တရုတ်ရေတပ်ရဲ့ ကျန်ကျားကော် လို့ အမည်ရတဲ့ Type 056A Jiangdao အတန်းအစား corvette စစ်ရေယာဉ် ဟာ ပင်လယ်ဝါထဲမှာ ပစ်ခတ်ခြင်းလေ့ကျင့်ခြင်းများပြုလုပ်ခဲ့ပါတယ်။
၂၀၂၀ ဒီဇင်ဘာလလယ်မှာ တရုတ်ပြည်သူ့တပ်မတော် PLA မြောက်ပိုင်း စစ်ဌာနချုပ် လက်အောက် ရှိ တရုတ်ရေတပ်မှ ဖရီးဂိတ်စစ်ရေယာဉ်အုပ်နှင့် ကျန်းကျားကော် (ကိုယ်ထည်နံပါတ် 605) corvette တို့ တွဲဖက်ပြီး ပင်လယ်ဝါအတွင်း ပင်မအမြောက်ဖြင့် ပစ်မှတ်တုများကို ပစ်ခတ် စမ်းသပ် လေ့ကျင့်ခြင်းများကို ပြုလုပ်ခဲ့တာပါ။
ဒီ ကျန်းကျားကော် အမည်ရတဲ့ corvette ရေယာဉ်ကို ၂ဝ၁၉ ခုနှစ်ဇန်နဝါရီလတွင်စတင် မိတ်ဆက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလတွင်တပ်တော်ဝင်ခဲ့ပါတယ်။ Type 056 တွေဟာ တရုတ် ရေတပ်ရဲ့ Corvette အမျိုအစား ရေယာဉ်တွေဖြစ်ပြီး Type 056A တွေကတော့ ရေငုပ် သင်္ဘောတိုက်ဖျက်ရေး anti-submarine warfare (ASW) မျိုးကွဲဖြစ်ပြီး ရေငုပ် သင်္ဘော များကို အနက်မျိုးစုံမှ ရှာဖွေခြင်းနှင့် နောက်ယောင်ခံခြင်းများ ပြုလုပ်နိုင်တဲ့ ဆိုနာ စနစ်များ တပ်ဆင်ထားပါတယ်။
ဒီ corvette ရေယာဉ်ဟာ အရှည် မီတာ ၉၀ အကျယ် ၁၁.၁၄ မီတာ၊ ရေစူး ၄ မီတာ နှင့် တန် ၁၅၀၀ ရှိပါတယ်။
သင်္ဘော တွင် SEMT Pielstick PA6-STC ဒီဇယ်မော်တာနှစ်ခုတပ်ဆင်ထားပြီး အမြင့်ဆုံး ၂၅ နော့တီကယ်မိုင် (တစ်နာရီလျှင် ၂၉ မိုင် သို့မဟုတ် ၄၆ ကီလိုမီတာ) ဖြင့် မောင်းနှင်နိုင်ပြီး၊ ၁၅ နော်တီကယ်မိုင် (တစ်နာရီလျှင် ၁၈ မိုင်နှုန်း သို့မဟုတ် ၃၀ ကီလိုမီတာ) အမြန်နှုန်းနှင့်
၂၅၀၀ နော်တီကယ်မိုင် (၆၅၀၀ ကီလိုမီတာ သို့မဟုတ် ၄၀၀၀ မိုင်) အထိစစ်ဆင်နိုင်ပါတယ်။ သင်္ဘော၏နောက်ဘက်တွင် Z-11 သို့မဟုတ် Z-9 ရဟတ်ယာဉ်လို အပေါ့စားမှ အလတ်စား ရဟတ်ယာဉ်များကို အသုံးပြုနိုင်သည့်လေယာဉ်ပျံကုန်းပတ်ပါရှိပါတယ်။
တပ်ဆင်ထားတဲ့ လက်နက်များကတော့
- AK-176 76 mm naval gun တစ်ခု
- ၃၀ မီလီမီတာ အလိုအလျှောက် စစ်အမြောက်နှစ်ခု
- ဒုံးပစ်လောင်ချာစင် ၈ ခု (MLRS Multi Barrel Rocket Launchers)
- 8 Cell FL-3000N SAM (Surface to Air) မြေပြင်မှ ဝေဟင်ပစ်ဒုံးစင်
- ၃၂၄ မီလီမီတာ တော်ဒီပို သုံးခုတွဲပစ်ခတ်နိုင်တဲ့ ပြွန် ၂ ခု
တို့ပါဝင်ပါတယ်။