ကမ်းလွန် ရေနံတူးစင်များကို အားဖြည့်ပေးနိုင်မည့် ၎င်း၏ ရေပေါ် နျူကလီးယား ဓာတ်ပေါင်းဖိုများဟာ “နှစ် ၁ သောင်းတွင်မှ တကြိမ်” ဖြစ်ပေါ်တတ်သည့် ပြင်းထန်သည့် မုန်တိုင်းများဒဏ် ခံနိုင်ရည်ရှိကြောင်း SCMP ၏ သတင်းအရ သိရပါတယ်။
ဆိုလိုတာကတော့ ၎င်းတို့ဟာ ဟာရီကိန်းမုန်တိုင်း အပါအဝင် လေပြင်းတိုက်ခိုက်မှုနှင့် အန္တရာယ်ရှိသည့် အင်အားပြင်း ရေစီးကြောင်းများအတွက် ခံနိုင်ရည်ရှိသည့် ဒီဇိုင်းအသစ်ထုတ်ထားသည့် ၆၀ မဂ္ဂါဝပ်ရှိ ဓာတ်ပေါင်းဖိုကို အင်ဂျင်နီယာများက တပ်ဆင်ခဲ့ကြတာပါ။
Bohai ပင်လယ်အတွင်းတွင် အားပြင်းမုန်တိုင်းများဟာ ပုံမှန် မရှိပေမယ့် မတော်တဆ တခုခုဖြစ်ပါက အကျိုးဆက်သည့် အလွန်ကြီးမားတဲ့အတွက် အဲဒီအပေါ် တာဝန်ယူမှု ပျက်ကွက်ခြင်းဟာ ရွေးချယ်စရာတခု မဟုတ်ပါဘူး။
“သင်္ဘောကိုယ်ထည်ဟာ မည်သည့် အခြေအနေတွင်မဆို တိမ်းမှောက်သွားလို့ မရပါဘူး” လို့ သုတေသီများက ဆိုပါတယ်။
တရုတ်နိုင်ငံ၏ ရေပေါ် နျူကလီးယား ဓာတ်ပေါင်းဖိုများဟာ မြင့်မားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးဖြစ်
ပြင်းထန်သည့် ရာသီဥတုကို အံတုနိုင်ဖို့ ဒီဇိုင်းထုတ်ထားသည့် ဒီ ရေပေါ်နျူကလီးယား ဓာတ်ပေါင်းဖိုကို စမ်းသပ်မှု နာရီပေါင်းများစွာ ပြု လုပ် ခဲ့တယ်လို့ဆိုပါတယ်။
ဝူဟန်မှ Wuhan Second Ship Design and Research Institute ၏ သုတေသီများကို ၎င်း၏ ဓာတ်ပေါင်းဖိုများက အလွန် ခက်ခဲသည့် ရာသီဥတုကို မည်သို့ ကိုင်တွယ်ရမည်ကို ထိုးထွင်း သိမြင်နိုင်မှု များစွာ ပေးစွမ်းခဲ့တယ်လို့ ဆိုပါတယ်။

အားလုံး ခြုံငုံကြည့်ပါက ဟာရီကိန်းမုန်တိုင်း အရှိန်ကြောင့် သင်္ဘော၏ ဓာတ်ပေါင်းဖိုများ ဆက်လက် လည်ပတ်နိုင်တယ်လို့ သုတေသီများက အထင်ကြီးလောက်သည့် စွမ်းဆောင်ရည်ရှိကြောင်းကို အစီရင်ခံ တင်ပြခဲ့ပါတယ်။
နောက်ပိုင်း စမ်းသပ်မှုများတွင် တနာရီ ၁၂၀ မိုင် (၁၉၃ ကီလိုမီတာ) ကျော် နှုန်းလောက်ရှိသည့် လေတိုက်နှုန်းများ၊ အားပြင်းသောလှိုင်းများ အပြင် ပြင်းထန်သည့် ရေစီးကြောင်းများကိုပါ ထည့်သွင်း စမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ့ စမ်းသပ်မှုများမှာလည်း အလွန်ဖြစ်နိုင်ချေရှိသည့် အခြေအနေအောက်မှာပင် သင်္ဘောဟာ ကြံ့ကြံ့ခံနေနိုင်ခဲ့တယ်လို့ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
ရေပေါ်နျူကလီးယား ဓာတ်ပေါင်းဖိုများဟာ စိတ်ကူးအသစ်တော့ မဟုတ်
အမေရိကန် စစ်တပ်ဟာ ၁၉၆၀ ခုနှစ်နှင့် ၁၉၇၀ ခုနှစ်ကြားမှာ ကမ္ဘာ့ ပထမဆုံး ရေပေါ် နျူကလီးယား စက်ရုံကို လည်ပတ်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် စစ်တပ်၏ အင်ဂျင်နီယာတပ်မှ ပြောကြားခဲ့ပါတယ်။
ရုရှားဟာလည်း ၂၀၁၈ ခုနှစ်မှာ “နျူကလီးယား တိုင်တန်းနစ်” လို့ အမည်ပေးထားတဲ့ ၇၀ မဂ္ဂါဝပ်ရှိသည့် ရေပေါ်လျှပ်စစ် ဓာတ်အားပေးစက်ရုံ Akademik Lomonosov ကို စတင် ဖွင့်လှစ်ခဲ့ပါတယ်။

ရေပေါ် ဓာတ်ပေါင်းဖိုများဟာ ဓာတ်အားလိုင်းများ လက်လှမ်းမမှီနိုင်သည့် လျှပ်စစ်ဓာတ်ကို သယ်ဆောင်ပေးနိုင်
ဒီလို ပင်လယ်ထဲမှာသွားလာနိုင်တဲ့ ရွေ့လျားရေပေါ် ဓာတ်အားပေးစက်ရုံများဟာ လိုအပ်သည့် အခြေခံ အဆောက်အအုံမရှိသည့် နေရာများကို ဓာတ်အားပို့ဆောင်ရန် ပိုမို လွယ်ကူစေပါတယ်။
ဥပမာအားဖြင့် ရုရှားဟာ ၎င်း၏ Akademik Lomonosov ရေပေါ် နျူကလီးယား ဓာတ်ပေါင်းဖိုကို အာတိတ်ဒေသ၏ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Pevek သို့ စေလွှတ်ခဲ့ပါတယ်။
ပူနွေးလာတဲ့ ရာသီဥတုမှာ မြောက်ဝင်ရိုးစွန်းရှိ ရေခဲ့များ အရည်ပျော်လာသည့်အတွက် သင်္ဘောများ သွားလာနိုင်သည့် လမ်းကြောင်းများ ပွင့်လာပြီး မထုတ်ယူရသေးသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အပြင် သတ္တုသိုက်များကိုပါ ထုတ်ယူနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။
ရုရှားမှ ဓာတ်ပေါင်းဖိုဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းပြချက်များကြောင့် အငြင်းပွားဖွယ် ဖြစ်နေပေမယ့် တရုတ်နိုင်ငံရဲ့ ရေပေါ် ဓာတ်အားပေးစက်ရုံများရဲ့ သင်္ဘောများကတော့ ပထဝီနိုင်ငံရေးအရ သက်ရောက်မှုများစွာ ရှိနေနိုင်ကြောင်း ဟားဗတ်ရှိ Belfer Center ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
တောင်တရုတ်ပင်လယ်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေရေးမှာ ၎င်း၏ ရေပေါ်ဓာတ်ပေါင်းဖိုများကို စွမ်းအင်ပေးမယ်လို့ တရုတ်နိုင်ငံမှ အခိုင်အမာ ဆိုထားပေမယ့် လေ့လာဆန်းစစ်သူ Viet Phuong Nguyen က
ထိုနေရာတွင် စီစဉ်ထားသည့် ဓာတ်ပေါင်းဖို ရေယာဉ်စု၏ အရွယ်အစားဟာ “အပြိုင်အဆိုင် ဖြစ်နေသော ဒေသရှိ တရုတ်၏ စစ်တပ် ခြေကုပ်အား ခိုင်မာစေရန် ကူညီဖို့ ရည်ရွယ်တာ ဖြစ်တယ်” လို့ ဆိုပါတယ်။

ဤစမ်းသပ်မှုများဟာ ကမ္ဘာ့ပေါ်တွင် အရေးပါသည့် စက်မှု၊ စီးပွားရေးနှင့် စစ်ရေး အင်အားကြီးနိုင်ငံများထဲမှ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပြသသည့် နောက်ဆုံး သက်သေလည်း ဖြစ်နေပါတယ်။
ယခု သတင်းဟာ ဆက်လက် update လုပ်ရမယ့် အချက်အလက်များပါဝင်သည့် တရုတ်နိုင်ငံ ရွေ့လျားရေပေါ် နျူကလီးယား ဓာတ်ပေါင်း ဖိုများနှင့် ပတ်သက်သည့် သတင်းတပုဒ်ဖြစ်သည့်အတွက် ဆက်လက် ပြင်ဆင်သွားဦးမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။