မန်စီးတီးအသင်းဟာ Super Sunday မှာ ကစားမည့် ပရီးမီးယားလိဂ်ပွဲစဥ်(၁၇) ချဲလ်ဆီး နဲ့ပွဲ တွင် အဓိက ကစားသမား (၅)ယောက် ပါဝင်နိုင်မည်မဟုတ်

Sports

မန်စီးတီးအသင်းဟာ COVID-19 Positive ကြောင့် အဓိကကစားသမား (၅)ယောက်မပါပဲ ချဲဆီးလ်အိမ်ကွင်းမှာ သွားရောက်ယှဥ်ပြိုင်ကစားရမှာ ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက အတည်ပြုပြောကြားလိုက်ပါတယ်။
တနင်္လာနေ့ကလည်း အဲဗာတန်ပွဲကိုလည်း ရပ်နားခဲ့ရပါသေးတယ်။
ခရစ်စမတ်ကာလမှာ မန်စီးတီးအသင်းဟာ COVID-19 Positive (၄) ယောက်တွေ့ရှိခဲ့တာဖြစ်ပြီး အဓိကကစားသမား (၂)ယောက််််််််ဖြစ်တဲ့ကီလီဝေါကာ နဲ့ ဂါဘရီရယ်ဂျေးဆပ် တို့လည်းပါခဲ့တာဖြစ်ပါတယ်။
နောက်တစ်ကြိမ် COVID test စစ်ဆေးတဲ့အခါမှာတော့အဓိကကစားသမား (၃) ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
“ခုတော့ အဓိက ကစားသမား(၅)ယောက်ကိို သီးခြား (၁၀)ရက် ထားရှိထာတယ်လို့” မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက သောကြာနေ့က ပြောကြားလိုက်တာပါ။
နောက်ထပ်တွေ့ရှိတဲ့ COVID-19 Positive (၃) ယောက်ဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ သူတို့ (၅)ယောက်စလုံး ဗုဒ္ဓဟူးနေ့မှာ ကစားမည့် မန်ချက်စတာယူနိုက်တက်နဲ့ CARABAO Cup semi-final ပွဲစဉ်မှာလည်း ပါဝင်နိုင်မှာမဟုတ်ပါဘူးလို့လည်း သိရပါတယ်။

Ref:firstpost sport

Leo…..

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *