ကိုဗစ်ကြောင့် တကမ္ဘာလုံး စီးပွားရေးကျဆင်းနေသော်လည်း တရုတ်တွင်တိုးတက်မှုရှိ

News

ကိုဗစ် ဗိုင်းရပ်ကြောင့် တကမ္ဘာလုံး စီးပွားရေးကျဆင်းနေသော်လည်း တရုတ်၏စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်က မျှော်မှန်းထားသည်ထက် ပိုမိုးတိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ အစိုးရထုတ်ပြန်ကြေငြာချက်အရ ၂၀၂၀ခုနှစ်မှာ တရုတ်၏ စီးပွားရေးသည် ၂.၂ ရာခိုင်နှုန်းတိုးတက်လာပါတယ်။


တရုတ်နိုင်ငံအတွက် ဒီတိုးတက်နှုန်းဟာ ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးဖြစ်ပြီး ၁၉၇၆ ခုနှစ် စီးပွားရေး အကျပ်အတည်းကာလအတွင်း GDP ၁.၆ ရာခိုင်နှုန်းအထိ တစ်ခါသာ ကျဆင်းဖူးသေးပါတယ်။ ကပ်ရောဂါကာလဖြစ်သည့် တစ်နှစ်အတွင်းမှာ ကမ္ဘာ့စီးပွားရေးကျဆင်းသွားသော်လည်း တရုတ်မှာရဲ့စီးပွားရေး တိုးတက်မှုကတော့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။

ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ Ineternational Monetary Fund မှ တရုတ်စီးပွားရေးကို ၂၀၂၀ တွင် ၁.၉ ရာခိုင်နှုန်း တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းထားတာ အဆိုပါ ခန့်မှန်းချက်ထက် ကျော်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။ IMF ဟာ တရုတ်တစ်နိုင်ငံထဲသာ စီးပွားရေး တိုးတက်လာလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ ပြန်လည်ထူထောင်ရေး အရှိန် အဟုန်ဟာ တိုးတက်နေတာကိုတွေ့ရပြီး GDP ဟာ လွန်ခဲ့တဲ့တစ်နှစ်နှင့် နှိုင်းစာလျှင် ၆.၅ ရာခိုင် နှုန်း တိုးတက်ခဲ့ပြီး တတိယသုံးလပတ် မှတိုးတက်မှုနှုန်း ၄.၉ ရာခိုင်နှုန်းထက် တိုးတက်မှုပိုမိုမြန်ဆန် လာတာကို တွေ့ရပါတယ်။

ပြီးခဲ့သည့်နှစ်တွင် ကူးစက်ရောဂါကြောင့် ဆယ်စုနှစ်များစွာအတွင်း စီးပွားရေးကို သမိုင်းဝင်ထိုးနှက်မှုဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ မျှော်မှန်းဖွံ့ဖြိုးမှုကို ဖျက်သိမ်းခဲ့ရတယ်လို့သိရပါတယ်။ ပထမ သုံးလပတ်တွင် GDP ၇ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် နိုင်ငံကို lockdown ချခဲ့ရပါတယ်။

ထိုအချိန်မှစပြီး အစိုးရဟာ အခြေခံအဆောက်အဦး စီမံကိန်းများမှတဆင့် ဖွံ့ဖြိုးတက်တက်ရေးကို ကြိုးပမ်းခဲ့ပြီး နိုင်ငံသားများကို အသုံးစရိတ်များထောက်ပံ့ ပေးခဲ့ပါတယ်။ စက်မှုထုတ်လုပ်မှုဟာ စီးပွားရေးတိုးတက်မှု၏ အဓိကအချက်ဖြစ်ခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်က ဒီဇင်ဘာလတွင် ၇.၃ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပါတယ်။ ကုန်သွယ်ရေး မှာလည်း အားကောင်းခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ တစ်နှစ်တာပိုလျှံငွေဟာ စံချိန်တင် ဒေါ်လာ ၅၃၅ ဘီလီယံအထိ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

လေ့လာသုံးသပ်သူများကတော့ တရုတ်နိုင်ငံဟာ တကမ္ဘာလုံးမှာရှိတဲ့လူများ အိမ်တွင်အလုပ်လုပ်ကြစဉ် အကာအကွယ်ပစ္စည်းများနှင့် အီလက်ထရောနစ်ပစ္စည်းများကို ရောင်းချခြင်းဖြင့် အကျိုးအမြတ်များစွာ ရရှိရခဲ့တယ်လို့သိရပါတယ်။

ZawGyi

ကိုဗစ္ ဗိုင္းရပ္ေၾကာင့္ တကမာၻလုံး စီးပြားေရးက်ဆင္းေနေသာ္လည္း တ႐ုတ္၏စီးပြားေရးဟာ ၿပီးခဲ့တဲ့ႏွစ္က ေမွ်ာ္မွန္းထားသည္ထက္ ပိုမိုးတိုးတက္လာခဲ့တယ္လို႔ သိရပါတယ္။ အစိုးရထုတ္ျပန္ေၾကျငာခ်က္အရ ၂၀၂၀ခုႏွစ္မွာ တ႐ုတ္၏ စီးပြားေရသည္ ၂.၂ ရာခိုင္ႏႈန္းတိုးတက္လာပါတယ္။

တ႐ုတ္ႏိုင္ငံအတြက္ ဒီတိုးတက္ႏႈန္းဟာ ဆယ္စုႏွစ္မ်ားအတြင္း အနိမ့္ဆုံးျဖစ္ၿပီး ၁၉၇၆ ခုႏွစ္ စီးပြားေရး အက်ပ္အတည္းကာလအတြင္း GDP ၁.၆ ရာခိုင္ႏႈန္းအထိ တစ္ခါသာ က်ဆင္းဖူးေသးပါတယ္။ ကပ္ေရာဂါကာလျဖစ္သည့္ တစ္ႏွစ္အတြင္းမွာ ကမာၻ႔စီးပြားေရးက်ဆင္းသြားေသာ္လည္း တ႐ုတ္မွာရဲ႕စီးပြားေရး တိုးတက္မႈကေတာ့ ထိပ္ဆုံးမွာရပ္တည္ေနပါတယ္။ ကမာၻ႔ေငြေၾကးရန္ပုံေငြအဖြဲ႕ Ineternational Monetary Fund မွ တ႐ုတ္စီးပြားေရးကို ၂၀၂၀ တြင္ ၁.၉ ရာခိုင္ႏႈန္း တိုးတက္လာလိမ့္မည္ဟု ခန႔္မွန္းထားတာ အဆိုပါ ခန႔္မွန္းခ်က္ထက္ ေက်ာ္လြန္ခဲ့တာလည္းျဖစ္ပါတယ္။

IMF ဟာ တ႐ုတ္တစ္ႏိုင္ငံထဲသာ စီးပြားေရး တိုးတက္လာလိမ့္မယ္လို႔ ႀကိဳတင္ခန႔္မွန္းထားတာ ျဖစ္ပါတယ္။ တ႐ုတ္ရဲ႕ ျပန္လည္ထူေထာင္ေရး အရွိန္အဟုန္ဟာ တိုးတက္ေနတာကိုေတြ႕ရၿပီး GDP ဟာ လြန္ခဲ့တဲ့တစ္ႏွစ္ႏွင့္ ႏႈိင္းစာလွ်င္ ၆.၅ ရာခိုင္ႏႈန္းတိုးတက္ခဲ့ၿပီး တတိယသုံးလပတ္ မွတိုးတက္မႈႏႈန္း ၄.၉ ရာခိုင္ႏႈန္းထက္ တိုးတက္မႈပိုမိုျမန္ဆန္ လာတာကို ေတြ႕ရပါတယ္။ ၿပီးခဲ့သည့္ႏွစ္တြင္ ကူးစက္ေရာဂါေၾကာင့္ ဆယ္စုႏွစ္မ်ားစြာအတြင္း စီးပြားေရးကို သမိုင္းဝင္ထိုးႏွက္မႈျဖစ္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံ၏ ေမွ်ာ္မွန္းဖြံ႕ၿဖိဳးမႈကို ဖ်က္သိမ္းခဲ့ရတယ္လို႔သိရပါတယ္။

ပထမ သုံးလပတ္တြင္ GDP ၇ ရာခိုင္ႏႈန္းနီးပါးက်ဆင္းခဲ့ၿပီး ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ရန္အတြက္ ႏိုင္ငံကို lockdown ခ်ခဲ့ရပါတယ္။ ထိုအခ်ိန္မွစၿပီး အစိုးရဟာ အေျခခံအေဆာက္အဦး စီမံကိန္းမ်ားမွတဆင့္ ဖြံ႕ၿဖိဳးတက္တက္ေရးကို ႀကိဳးပမ္းခဲ့ၿပီး ႏိုင္ငံသားမ်ားကို အသုံးစရိတ္မ်ားေထာက္ပံ့ ေပးခဲ့ပါတယ္။

စက္မႈထုတ္လုပ္မႈဟာ စီးပြားေရးတိုးတက္မႈ၏ အဓိကအခ်က္ျဖစ္ခဲ့ၿပီး လြန္ခဲ့သည့္တစ္ႏွစ္က ဒီဇင္ဘာလတြင္ ၇.၃ ရာခိုင္ႏႈန္းထိ တိုးတက္ခဲ့ပါတယ္။ ကုန္သြယ္ေရးမွာလည္းအားေကာင္းခဲ့ၿပီး ၿပီးခဲ့တဲ့ ေသာၾကာေန႔က ထုတ္ျပန္ခ်က္အရ တ႐ုတ္ႏိုင္ငံ၏ တစ္ႏွစ္တာပိုလွ်ံေငြဟာ စံခ်ိန္တင္ ေဒၚလာ ၅၃၅ ဘီလီယံအထိ ရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္ထက္ ၂၇ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ပါတယ္။

လ့လာသုံးသပ္သူမ်ားကေတာ့ တ႐ုတ္ႏိုင္ငံဟာ တကမာၻလုံးမွာရွိတဲ့လူမ်ား အိမ္တြင္အလုပ္လုပ္ၾကစဥ္ အကာအကြယ္ပစၥည္းမ်ားႏွင့္ အီလက္ထေရာနစ္ပစၥည္းမ်ားကို ေရာင္းခ်ျခင္းျဖင့္ အက်ိဳးအျမတ္မ်ားစြာ ရရွိရခဲ့တယ္လို႔သိရပါတယ္။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *