5G တောင်ဘာမှန်းမသိခင် တရုတ်နိုင်ငံက 6G ဂြိုဟ်တု လွှတ်ပြီးပြီ

News

၂၀၂၀ နိုဝင်ဘာလ ၆ ရက်နေ့က တရုတ်နိုင်ငံဟာ Long March 6 လို့အမည်ရတဲ့ ဂြိုဟ်တု ၁၃ လုံးတင်ဆောင်သွားတဲ့ ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်ခဲ့ပါတယ်။

ဘီဘီစီ သတင်းဌာနရဲ့ အဆိုအရ အဲဒီ့ ဂြိုဟ်တုဟာ ကမ္ဘာ့ပထမဆုံး 6G ဖုန်းလိုင်းအတွက် ဂြိုဟ်တုလို့ သိရပါတယ်။ တခြားနိုင်ငံတွေတောင် 6G ဆိုတာကို လက်ခံဖို့ နှစ်တွေအများကြီး လိုပါသေးတယ်။ တရုတ်ဟာ တကယ်ပဲ 6G ကို အောင်မြင်အောင်လုပ်နိုင်တယ်ဆိုရင် အံ့အားသင့်စရာပါ။

ပဥ္စမမျိုးဆက် မိုဘိုင်းကွန်ယက်လို့ ယူဆလို့ရတဲ့ 5G ဟာ လက်ရှိမှာ နောက်ဆုံးပေါ်နည်းပညာ ဖြစ်ပါတယ်။ 5G အစစ်အမှန်ဆိုရင် မီလီ မီတာလှိုင်း ကြိမ်နှုန်းဟာ ၃၀ ကနေ ၃၀၀ GHz ကြားမှာရှိပြီး 4G ထက် ၁၀ ဆ မှ အဆ ၁၀၀ အထိ ပိုမြင့်တဲ့ ကြိမ်နှုန်းရှိပါတယ်။

ဒီ ကွန်ယက်တွေရဲ့ မျိုးဆက်ကို 3GPP လို့သိကြတဲ့ Global partnership အဖွဲ့က သတ်မှတ်ပေးတာတပါ။ တိုးတက်လာမယ့် နည်းပညာတွေအရ 5G ကို အနာဂါတ်မှာ နည်းပညာအသစ်က အစားထိုးသွားမှာ ဖြစ်ပေမယ့် 6G ဆိုတာ ဘာမှန်းတောင် မသိကြသေးပါဘူး။

ထင်းယန် ၅ လို့ ခေါ်တဲ့ ဂြိုဟ်တုဟာ အဝေးထိန်းဂြိုဟ်တုစနစ်ဖြစ်ပြီး တရုတ်နိုင်ငံ အီလက်ထရောနစ်သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်၊ ချန်တူ ကော်ရှင်း လေကြောင်းနည်းပညာ နှင့် ဘေကျင်း ဝေ့နရှင်းခုန်း နည်းပညာတို့မှ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒီဂြိုဟ်တုမှာ ကမ္ဘာကို လေ့လာဖို့ 5G ထက်မြန်တဲ့ ကြိမ်နှုန်းမြင့် တာရာဟာ့ဇ် Terahertz ဆက်သွယ်ရေးဖြင့် အချက်အလက်များပေးပို့ဖို့ စမ်းသပ်သွားမယ်လို့ သိရပါတယ်။

ဆယ်လူလာ ကွန်ရက်များ ပိုမိုများပြားလာခြင်းနှင့် ပိုမိုမြန်ဆန်သော အမြန်နှုန်းလိုအပ်မှုနှင့် ကြာချိန်နှေးကွေးမှုတို့ ဆက်လက် တိုးပွားလာသည်နှင့်အမျှ ဆယ်လူလာကွန်ယက် ထောက်ပံ့တဲ့ ကုမ္ပဏီများဟာ လာမည့်မျိုးဆက်သစ် နည်းပညာအတွက် ပိုမိုမြင့်မားသော bandwidth များကို ရှာဖွေနေကြပါတယ်။

Terahertz လှိုင်းများ (THz) ဟာ မိုက်ခရိုဝေ့ဖ်နှင့် လျှပ်စစ်သံလိုက်ရောင်စဉ်ပေါ်ရှိ အနီအောက် ရောင်ခြည်ကြားတွင်ရှိတဲ့ submillimeter လှိုင်းများဖြစ်ပြီး 100 Gbps ထက်ပိုမိုသော ဒေတာနှုန်းများကို ရရှိရန် အသုံးပြုလျှက်ရှိပါတယ်။

ဒီနည်းပညာသစ်ဟာ 5G ထွက်ပေါ်လာတုန်းကနှင့် အလားတူ စိုးရိမ်မှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မြို့ကြီးများမှာ 5G တာဝါတိုင်များ ပေါများလာခြင်းနှင့်အတူ တခုခု ကြံစည်နိုင်သည်ဟူသော သီအိုရီများ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ လ အနည်းငယ်က ဗြိတိန်မှာ နေထိုင်သူများဟာ သက်သေမယ်မယ်ရရ မရှိဘဲ ကိုဗစ်ရောဂါ နှင့် 5G တာဝါတိုင်များဟာ ဆက်နွယ်မှု ရှိနေနိုင်တယ်ဆိုပြီး တာဝါတိုင် ၇၇ ခုလောက်ကို ဖျက်ဆီးဖို့ ကြိုးစားခံရဖူးပါတယ်။

တကယ်လို့ 6G ကွန်ယက်သာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါက ကျန်းမာရေးနှင့် တခြားလုံခြုံရေးဆိုင်ရာ ကိစ္စများအတွက် လူအများ စိတ်ပူနေကြဦးမှာပါ။

ZawGyi

၂၀၂၀ ႏိုဝင္ဘာလ ၆ ရက္ေန႔က တ႐ုတ္ႏိုင္ငံဟာ Long March 6 လို႔အမည္ရတဲ့ ၿဂိဳဟ္တု ၁၃ လုံးတင္ေဆာင္သြားတဲ့ ဒုံးပ်ံကို ေအာင္ျမင္စြာ လႊတ္တင္ခဲ့ပါတယ္။

ဘီဘီစီ သတင္းဌာနရဲ႕ အဆိုအရ အဲဒီ့ ၿဂိဳဟ္တုဟာ ကမာၻ႔ပထမဆုံး 6G ဖုန္းလိုင္းအတြက္ ၿဂိဳဟ္တုလို႔ သိရပါတယ္။ တျခားႏိုင္ငံေတြေတာင္ 6G ဆိုတာကို လက္ခံဖို႔ ႏွစ္ေတြအမ်ားႀကီး လိုပါေသးတယ္။ တ႐ုတ္ဟာ တကယ္ပဲ 6G ကို ေအာင္ျမင္ေအာင္လုပ္ႏိုင္တယ္ဆိုရင္ အံ့အားသင့္စရာပါ။

ပၪၥမမ်ိဳးဆက္ မိုဘိုင္းကြန္ယက္လို႔ ယူဆလို႔ရတဲ့ 5G ဟာ လက္ရွိမွာ ေနာက္ဆုံးေပၚနည္းပညာ ျဖစ္ပါတယ္။ 5G အစစ္အမွန္ဆိုရင္ မီလီ မီတာလႈိင္း ႀကိမ္ႏႈန္းဟာ ၃၀ ကေန ၃၀၀ GHz ၾကားမွာရွိၿပီး 4G ထက္ ၁၀ ဆ မွ အဆ ၁၀၀ အထိ ပိုျမင့္တဲ့ ႀကိမ္ႏႈန္းရွိပါတယ္။

ဒီ ကြန္ယက္ေတြရဲ႕ မ်ိဳးဆက္ကို 3GPP လို႔သိၾကတဲ့ Global partnership အဖြဲ႕က သတ္မွတ္ေပးတာတပါ။ တိုးတက္လာမယ့္ နည္းပညာေတြအရ 5G ကို အနာဂါတ္မွာ နည္းပညာအသစ္က အစားထိုးသြားမွာ ျဖစ္ေပမယ့္ 6G ဆိုတာ ဘာမွန္းေတာင္ မသိၾကေသးပါဘူး။

ထင္းယန္ ၅ လို႔ ေခၚတဲ့ ၿဂိဳဟ္တုဟာ အေဝးထိန္းၿဂိဳဟ္တုစနစ္ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံ အီလက္ထေရာနစ္သိပၸံႏွင့္နည္းပညာ တကၠသိုလ္၊ ခ်န္တူ ေကာ္ရွင္း ေလေၾကာင္းနည္းပညာ ႏွင့္ ေဘက်င္း ေဝ့နရွင္းခုန္း နည္းပညာတို႔မွ ပူးေပါင္း ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

ဒီၿဂိဳဟ္တုမွာ ကမာၻကို ေလ့လာဖို႔ 5G ထက္ျမန္တဲ့ ႀကိမ္ႏႈန္းျမင့္ တာရာဟာ့ဇ္ Terahertz ဆက္သြယ္ေရးျဖင့္ အခ်က္အလက္မ်ားေပးပို႔ဖို႔ စမ္းသပ္သြားမယ္လို႔ သိရပါတယ္။

ဆယ္လူလာ ကြန္ရက္မ်ား ပိုမိုမ်ားျပားလာျခင္းႏွင့္ ပိုမိုျမန္ဆန္ေသာ အျမန္ႏႈန္းလိုအပ္မႈႏွင့္ ၾကာခ်ိန္ေႏွးေကြးမႈတို႔ ဆက္လက္ တိုးပြားလာသည္ႏွင့္အမွ် ဆယ္လူလာကြန္ယက္ ေထာက္ပံ့တဲ့ ကုမၸဏီမ်ားဟာ လာမည့္မ်ိဳးဆက္သစ္ နည္းပညာအတြက္ ပိုမိုျမင့္မားေသာ bandwidth မ်ားကို ရွာေဖြေနၾကပါတယ္။

Terahertz လႈိင္းမ်ား (THz) ဟာ မိုက္ခ႐ိုေဝ့ဖ္ႏွင့္ လွ်ပ္စစ္သံလိုက္ေရာင္စဥ္ေပၚရွိ အနီေအာက္ ေရာင္ျခည္ၾကားတြင္ရွိတဲ့ submillimeter လႈိင္းမ်ားျဖစ္ၿပီး 100 Gbps ထက္ပိုမိုေသာ ေဒတာႏႈန္းမ်ားကို ရရွိရန္ အသုံးျပဳလွ်က္ရွိပါတယ္။

ဒီနည္းပညာသစ္ဟာ 5G ထြက္ေပၚလာတုန္းကႏွင့္ အလားတူ စိုးရိမ္မႈမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ၿမိဳ႕ႀကီးမ်ားမွာ 5G တာဝါတိုင္မ်ား ေပါမ်ားလာျခင္းႏွင့္အတူ တခုခု ႀကံစည္ႏိုင္သည္ဟူေသာ သီအိုရီမ်ား ေပၚေပါက္ခဲ့ဖူးပါတယ္။

လြန္ခဲ့တဲ့ လ အနည္းငယ္က ၿဗိတိန္မွာ ေနထိုင္သူမ်ားဟာ သက္ေသမယ္မယ္ရရ မရွိဘဲ ကိုဗစ္ေရာဂါ ႏွင့္ 5G တာဝါတိုင္မ်ားဟာ ဆက္ႏြယ္မႈ ရွိေနႏိုင္တယ္ဆိုၿပီး တာဝါတိုင္ ၇၇ ခုေလာက္ကို ဖ်က္ဆီးဖို႔ ႀကိဳးစားခံရဖူးပါတယ္။

တကယ္လို႔ 6G ကြန္ယက္သာ ေအာင္ျမင္စြာ ဖန္တီးႏိုင္ခဲ့ပါက က်န္းမာေရးႏွင့္ တျခားလုံၿခဳံေရးဆိုင္ရာ ကိစၥမ်ားအတြက္ လူအမ်ား စိတ္ပူေနၾကဦးမွာပါ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *