ဧကရာဇ် ဘုရင် ချင် ရှီဟွမ်တီ

History Knowledge

တရုတ်ပြည်က မဟာတံတိုင်းကြီးဆိုတာ ကမ္ဘာ့အံ့ဖွယ်များအနက် တစ်ခုဖြစ်ပါတယ်။အဲဒီတံတိုင်းကြီးဟာ တရုတ်ပြည်မြောက်ပိုင်းကို ဖြတ်သန်းပြီး အကွာအဝေးအားဖြင့် ကီလိုမီတာ ၂၇၀၀ ကျော် ရှည်လျားကျယ်ပြန့်ပါတယ်။

အဲဒီတံတိုင်းကြီးရဲ့ အစိတ်အပိုင်းအများစုဟာ တရုတ်တစ်ပြည်လုံးကို ပထမဦးဆုံး အုပ်ချုပ်စိုးစံတဲ့ ဧကရာဇ် ဘုရင် ချင် ရှီဟွမ်တီ ရဲ့ အမိန့်အရ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဘီစီ ၂၅၉ မှာ ဘုရင် ချင် ရှီဟွမ်တီကို ရှေးတရုတ်ပြည် ချင် ပြည်နယ်စုတွင် မွေးဖွားခဲ့ပါတယ်။ဘီစီ ၂၄၆ ခုနှစ် သူ့အသက် ၁၃ နှစ် အရွယ်မှာတော့(ယနေ့ခေတ် ယနေ့အခါ – ကန်စု နဲ့ ရှန်စီ စီရင်စု ပြည်နယ်တွေဖြစ်တဲ့)တရုတ်ပြည် မြောက်ပိုင်းရှိ အင်အားတောင့်တင်းလှသည့် ချင် ပြည်နယ်ကြီးရဲ့ ထီးနန်းကို ဆက်ဆံစိုးစံခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် နန်းတက်ပြီး မကြာမီမှာပဲ အခြားတရုတ်ပြည်နယ်တွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ (ဘီစီ ၂၃၇-၂၂၁ အကြား ဖြစ်ပါတယ်။) အဲဒီလိုနဲ့ သူဟာ ဧကရာဇ်ဘုရင် ဖြစ်လာခဲ့တာပါ။

တရုတ်ပြည်က မဟာတံတိုင်းကြီး

ဘီစီ ၂၂၀ ခုနှစ်မှာတော့ မဟာတံတိုင်းကြီးကို ဆက်လက်တည်ဆောက်ရန် အမိန့်ညွန်ကြားခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ သူရဲ့ပိုင်နက် နယ်မြေတွေကို မွန်ဂိုလူမျိုးတွေ၊အာရှတိုက်အလယ်ပိုင်းက စစ်လိုလားတဲ့ လူမျိုးတွေရဲ့ရန်က ကာကွယ်ချင်လို့ပါ။

ဒါကြောင့် သူက ရန်သူကို ခုခံဖို့ အခိုင်အမာလုပ်ထားတဲ့ တံတိုင်းကြီးကို တိုးချဲ့ပြီး ပိုမိုခိုင်ခံ့အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတံတိုင်းကြီးရဲ့ အချို့အစိတ်အပိုင်းတွေကတော့ တည်ဆောက်ပြီးသားဖြစ်ပါတယ်။

အဲဒီတံတိုင်းကြီးကို အမြန်ဆုံးပြီးစီးဖို့အတွက် အလုပ်သမားအင်အား ယောင်္ကျား တစ်သန်းကျော်ကျော်ကို ဉပဒေပြဌာန်းပြီး မလုပ်မနေရ စေခိုင်းခဲ့တယ်လို့ဆိုပါတယ်။အလုပ်သမားတွေဟာတောင်တွေကျော် သဲကန္တာရ ဖြတ်ပြီး မနားမနေ မတရားစေခိုင်းခံရပြီး အလုပ်လုပ်ရတဲ့ အတွက် အားအင်ကုန်ခမ်းကာ အလုပ်သမား ထောင်ပေါင်းများစွာ ဆုံးပါးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခြားလက်လွတ် ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်စိုးသူတွေလိုပဲ ဘုရင် ချင် ဟာလည်း သူ့တစ်သက်တာမှာ ကြောက်ကြောက် ရွံ့ရွံ့ စိုးရိမ် ထိတ်လန့်စွာနဲ့ နေထိုင်ရှင်သန်ခဲ့ရပါတယ်။

သူစံမြန်းတဲ့ ဘုရင့်နန်းတော်မှာ အခန်းတွေ ထောင်နဲ့ချီပြီး ဆောက်လုပ်ထားပါတယ်။ သူက တစ်ညမှာ တစ်ခန်းပြောင်းပြီး အိပ်စက်တယ်လို့ဆိုပါတယ်။သူအိပ်နေတုန်း တစ်ယောက်ယောက်က လာလုပ်ကြံမှာစိုးလို့ပါပဲ။ သူဆုံးပါးသွားခဲ့ရင် ဘာဖြစ်နိုင်သလဲဆိုတာကိုတောင် ကြိုတင်စိုးရိမ်ပူပန်ကြောက်လန့်ခဲ့ပါတယ်။

နောက်ပြီး သူဟာ အလွန်ကြီးမားတဲ့ ဂူဗိမာန်ကြီးတစ်ခု ဆောက်လုပ်ပြီး အဲဒီအထဲမှာ တကယ့် လူတစ်ယောက်ရဲ့ အရွယ်အစားအတိုင်း စစ်သားရုပ်တပ်မတော်ကြီးတစ်ခုကို အပြည့်ဖြည့်တင်းထားပါတယ်။

အဲဒီ ရုပ်တုတွေကို တကယ့်ဓါးတွေ ၊ လှံတွေ၊ လေးတွေ၊မြားတွေ တပ်ဆင်ပေးထားပါတယ်။သူသေဆုံးတဲ့အခါမှာ သူ့ရဲ့ရုပ်ကလာပ်နဲ့သူ့ရဲ့ ဝိ၁ုာ-ဉ်ကို မကောင်းဆိုး ဝါး ဝိ၁ုာ-ဉ်တွေရဲ့ ဘေးရန်ကနေ အဲဒီ အရုပ်တပ်မတော်ကနေ အကာအကွယ်ပေးလိမ့်မယ်လို့ သူယုံကြည်မျှော်လင့်ခဲ့ပါတယ်။

သူဟာ တရုတ်ပြည်အရှေ့ပိုင်းကို လှည့်လည်ကြည့်ရှုစဉ် ၂၁၀ ဘီစီ၌ ကွယ်လွန်ခဲ့ပါတယ်။

ရှီဟွမ်တီကို နှောင်းခေတ်လူတို့က ကွန်ဖြူးရှပ်စ်ဝါဒအား နှိပ်ကွပ်သည်ကိုအကြောင်းပြုပြီး မုန်းတီးစိတ်အခံကြောင့် မျိုးမစစ်၊ လင်ကောင်မပေါ်ပဲမွေးသည့်သား အစရှိသဖြင့် ပြောဆိုရှုံ့ချကြသကဲ့သို့၊ ကွန်မြူနစ်တို့က တိုးတက်သောအမြင်ရှိသူဟု ဆိုကာ ချီးမြှောက်ကြသည်လည်းရှိပါတယ်။။

သူတည်ဆောက်ထားခဲ့တဲ့ ဂူ ဗိမာန်ကြီးကို မကြာမီက ပြန်လည်တူးဖော်တွေ့ရှိခဲ့ပြီး အဲဒီအထဲမှာပါတဲ့အရာတွေက တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ အာရုံစိုက် စိတ်ဝင်စားမှု ဖြစ်ပေါ်စေခဲ့ပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *