ထိုင်ဝမ်၏ လေကြောင်းကာကွယ်‌ရေး စနစ်ကို စမ်းသပ်နေဖွယ်ရှိတဲ့ တရုတ်လေတပ်

News

လက်ရှိ တရုတ်နိုင်ငံ၏ လေကြောင်းမှ စစ်ရေး လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် ၎င်းအနေဖြင့် ထိုင်ဝမ်ဟာ ကြီးမားတဲ့ လေကြောင်း တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမရှိ စမ်းသပ်နေသည့် သဖွယ် ဖြစ်နေပါတယ်။

ကံမကောင်းတာကတော့ ထိုင်ဝမ်မှာ ကြီးမားတဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်များ သို့မဟုတ် အဆင့်မြင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် (SAM) အရေအတွက် အများအပြား ထားရှိပုံမရပါဘူး။

တရုတ်ဟာ မကြာသေးမီကပဲ ထိုင်ဝမ်၏ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန် Air Defense Identification Zone (ADIZ) ကို ဖြတ်ပြီး ပျံသန်းမှုများ ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီ့လို ပျံသန်းခဲ့မှု ဖြစ်စဉ်တွင် တရုတ်မှ အင်ဂျင် ၂ လုံးတပ် J-16 တိုက်လေယာဉ်များနှင့် Chengdu J-10 တိုက်လေယာဉ်များ ပါဝင်ခဲ့ပါတယ်။

J-16 တိုက်လေယာဉ် တစင်း

တရုတ်ဟာ အောက်တိုဘာလ ၂၀၂၁ ခုနှစ်အတွင်းကလည်း အဆိုပါ လေကြောင်းကာကွယ်ရေး ဇုန်နေရာမှာ ပိုပြီး ကြီးမားတဲ့ လေယာဉ် အရေအတွက်ဖြင့် ပျံသန်းခဲ့ပါသေးတယ်။

ယခုလို ရန်လိုသည့် အပြုအမူကို ကြည့်ခြင်းအားဖြင့် ၎င်းဟာ ထိုင်ဝမ်နိုင်ငံ၏ ကြီးမားသည့် လေကြောင်းတိုက်ခိုက်မှုအပေါ် တုံ့ပြန်နိုင်မှုအပေါ်မှာ စိတ်ဝင်စားမှုရှိနေတာကို ညွှန်ပြနေပါတယ်။

ထိုင်ဝမ် စစ်တပ်ဟာ Patriot ဒုံးခွင်းဒုံးများကို တပ်ဆင်ထားသည်မှာ လူတော်တော်များများ သိရှိပြီးဖြစ်ကာ နောက်ထပ်လည်း ဝယ်ယူဖို့ စီစဉ်နေတဲ့လို့ သတင်းအများအပြားက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် Patriot ကြားဖြတ် ဒုံးခွင်းဒုံးများကို တိုက်လေယာဉ်များအား တန်ပြန်ဖို့ရာအတွက် တပ်ဆင်ထားခြင်းတော့ မရှိပါဘူး။

Patriot ဒုံးကျည်ဟာ သတ်မှတ်ထားသည့် နယ်မြေအတွင်း ဝင်ရောက်လာနိုင်သည့် ပဲ့ထိန်းတပ် ဒုံးကျည်များကို ခြေရာခံနောက်ပြီး ဖျက်ဆီးနိုင်ပါတယ်။

ဒီစနစ်ဟာ များပြားလှတဲ့ ရွေ့လျား ပစ်မှတ်များကို တပြိုင်နက် ခြေရာခံ နိုင်စွမ်း ရှိပါတယ်။

Chengdu J-10

ဒါပေမယ့် ခေါင်းပေါ်မှာ ပျံသန်းနေတဲ့ တိုက်လေယာဉ်များကိုတော့ Patriot ဟာ တိုက်ခိုက်နိုင်ဖို့ အခွင့်အလမ်း မရှိပါဘူး။

ဒါဆိုရင် ထိုင်ဝမ်ဟာ တရုတ်တိုက်လေယာဉ်များကို SAM ဒုံးကျည်များဖြင့် တန်ပြန်နိုင်ပါ့မလား ဆိုတော့ ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ပါတယ်လို့ ဆိုလိုက်တာနဲ့ ဒီလို အောင်မြင်နိုင်တဲ့ စွမ်းဆောင်မှုအတွက် အရွယ်အစားတွေ၊ အရေအတွက်တွေနဲ့ နယ်မြေတွေ အကြောင်းကို မေးခွန်းထုတ်ချင်လာပါလိမ့်မယ်။

ထိရောက်တဲ့ SAM ဒုံးကျည်များဟာ ထိုင်ဝမ်အတွက် ကြီးမားသော တရုတ်လေကြောင်း လှုပ်ရှားမှုကို တန်ပြန်ရန် ဖြစ်နိုင်ပါ့မလား။

အဲဒါဟာ မရှင်းလင်းဘူး ဖြစ်နေမှာပါ။

Patriot စနစ်

ထိုင်ဝမ်အခြေစိုက် National Chung-Shan Institute of Science and Technology မှ တည်ဆောက်ထားသည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များကို ပြည်တွင်းမှာသာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒီလက်နက်များဟာ ပဲ့ထိန်း ဒုံးကျည်များ၊ တိုက်လေယာဉ်များ နှင့် ကီလိုမီတာ ၂၀၀ လောက်အကွာအဝေးတွင် ရှိနေတဲ့ လေကြောင်း ပစ်မှတ်များကို ခြေရာခံနိုင်ပြီး ကြားဖြစ်နိုင်စွမ်း ရှိကြောင်းကို Army Technology ဝက်ဘ်ဆိုက်ဒ် အရ သိရပါတယ်။

Sky Bow III လို့လည်း သိကြတဲ့ Tien-Kung III မြေပြင် အခြေစိုက် လေကြောင်း ကာကွယ်ရေး လက်နက်စနစ်ဟာ တက်ကြွ ရေဒါလမ်းညွှန် စနစ်ဖြင့် အလုပ်လုပ်တာ ဖြစ်ပါတယ်။

Tien-Kung III Courtesy of Army Technology

“တပ်ဆင်ထားသည့် ထိပ်ဖူးမှ စွမ်းအင်မြင့် အပိုင်းအစများ ထွက်ပေါ်လာစေနိုင်သဖြင့် ဒုံးကျည်ဟာ ပစ်မှတ်ကို တချက်ထဲဖြင့် ချေမှုန်းနိုင်စွမ်း ရှိတယ်” လို့ Army Technology ၏ အချက်အလက်များတွင် ဖော်ပြထားပါတယ်။

“ဒုံးပျံ ပစ်လွှတ်စနစ်တွင် TK II နှင့် TK III ဒုံးကျည်များကို ပံ့ပိုး ပေးနိုင်သည့် ကွန်တိန်နာ ၄ လုံး ပါဝင်ပါတယ်”

အဆိုပါ လက်နက်များကို လက်ရှိတွင် ထိုင်ဝမ် နိုင်ငံ တဝှမ်းမှ သတ်မှတ်ထားသည့် နေရာများတွင် ဖြန့်ကျက် တပ်ဆင်ထားပါတယ်။

၂၀၂၁ ဩဂုတ်လတွင် Radio Taiwan Internationl ၏ ကြေငြာချက်အရ ထိုင်ဝမ်ဟာ Miaoli ဒေသ မှာရှိတဲ့ ဒုံးကျည် အခြေစိုက်စခန်း ၁၂ ခုကို တည်ဆောက် မွန်းမံနေပြီး Sky Bow III များကို တပ်ဆင် သွားမယ်လို့ သိရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *