တရုတ်နိုင်ငံဟာ တစ်နာရီကို ၆၂၀ ကီလိုမီတာ (၃၈၅ မိုင်) အမြန်နှုန်းနဲ့ မောင်းနှင်နိုင်မယ့် မြန်နှုန်းမြင့် maglev စနစ်သုံး ရထားသစ်ရဲ့ ရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီရထားဟာ အပူချိန်မြင့်စီးကူးနိုင်တဲ့ လျှပ်စစ်သံလိုက်စွမ်းအင် high-temperature superconducting (HTS) စနစ်ကို အသုံးပြုထားပြီး ရထားလမ်းပေါ်မှာ ကြွတက်ပြီး မောင်းနှင်မှာဖြစ်ပါတယ်။
၂၁ မီတာ (၆၉ ပေ) ရှိတဲ့ ဒီရထားရဲ့ ရှေ့ပြေးပုံစံကို စီချွမ်ဒေသရှိ ချန်ဒူ မြို့မှာ ဇန်နဝါရီလ ၁၃ ရက်နေ့က ပြသခဲ့တာဖြစ်ပါတယ်။ ဒီရထားကို ဂျောင်ထုံအနောက်တောင် တက္ကသိုလ်မှ သုတေသနပညာရှင်များက တည်ဆောက်ခဲ့တာဖြစ်ပြီး ရထားပေါ်မှ အတက် အဆင်း
ပုံစံကိုပါ လေ့လာနိုင်အောင် ၁၆၅ မီတာ (၅၄၁ ပေ) ရှိတဲ့ ပြေးလမ်းနဲ့အတူ ပြသခဲ့တာပါ။
အဆိုပါတက္ကသိုလ်မှ ဒုဥက္ကဌ ပါမောက္ခ He Chuan က ဒီရထားဟာ လာမယ့် ၃ နှစ်မှ ၁၀ နှစ်အတွင်း ပြေးဆွဲသွားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စီချွမ်ဒေသဟာ သံလိုက်ရထားလမ်းတွေကို တည်ဆောက်ဖို့ ရှားပါးကမ္ဘာ့ရင်းမြစ်တွေ ရရှိနိုင်တာကြောင့် ဒီသုတေသနလုပ်ငန်း ကို မြန်မြန်ပြီးဆုံးနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အရှည်လျှားဆုံးသော မြန်နှုန်းမြင့် မီးရထားလမ်းများကို ပိုင်ဆိုင်ထားပြီး နိုင်ငံတဝှမ်း ၃ သောင်း ၇ ထောင် ကီလိုမီတာလောက်အထိ ဖြန့်ကျက်ထားပါတယ်။

ဒါ့အပြင် ကမ္ဘာ့အမြန်ဆုံး မောင်းနှင်နိုင်တဲ့ Shanghai maglev ကိုလည်း လက်ရှိမှာ ပြေးဆွဲနေပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမဆုံး လျှပ်စစ် သံလိုက် ရထားကို ၂၀၀၃ ခုနှစ်က စတင်ပြေးဆွဲခဲ့ပြီး အဲဒီ့ရထားဟာ ရှန်ဟိုင်း ပူတုံ လေဆိပ်နှင့် ရှန်ဟိုင်းအရှေ့ဘက်ပိုင်းမှာရှိတဲ့ လို့ရန်လမ်းမကြီးတို့နှင့် ချိတ်ဆက်ထားတာဖြစ်ပါတယ်။ တရုတ်ဟာ ပေကျင်းမှာကျင်းပမယ့် ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပွဲမတိုင်ခင် နိုင်ငံတဝှမ်း အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နေတာပါ။
မနှစ်က ဒီအချိန်တုန်းကလဲ ဆောင်းရာသီ အိုလံပစ်ပွဲလက်ခံကျင်းပမည့် မြို့ဖြစ်သည့် ကျန်းကြားခုံမြို့နှင့် ဘေကျင်းကို ချိတ်ဆက်ထားသည့် ၁၇၄ ကီလိုမီတာရှည်သည့် ရထားလမ်းအသစ်ကို ဖွင့်လစ်ခဲ့ပါသေးတယ်။ ဒီရထားလမ်းဟာ ယခင် ၃ နာရီကြာတဲ့ ဒီခရီးကို ၄၇ မိနစ်အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒီလအစောပိုင်းမှာတော့ ရေခဲနေတဲ့အချိန်မှာတောင် မောင်းနှင်နိုင်မယ့် ကျည်ဆန်ရထားအသစ်ကို စတင်ပြေးဆွဲခဲ့ပါတယ်။ အဲဒီ့ရထားဟာ အပူချိန် အနှုတ် ၄၀ ဒီဂရီဆဲစီးယပ်လောက်မှာ အမြန်နှုန်း တစ်နာရီလျှင် ၃၅၀ ကီလိုမီတာလောက်အထိ မောင်းနှင့်နိုင်မှာဖြစ်ပါတယ်။ ဒီရထားဟာ အရမ်းကိုအေးတဲ့ ဘေဂျင်း၊ ရှန်ယမ်း နှင့် ဟာဘင် မြို့တို့ကို ဆက်သွယ်ရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။
