တော်ဝင်ဆော်ဒီအာရေဗျ လေတပ် (RSADF) မှ အစ္စလာမ် သက္ကရာဇ် ၁၄၄၃ ခုနှစ်အတွက် လေ့ကျင့်မှု စတင်သည့် ချီတက်မှုတခုတွင် ယခင်က မမြင်ဖူးသေးတဲ့ ရေဒါတခုကို ပြသခဲ့ပါတယ်။
အဆိုပါ ချီတက်မှုကို ဩဂုတ်လ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဆောဒီ အာရေဗျ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြသခဲ့သည့် ရုပ်သံတခုတွင် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ့ ရုပ်သံတွင် လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ရေး ဌာန၌ အမေရိကန်လုပ် Patriot နှင့် HAWK လေကြောင်းကာကွယ်ရေးစနစ်၊ ပြင်သစ်လုပ် တာတိုလေကာစနစ် Shahine (Crotale) နှင့် Skyguard လေကာစနစ်များကို ပြသခဲ့ပါတယ်။
အဆိုပါ လေကာစနစ်များ နှင့်အတူ အင်တာနာတိုင် ထောင်ထားသည့် ရေဒါတင်ထရပ်ကား နှင့် ၎င်း၏ ဆက်စပ် ထိန်းချုပ်ရေးယာဉ် တမျိုးကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ရေဒါကို သေချာစွာ မမြင်ရပေမယ့် အဲဒီ့ ရေဒါဟာ တရုတ်လုပ် 3D TDA ရေဒါနှင့် ဆင်တူနေတာကို တွေ့ရပါတယ်။
တရုတ် အီလက်ထရောနစ် နည်းပညာ ကော်ပိုရေးရှင်း (CETC) မှ ထုတ်လုပ်တဲ့ 3D TDA ရေဒါများကို ယခုနှစ် ဧပြီလ နန်ကျင်း ကမ္ဘာ့ ရေဒါ ပြပွဲတွင် ပြသခဲ့တာ ဖြစ်ပါတယ်။

CETC မှ S-band ရေဒါဟာ အမြင့်အနည်းငယ်မှ ပျံသန်းလာမယ့် ခရုဇ်ဒုံးကျည်များနှင့် သေးငယ်ပြီး နှေးကွေးတဲ့ မောင်းသူမဲ့လေယာဉ်များကို ကာကွယ်ရန် အတွက် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ထိုသို့ ပစ်မှတ်များကို ခြေရာကောက်နိုင်ဖို့ အဆင့်မြင့် ဒစ်ဂျစ်တယ် array များနှင့် ဆော့ဖ်ဝဲ နည်းပညာများကို ထည့်သွင်းထားကြောင်းကိုလည်း ကုမ္ပဏီက ပြောထားပါတယ်။
တရုတ်ဟာ နန်ကျင်း ကမ္ဘာ့ ရေဒါပြပွဲအတွင်းတွင် ဖြုတ်ထားသည့် အဆိုပါ TDA ရေဒါကိုသာ ပြသခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ CETC မှ Mercedes-Benz Arocs ဝန်တင် ထရပ်ကားကြီးပေါ်တွင် ရေဒါ တပ်ဆင်ထားတဲ့ ပုံကို ပြသခဲ့ပါတယ်။

အဲဒီ့ ပုံထဲတွင် ပါဝင်သည့် သဲကန္တာရ ကဲ့သို့ ဆေးခြယ်ထားသည့် 3D TDA ရေဒါ စနစ်ဟာ တော်ဝင် ဆော်ဒီ အာရေဗျ လေတပ်က ခင်းကျင်းပြသခဲ့တဲ့ ရေဒါ စနစ်နှင့် အတော်လေးကို ဆင်တူနေတာကို တွေ့ရပါတယ်။
တရုတ်ဟာ အရှေ့အလယ်ပိုင်း လက်နက်ဈေးကွက်တွင် ၎င်း၏ ကုန်ကျစရိတ် သက်သာပြီး စွမ်းဆောင်ရည်မြင့်သည့် ကာကွယ်ရေး စနစ်များကြောင့် နေရာအတော်လေး ရရှိနေပြီ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။