တရုတ်မှာ တကျော့ပြန် မြို့ကြီးအချို့ကို လော့ဒေါင်းချ

News

တရုတ်ပြည်ကိုဗစ်ရောဂါကူးစက်မှုနောက်ဆုံးအခြေအနေ။
တရုတ်ပြည် ပေကျင်းမြို့တော် တောင်ဘက်က လူပေါင်း (၁၁) သန်းနေထိုင်တဲ့ Shijiazhuang city နှင့် လူ (၇) သန်းနေထိုင်တဲ့ Xingtai မြို့ကိုပါ လော့ဒေါင်းချလိုက်ပါတယ်။
Shijiazhuang city ရဲ့ရထားပြေးဆွဲခြင်းကိုလည်း (၉.၁.၂၀၂၁) စနေ့နေ့ မနက်ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။

ရောဂါအကြီးအကျယ်ဖြစ်ပွားနိုင်မှုကို ကြိုတင်ကာကွယ်နိုင်ရန်နှင့်ထိန်းချုပ်နိုင်ရန် Prevention and Control of Outbreak လို့အာဏာပိုင်တွေက ဆိုလိုက်ပါတယ်။
ပြဿနာက အဲ့ဒီမြို့ကလူတွေဟာ ခေါက်ဆွဲခြောက်ထုပ်ကို ဘုရားပေးတဲ့ပစ္စည်းအဖြစ် လောလောဆယ်အားကိုးနေရပါတယ်တဲ့။
Xungtai မြို့မှာ တစ်ပတ်တိတိအိမ်ထဲကမထွက်ဖို့ အမိန့်ထုတ်ထားပါသတဲ့။
တရုတ်အစိုးရဟာ တရုတ်နှစ်ကူးပွဲတော်မရောက်ခင် တစ်လလိုသေးပေမယ့် လူတွေကြိုတင်ပြီး အိမ်ပြန်ကြမှာ အသွားအလာများမှာကို သိလို့ကြိုတားပုံရပါတယ်။
အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ vice minister ဖြစ်သူ Zeng Xiyin က ဒီ့ထက်ပိုပြီးရောဂါကူးစက်မှုကြိုတင်ကာကွယ်မှုတွေလုပ်မယ်လို့ ဒီနေ့ပြောကြားလိုက်ပါတယ်။
တရုတ်နှစ်ကူးနီးလာရင် အသီအနှံတင်ပို့မှုပိုလိုအပ်ချက်ရှိနိုင်ပါတယ်။
ဒါပေမယ့် အခုလို Zeng Xiyin ရဲ့သတိပေးချက်အရ လမ်းပိတ်ဆို့မှုပိုလာနိုင်မလားဆိုတာ ထည့်စဉ်းစားကြစေလိုပါတယ်။

တချိန်တည်းမှာပဲ တရုတ်အစိုးရက တရုတ်နှစ်ကူးမတိုင်ခင် လူများများမှာ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အခုထိ လူ(၉ )သန်းမှာ ကာကွယ်ဆေး ထိုးပေးပြီးပြီလို့ ဆိုပါတယ်။
အခုလော့ဒေါင်းချထားတဲ့ Shijiazhuang city ဟာ Hebei ပြည်နယ်ရဲ့အကြီးဆုံးမြို့တော်ပါ။
Hebei နဲ့ Hubei နဲ့မမှားကြစေလိုပါ။
Hubei ပြည်နယ်က တောင်ဘက်ပိုကျပြီး Wuhan( ဝူဟန့်)က Hubei ပြည်နယ်ရဲ့ မြို့တော်ပါ။
အခုနှစ်ကတော့ Hebei အလှည့်လို့ထင်ပါတယ်။ Hebei ပြည်နယ်မှာ ပြီးခဲ့တဲ့အပတ်အတွင်းကနေ အခုထိ ကိုဗစ် Positive ဖြစ်သူ အယောက် (၃၃၀)ကျော်ရှိပါပြီ။
တရုတ်ပြည်မှာ ကိုဗစ်ရောဂါသည်စာရင်းထုတ်ပြန်ရင် ရောဂါလက္ခဏာပြနေသူတွေကိုပဲ Covid-19 cases ဘယ်နှစ်ယောက်ဆိုပြီးထုတ်ပြန်ပါတယ်။
အခုရောဂါလက္ခဏာပြတဲ့ Covid-19 cases (၁၃၀) ကျော်ရှိပြီး၊
ရောဂါလက္ခဏာမပြတဲ့ Asymptomatic cases ၂၀၀ ကျော်ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ တရားဝင်ထုတ်ပြန်ကတည်းက positive ဖြစ်သူ စုစုပေါင်း(၃၀၄) ယောက်ကိုတွေ့ခဲ့ပြီးသားပါ။
Chinese Center for Disease Control and Prevention တရုတ်ကူးစက်ရောဂါဌာန ရဲ့ လက်ထောက်ဒါရိုက်တာ Feng Zijian က CCTV မှာပြောရာမှာ ဒီလောက်ကူးစက်မှုတွေ့ရင် ဗိုင်းရပ်စ်ဟာ Hebei ပြည်နယ်မှာ ပြန့်နှံ့နေတာ အတန်ငယ်ကြာနေမယ့်ပုံရှိပါသတဲ့။
ပြဿနာက ဗိုင်းရပ်စ်တိတ်တိတ်လေးပြန့်နေမှန်းမသိပဲ လူနာတွေက ရိုးရိုးဆေးခန်းကို သာမန်တုပ်ကွေးလိုပဲသွားပြကြတာပါ။ရောဂါလက္ခဏာမပြတဲ့လူကပိုများလေတော့ ရောဂါရှိမှန်းကိုယ့်ဟာကိုယ်မသိပဲ လူထုကြားထဲလျှောက်သွားခဲ့ကြပါတယ်။

ဒေသအာဏာပိုင်တွေရဲ့တွေ့ရှိချက်အရ ရောဂါပိုးရှိတဲ့ ရွာသားတွေဟာ မင်္ဂလာပွဲတွေ၊ နာရေးတွေ၊ တခြားလူမှုရေးပွဲတွေကို သွားထားပြီးကူးစက်ထားတာကို တွေ့ရပါသတဲ့။
အခုအချိန်မှာတော့ တရုတ်ပြည်က ရောဂါပိုးတွေ့တဲ့ဒေသဖြစ်တဲ့ ဝူဟန့်မြို့မှာ မနှစ်ကလော့ဒေါင်းအကြီးအကျယ်ချသလို ယာယီချပြီး အပြတ်နှိမ်နှင်းနေပါတယ်။
တရုတ်ပြည်ကလူတွေရဲ့ ပြောပြချက်အရ တရုတ်ပြည်ကိုမဝင်ခင် Swab test စစ်ရပါသတဲ့။
Negative ဖြစ်လို့ သွားခွင့်ရရင်လည်း တရုတ်ပြည်ကိုဝင်တာနဲ့ လူကို Swab test ယူပြီး Q (၁၄) ရက်ဝင်ခိုင်းပါသတဲ့။ အဲ့လောက်အသေအချာလုပ်နေရဲ့နဲ့ ထထတွေ့တတ်တာဟာ စဉ်းစားစရာဖြစ်နေပါတယ်။အခုတစ်ခေါက်က လူစုလူဝေးပွဲကနေကူးတာပါလာတဲ့အတွက် ရောဂါပိုးတွေ့သူပိုများနိုင်ပါတယ်။

တရုတ်ဘက်က မြန်မာဘက်ကုန်စည်အဝင်အပေါ်ကန့်သတ်မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။
အထူးသဖြင့်နိုင်ငံတိုင်းဟာ B117 ဗီဇကွဲသစ်ကို အတော်လန့်ပါတယ်။
မြန်မာဘက်မှာ ရောဂါကူးစက်မှုအတွေ့များရင် နယ်စပ်ပိုတင်းကျပ်မှာမို့ စိုက်ပျိုးရေးသမားတွေအတွက် မြန်မာဘက်မှာ ရောဂါပိုးတွေ့တဲ့လူနည်းလေကောင်းလေပါပဲ။
သူ့ဘက်ရောဂါတွေ့တဲ့လူများများ၊ ကိုယ့်ဘက်တွေ့တဲ့လူများများ ကုန်စည်စီးဆင်းမှုပိုတင်းကျပ်မှာဖြစ်ပါကြောင်း။

CRD-Richard Myo Thant
9-January-2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *