်လေယာဉ်သစ်၏ ဒီဇိုင်းဟာ YF-23 အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ် ရှေ့ ပြေးပုံစံကို တင်သွားခဲ့သည့် Northrop ၏ ၁၉၉၀ ခုနှစ်များက ဘတ်ဂျက် တိုက်လေယာဉ် ဒီဇိုင်းနှင့် ဆင်တူနေတယ်လို့ သုံးသပ်ပါတယ်။
Multi-Role Fighter (MRF) စီမံကိန်းဟာ အဆင့်မြင့် နည်းဗျူဟာတိုက်လေယာဉ် စီမံကိန်း Advanced Tactical Fighter (ATF) စီမံကိန်း အပြီးမှာ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
Lockheed ၏ YF-22 ဟာ ATF စီမံကိန်းအတွက် အနိုင်ရပြီးနောက်မှာ အမေရိကန်လေတပ်ဟာ F-16 များကို အစားထိုးဖို့ရာ MRF စီမံကိန်းကို အစပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီ့ စီမံကိန်း၏ လိုအပ်ချက်များမှာ လေယာဉ်၏ တန်ဖိုး ၃၅ သန်းမှ သန်း ၅၀ ကြား ဖြစ်ရမှာဖြစ်ပြီး၊ ရေဒါပျောက်နိုင်သည့် စွမ်းရည်ရှိရမှာ ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ် ဩဂုတ်လမှာတော့ F-22 စီမံကိန်း ကုန်ကျမှုများကြောင့် ခေတ္တရပ်တည့်ထားပြီး ၁၉၉၃ ခုနှစ် အစောပိုင်းမှာ ၂၀၁၅ ခုနှစ်သို့ ရွှေ့ဆိုင်းရန် စီစဉ်ပြီးနောက် လုံးဝ ရပ်တန့်လိုက်ပါတယ်။

၎င်းမှ Sukhoi ရဲ့ Checkmate ဟာ Northrop ရဲ့ ဘတ်ဂျက်တိုက်လေယာဉ် ဒီဇိုင်းကို ယူသုံးတယ်လို့ မပြောလိုပေမယ့် စိတ်ဝင်စားစရာ ကောင်းလောက်အောင် တူညီမှုတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
Northrop ဟာ ၁၉၉၁ Dayton လေကြောင်းပြပွဲမှာ MRF-54E လို့ အမည်ရတဲ့ ဘတ်ဂျက် တိုက်လေယာဉ် တစင်းကို ပြသခဲ့ပြီး အဆိုပါလေယာဉ်နှင့် checkmate ဟာ ဆင်တူနေတာ ဖြစ်ပါတယ်။
ထိုကဲသို့ MRF-54E တိုက်လေယာဉ် ပုံစံ နှင့် ဆင်တူတဲ့အတွက် Checkmate ဟာ တိုက်ရိုက် ပုံတူကူးချတယ်လို့တော့ အဓိပ္ပါယ် မရပါဘူး။
ရုရှား၏ အင်ဂျင် တလုံးတပ် တိုက်လေယာဉ်သစ်ဟာ အမေရိကန်တို့၏ တန်ဖိုးနည်း ရေဒါပျောက် တိုက်လေယာဉ် ပြိုင်ဆိုင်မှုနှင့် သက်ဆိုင်တဲ့ ဒီဇိုင်းများကို ရှင်းလင်းစွာ သတိရစေပါတယ်။
Sukhoi ၏ တိုက်လေယာဉ်သစ် “Checkmate” ရဲ့ အချက်အလက်များကိုတော့ Knowledgeworms မှာ ဖော်ပြပြီး ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021