အဆင့်မြှင့်တင်ထားတဲ့ တရုတ်နိုင်ငံ၏ DF-17 Hypersonic ဒုံးကျည်

Military

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၃၁)ရက်နေ့က ပြုလုပ်ခဲ့တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုံးတပ်ဖွဲ့၏ ၅ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပသည့် ဗီဒီယိုကို တရုတ်ပြည့်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဝက်ဆိုက် စာမျက်နှာာ (81.n) မှာ ဖော်ပြခဲ့ရာမှာတော့ စစ်ဘက်လေ့လာသူများက အရင်မသိရှိခဲ့တဲ့ ဒုံးကျည်၊ transporter erector launcher (TEL) အမျိုးအစားကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ကျွမ်းကျင်သူများကတော့ အဲဒီဒုံးကျည်ဟာ တရုတ်၏ အဆင့်မြင့်လက်နက်တစ်ခုဖြစ်သည့် DF-17 ဒုံးကျည်ကို အဆင့်မြှင့်တင်ထားခြင်းပဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ရဲ့စွမ်းရည်ဟာရန်သူ့ထောက်လှမ်းမှုကနေ ကာကွယ်ရန်နှင့် ခက်ခဲရှုပ်ထွေးသော စစ်မြေပြင်ပတ်ဝန်းကျင်ကနေ မိမိကိုယ်ကိုကာကွယ်နိုင်တယ်လို့ဆိုပါတယ်။


ဗီဒီယိုရဲ့အဆိုအရ အဲဒီဒုံးကျည်ဟာ အဆင့်မြင့် ကိုယ်ယောင်ဖျောက်ထားပြီး ပတ်ဝန်းကျင်နှင့်တသားတည်းဖြစ်အောင် ပြောက်ကျားသယ်ယူ ပို့ဆောင်နိုင်မှုနှင့်အတူ ကန္တာရမြေပြင်ပေါ်တွင် သာမန် ကားတစ်စီး မောင်းနှင်နေသကဲ့သို့ ဒုံးကျည်ကို ထည့်သွင်းပြုလုပ်ထားတာပါ။

ဗီဒီယိုတွင် ဒုံးကျည်၏ သတ်မှတ်ချက်ကို အတိအကျ မဖော်ပြထားသော်လည်း ရှန်ဟိုင်းအခြေစိုက် east day.com ကတော့ DF-17 ဟာ Hypersonic ဒုံးကျည်အဖြစ် အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းဖြစ်တယ်လို့ ပြီးခဲ့တဲ့ စနေနေ့က အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

အစီရင်ခံစာအရ ၂၀၁၉ ခုနှစ် အမျိုးသားနေ့ စစ်ရေးပြပွဲမှာ DF-17 ကို အဖုံးအကာမပါရှိခဲ့ဘဲ TEL ရဲ့နောက်ဘက်မှာ ဒုံးကျည်တစ်ခုလုံး ပြသခဲ့ပြီးနောက် အဆင့်မြင့်တင်ထားတဲ့ DF-17ဟာ ပြည့်စုံလွန်းတယ်လို့ဆိုပါတယ်။


ဒုံးကျည်ကို ဖုံးအုပ်ထားခြင်းသည် ဒုံးကျည်ရဲ့ မိမိကိုယ်ကိုဖုံးကွယ်ထားနိုင် ပြီး ပြင်ပ ပတ်ဝန်း ကျင်မှ ကာကွယ်နိုင်သည်ဟု တရုတ်စစ်ဘက်ကျွမ်းကျင်သူ နှင့် ဝေဖန်သုံးသပ်သူ ဆောင်ဇောင်းပင် က ဂလိုဘယ်တိုင်းမ်းကို ပြောကြားခဲ့ပါတယ်။

အပြည့်အဝဖုံးကွယ်ထားတဲ့ TEL ဟာ ရန်သူ့လေကြောင်း‌ သို့မဟုတ် ဂြိုလ်တု ထောက်လှမ်းခြင်းမှ ရှာဖွယ်ရန်ခက်ခဲစေနိုင်မှာ ဖြစ်ပြီး၊ရှုပ်ထွေးသော မြေပြင်အနေအထားကို ဖြတ်ကျော်နိုင်ပြီး ပြင်းထန်သော ရာသီဉတု အခြေအနေများ သို့မဟုတ် ရှုပ်ထွေးသော စစ်မြေပြင် အနေ အထား များကြောင့် ထိခိုက်လိမ့်မည်မဟုတ်ဟု လေ့လာသူများက သုံးသပ်ကြပါတယ်။

transporter erector launcher


စီစီတီဗွီ၏ သီးခြားအစီအရင်ခံစာမှာတော့ ပုံစံသစ် ဒုံးကျည် TEL နှင့် ဆက်စပ် ပစ္စည်းတွေကို မကြာသေးမီက လက်ခံရရှိခဲ့တဲ့အတွက်ကြောင့် ဒုံကျည်၏ ဒုံးခန်းကို အပြည့်အဝ ကာကွယ်ပေးနိုင်ပြီလို့ ဆိုထားပါတယ်။ အစီရင်ခံစာမှာ ဒုံကျည်၏ ပုံစံကို မဖော်ပြပေမယ့် ၂၀၁၉ ခုနှစ် အမျိုးသားနေ့ စစ်ရေးပြပွဲမှာ ပြသခဲ့တဲ့ ဒုံးကျည်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီဒုံးကျည်ဟာ DF-17 ဖြစ်ကြောင်း ထပ်မံသက်သေပြနိုင်တဲ့ အချက်ဖြစ်ကြောင်း လေ့လာသူများကဆိုပါတယ်။တရုတ်လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒုံးကျည်တပ်မဟာက အဲဒီ ဒုံးကျည်အမျိုးအစားကို တပ်ဆင်ပြီး ပထမဆုံး ပစ်ခတ်လေ့ကျင့်မှုများကို မကြာမီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း စီစီတီဗွီ အစီရင်ခံမှာ ဆိုထားပါသေးတယ်။ ဒုံးကျည်တပ်မဟာ အနေနဲ့ တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေပြီလို့လဲ ဖော်ပြထားပါတယ်။


သတင်းများအရ Hypersonic ထိပ်ဖူးတပ် DF-17 ဟာ တာတို ၊ တာလတ် ဒုံးကျည်ဖြစ်ပြီး ၎င်းကို ကြားဖြတ်တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်ရန်ကာကွယ်ရေးစနစ်မရှိသေးကြောင်း လေ့လာသုံးသပ်သူများက ပြောကြားထားပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.