တရုတ်နိုင်ငံရဲ့ တိုးတက်မှုဟာ ဖြည်းဖြည်းနဲ့ မှန်မှန် ထိပ်ဆုံးသို့ရောက်အောင် လုပ်ဆောင်နေပါတယ်။
တရုတ်နိုင်ငံဟာ အာကာသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့်ပတ်သက်ပြီး ခေါင်းစီးသတင်းများ မကြာခဏ တင်လေ့ရှိပြီး ယခုအခါမှာတော့ ၎င်းရဲ့ ရေငုပ်သင်္ဘော စစ်ဆင်ရေးအတွက် ကမ္ဘာ့အကြီးဆုံး အင်တင်နာကို လည်ပတ်နေပြီဟု ဆိုပါတယ်။
အင်တင်နာရဲ့ ထူးခြားချက်က ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်ရှိ အကြီးဆုံးအမေရိကန်စစ်အခြေစိုက်စခန်းဖြစ်တဲ့ ဂူအမ်သို့ ရောက်ရှိဖို့ မိုင်ပေါင်း ၁၉၀၀ (ကီလိုမီတာ ၃၀၀၀) ကျော် ရေအောက် ဆက်သွယ်ရေးကို ထိန်းသိမ်းနိုင်ဖို့အတွက် ဒီဇိုင်းထုတ်ထားတယ်ဟု
Wuhan Maritime Communication Research Institute မှ စီမံကိန်းရဲ့ ဦးဆောင်အင်ဂျင်နီယာ Zha Ming နှင့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များက ပြောကြားခဲ့တယ်ဟု South China Morning Post (SCMP)မှာ ဖော်ပြထားပါတယ်။
အဆိုပါ ဧရာမ အင်တင်နာကြီးရဲ့ လက်ရှိ တည်နေရာကို မသိရသေးသော်လည်း ပေကျင်းမြို့ တောင်ဘက် မိုင် ၆၂၀ (၁၀၀၀ ကီလိုမီတာ)၊ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Dunhuang ရဲ့ အရှေ့တောင်ဘက် ၁၂၄၂ မိုင် (ကီလိုမီတာ ၂၀၀၀) နှင့် စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းရှိ Mianyang အရှေ့ဘက် မိုင် ၆၂၀ (ကီလိုမီတာ ၁၀၀၀) အကွာ တနေရာရာမှာ တည်ရှိတယ်ဟု ဆိုပါတယ်။

China Journal of Ship Research တွင် ထုတ်ဝေထားတဲ့ စာတမ်းတစ်ခုမှာဆိုရင် ပင်လယ်ကြမ်းပြင်အောက် ပေ ၇၀၀ (မီတာ ၂၀၀)မှာရှိတဲ့ စက်တွေဟာ ဧရာမအင်တင်နာရဲ့ မိုင် ၈၀၀ (ကီလိုမီတာ ၁၃၀၀) အကွာမှ အချက်ပြများကိုတောင် ကောက်ယူနိုင်ကြောင်း အသေးစိတ်ဖော်ပြထားပါတယ်။
အဆိုပါ ကြီးမားတဲ့ အင်တာနာကို ပုံမှန်ဓာတ်အားလိုင်းများနှင့် ဆင်တူတဲ့ ကေဘယ်များနှင့် ဓာတ်တိုင်များရဲ့ ကြီးမားတဲ့ ကွန်ရက်ကို အသုံး ပြု၍ တည်ဆောက်ထားပါတယ်။
အဆိုပါ စနစ်ဟာ လျှပ်စစ်စီးကြောင်းဖြင့် အားသွင်းတဲ့ မြေအောက်ထုတ်လွှင့်မှုနှစ်ခုမှတစ်ဆင့် လုပ်ဆောင်တဲ့အတွက်ကြောင့် ကမ္ဘာမြေကို အလွန်ကြီးမားတဲ့ ရေဒီယိုအသံလွှင့်ဌာနတစ်ခုအဖြစ် ပြောင်းလဲစေတယ်ဟု SCMP မှာ ဖော်ပြထားပါတယ်။
သုတေသနအဖွဲ့ရဲ့အဆိုအရ တရုတ်အင်တင်နာဟာ 0.1 ကနေ 300 Hz လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်ပေးနိုင်ပြီး စစ်ဘက်မဟုတ်တဲ့အသုံးပြုသူများအတွက် ဖွင့်လှစ်ထားတဲ့ ကမ္ဘာ့ပထမဆုံးသော အလွန်နိမ့်တဲ့ ကြိမ်နှုန်းသုံး (ELF) အင်တာနာ ဖြစ်ပါတယ်။
အဆိုပါ လှိုင်းတွေဟာ ရေအောက်နှင့် မြေမျက်နှာပြင်အောက် အကွာအဝေးကို လွယ်ကူစွာ သွားလာနိုင်ပါတယ်။
ဒါပေမယ့်လည်း ချိန်ညှိရတာဟာ မလွယ်ကူဘူး လို့ ဆိုပါတယ်။

လျှပ်စစ်စီးကြောင်းတွေ အားကောင်းလွန်းပါက ၎င်းတို့ဟာ ကေဘယ်ကြိုးများရဲ့ conductivity ကို ထိခိုက်စေနိုင်တဲ့ သံလိုက်စက်ကွင်းတစ်ခု ဖန်တီးဖြစ်ပေါ်နိုင်ပါတယ်။
ဒါ့ကြောင့် ထုတ်ပေးတဲ့ ရေဒီယိုလှိုင်းတွေကို ကောင်းမွန်စွာ ချိန်ညှိဖို့ လိုပါတယ်။
အဆိုပါ ပြဿနာများအတွက် ဖြေရှင်းနည်းများ ရှိပြီး စက်ရုံဟာ ယခင်သတ်မှတ်ထားသည့် လိုအပ်တဲ့ စံနှုန်းများကို ကျော်လွန် ဖြေရှင်းနိုင်သွားပြီ ဖြစ်ကြောင်း အဖွဲ့က ပြောကြားခဲ့ပါတယ်။
အဆိုပါ အချက်ပြမှုတွေကို ဝေးကွာလွန်းတဲ့ အကွာအဝေး အတွက် အရေးကြီးတဲ့ စာတိုများပေးပို့ဖို့ နဲ့ လက်ခံဖို့ အဓိကအသုံးပြုမှာ ဖြစ်ပြီး ကမ္ဘာ့မျက်နှာပြင် အောက်ရှိ ပြတ်ရွေ့ကြောများကို စောင့်ကြည့်ဖို့ နှင့် တရုတ်နိုင်ငံရှိ မြို့များအတွက် ဖြစ်နိုင်ခြေရှိတဲ့ ငလျင်အန္တရာယ်များကို အကဲဖြတ်နိုင်ဖို့အတွက်လည်း ငလျင်ပညာရှင်များအနေနဲ့ အသုံးပြုနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။