ချီလီနိုင်ငံဟာ သူ့ရဲ့ Antipodas ပရောဂျက်အောက်တွင် photovoltaic စွမ်းအင်ကို တရုတ်နိုင်ငံထိ ရရှိစေရန်အတွက် ရေအောက် ကေဘယ်ကြိုးကို တည်ဆောက်နေကြောင်း ချီလီဆိုလာစွမ်းအင်အဖွဲ့အစည်း (ACESOL) အရ သိရပါတယ်။
ချီလီသမ္မတ Sebastián Piera က အမျိုးသားစီးပွားရေးလုပ်ငန်းရှင်များ အစည်းအဝေး (ENADE) အတွင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့အမြင့်ဆုံး ဆိုလာရောင်ခြည်နှင့်အတူ Atacama သဲကန္တာရရဲ့ ကြီးမားသော ဆိုလာစွမ်းအင်ကို အသုံးချရန် အဆိုပါ အစီအစဉ်ကို ရေးဆွဲထားပါတယ်။
ချီလီမှာ နေ့အချိန်နဲ့ ပစိဖိတ်ဒေသတခွင်မှာ ညအချိန်ဖြစ်ပြီး၊ အာရှမှာ ဆောင်းရာသီနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းမှာ နွေရာသီဖြစ်တဲ့အချိန်မှာ photovoltaic ထုတ်လုပ်မှုစွမ်းရည် ၂၀၀ မှ ၆၀၀ GW (gigawatt) မှ ထုတ်ပေးသော လျှပ်စစ်ဓာတ်အားကို ကေဘယ်မှတစ်ဆင့် အာရှနိုင်ငံတွေသို့ ပေးပို့နိုင်ပါတယ်။

“ကမ္ဘာပေါ်တွင် ဆိုလာရောင်ခြည် အမြင့်ဆုံးသော သဲကန္တာရတွေ ကျွန်တော်တို့မှာရှိပြီး အာရှနိုင်ငံတွေကို ထောက်ပံ့ရန်အတွက် ကျွန်တော်တို့နေ့စဉ် တင်ပို့နိုင်တဲ့ သန့်ရှင်းသော၊ ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော၊ ကုန်ကျစရိတ်သက်သာသော နေရောင်ခြည်စွမ်းအင်ကို ထုတ်လုပ်ရန်အတွက် အလွန်ကြီးမားသော စွမ်းအင်လည်း ရှိတယ်” လို့ Piñera က ပြောပါတယ်။
ချီလီရှိ ဖြစ်နိုင်ခြေရှိတဲ့ လေ့လာမှုတစ်ခုက ပစိဖိတ်ဆိပ်ကမ်းမြို့ Valparaiso မှ နယူးဇီလန်ကိုဖြတ်၍ အာရှသို့ လိုင်းတွေ ချိတ်ဆက်နိုင်သည့် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အထိ လည်ပတ်နိုင်မယ့် ကေဘယ်အတွက် အကောင်းဆုံးလမ်းကြောင်းကို တည်ဆောက်ခဲ့ပါတယ်။

သမ္မတရဲ့ ပြောကြားချက်အရ အဆိုပါစီမံကိန်းဟာ စီးပွားရေးရဲ့ အဓိကအာရှကဏ္ဍများနှင့် သုတေသနနဲ့ မဟာဗျူဟာမြောက် မဟာမိတ်တွေ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။
ကေဘယ်ကြိုးက ကီလိုမီတာ ၁၅,၀၀၀ ရှည်မှာဖြစ်ပြီး ကီလိုမီတာ ၁၃၀၀ အပိုင်းကို တည်ဆောက်ရန် ဒေါ်လာ ၂ ဘီလီယံ ကုန်ကျမှာ ဖြစ်ပါတယ်။
ထို့အပြင် IRENA ရဲ့ အဆိုအရ ချီလီတွင် တပ်ဆင်ထားသော photovoltaic ပမာဏ ၃,၁၀၆ MW ရှိပြီး ဆိုလာ စက်ရုံ အသစ်တွေ ဆောက် လုပ်ရန် လိုအပ်ပါတယ်။
ချီလီဟာ တောင်အမေရိကနှင့် အာရှကို ဆက်သွယ်ပေးသည့် ပထမဆုံးကေဘယ်စနစ် တည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဘရာဇီးနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ယခင်သီတင်းပတ်တုန်းက ကြေညာခဲ့ပါတယ်။

၁၃,၁၈၀ ကီလိုမီတာ (၈,၂၀၀ မိုင်) ကေဘယ်လ်ကြိုးကို လက်တွေ့အကောင်အထည်ဖော်ရန် ဘရာဇီးရဲ့ တရားဝင်ပါဝင်မှု မရှိမဖြစ်လိုအပ်ကြောင်း ချီလီနိုင်ငံခြားရေးဝန်ကြီး Andres Allamand က ပြောကြားခဲ့ပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။