ZawGyi
တ႐ုတ္ႏိုင္ငံဟာ တစ္နာရီကို ၆၂၀ ကီလိုမီတာ (၃၈၅ မိုင္) အျမန္ႏႈန္းနဲ႔ ေမာင္းႏွင္ႏိုင္မယ့္ ျမန္ႏႈန္းျမင့္ maglev စနစ္သုံး ရထားသစ္ရဲ႕ ေရွ႕ေျပးပုံစံကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ဒီရထားဟာ အပူခ်ိန္ျမင့္စီးကူးႏိုင္တဲ့ လွ်ပ္စစ္သံလိုက္စြမ္းအင္ high-temperature superconducting (HTS) စနစ္ကို အသုံးျပဳထားၿပီး ရထားလမ္းေပၚမွာ ႂကြတက္ၿပီး ေမာင္းႏွင္မွာျဖစ္ပါတယ္။
၂၁ မီတာ (၆၉ ေပ) ရွိတဲ့ ဒီရထားရဲ႕ ေရွ႕ေျပးပုံစံကို စီခြၽမ္ေဒသရွိ ခ်န္ဒူ ၿမိဳ႕မွာ ဇန္နဝါရီလ ၁၃ ရက္ေန႔က ျပသခဲ့တာျဖစ္ပါတယ္။ ဒီရထားကို ေဂ်ာင္ထုံအေနာက္ေတာင္ တကၠသိုလ္မွ သုေတသနပညာရွင္မ်ားက တည္ေဆာက္ခဲ့တာျဖစ္ၿပီး ရထားေပၚမွ အတက္ အဆင္း
ပုံစံကိုပါ ေလ့လာႏိုင္ေအာင္ ၁၆၅ မီတာ (၅၄၁ ေပ) ရွိတဲ့ ေျပးလမ္းနဲ႔အတူ ျပသခဲ့တာပါ။
အဆိုပါတကၠသိုလ္မွ ဒုဥကၠဌ ပါေမာကၡ He Chuan က ဒီရထားဟာ လာမယ့္ ၃ ႏွစ္မွ ၁၀ ႏွစ္အတြင္း ေျပးဆြဲသြားႏိုင္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ စီခြၽမ္ေဒသဟာ သံလိုက္ရထားလမ္းေတြကို တည္ေဆာက္ဖို႔ ရွားပါးကမာၻ႔ရင္းျမစ္ေတြ ရရွိႏိုင္တာေၾကာင့္ ဒီသုေတသနလုပ္ငန္းကို ျမန္ျမန္ၿပီးဆုံးႏိုင္ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ကမာၻေပၚမွာ အရွည္လွ်ားဆုံးေသာ ျမန္ႏႈန္းျမင့္ မီးရထားလမ္းမ်ားကို ပိုင္ဆိုင္ထားၿပီး ႏိုင္ငံတဝွမ္း ၃ ေသာင္း ၇ ေထာင္ ကီလိုမီတာေလာက္အထိ ျဖန႔္က်က္ထားပါတယ္။
ဒါ့အျပင္ ကမာၻ႔အျမန္ဆုံး ေမာင္းႏွင္ႏိုင္တဲ့ Shanghai maglev ကိုလည္း လက္ရွိမွာ ေျပးဆြဲေနပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ ပထမဆုံး လွ်ပ္စစ္ သံလိုက္ ရထားကို ၂၀၀၃ ခုႏွစ္က စတင္ေျပးဆြဲခဲ့ၿပီး အဲဒီ့ရထားဟာ ရွန္ဟိုင္း ပူတုံ ေလဆိပ္ႏွင့္ ရွန္ဟိုင္းအေရွ႕ဘက္ပိုင္းမွာရွိတဲ့ လို႔ရန္လမ္းမႀကီးတို႔ႏွင့္ ခ်ိတ္ဆက္ထားတာျဖစ္ပါတယ္။ တ႐ုတ္ဟာ ေပက်င္းမွာက်င္းပမယ့္ ၂၀၂၂ ေဆာင္းရာသီ အိုလံပစ္ပြဲမတိုင္ခင္ ႏိုင္ငံတဝွမ္း အေျခခံအေဆာက္အအုံမ်ားကို အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ေနတာပါ။
မႏွစ္က ဒီအခ်ိန္တုန္းကလဲ ေဆာင္းရာသီ အိုလံပစ္ပြဲလက္ခံက်င္းပမည့္ ၿမိဳ႕ျဖစ္သည့္ က်န္းၾကားခုံၿမိဳ႕ႏွင့္ ေဘက်င္းကို ခ်ိတ္ဆက္ထားသည့္ ၁၇၄ ကီလိုမီတာရွည္သည့္ ရထားလမ္းအသစ္ကို ဖြင့္လစ္ခဲ့ပါေသးတယ္။ ဒီရထားလမ္းဟာ ယခင္ ၃ နာရီၾကာတဲ့ ဒီခရီးကို ၄၇ မိနစ္အထိ ေလွ်ာ့ခ်ေပးႏိုင္မွာျဖစ္ပါတယ္။
ဒီလအေစာပိုင္းမွာေတာ့ ေရခဲေနတဲ့အခ်ိန္မွာေတာင္ ေမာင္းႏွင္ႏိုင္မယ့္ က်ည္ဆန္ရထားအသစ္ကို စတင္ေျပးဆြဲခဲ့ပါတယ္။ အဲဒီ့ရထားဟာ အပူခ်ိန္ အႏႈတ္ ၄၀ ဒီဂရီဆဲစီးယပ္ေလာက္မွာ အျမန္ႏႈန္း တစ္နာရီလွ်င္ ၃၅၀ ကီလိုမီတာေလာက္အထိ ေမာင္းႏွင့္ႏိုင္မွာျဖစ္ပါတယ္။ ဒီရထားဟာ အရမ္းကိုေအးတဲ့ ေဘဂ်င္း၊ ရွန္ယမ္း ႏွင့္ ဟာဘင္ ၿမိဳ႕တို႔ကို ဆက္သြယ္ရာမွာ အသုံးျပဳသြားမွာျဖစ္ပါတယ္။
CNN Travel