တရုတ်နိုင်ငံ လေကြောင်းသိပ္ပံနှင့် ထုတ်လုပ်ရေးကော်ပိုရေးရှင်း CASIC မှ ထုတ်လုပ်လိုက်တဲ့ WJ-700 လို့ခေါ်တဲ့ မောင်းသူမဲ့လေယာဉ်သစ် ကို ဒီလအစောပိုင်းလောက်မှာ စတင်ပျံသန်းနေပြီဖြစ်ပါတယ်။
တရုတ် social media များတွင် တင်ထားသည့်ပုံများအရ WJ-700 မောင်းသူမဲ့လေယာဉ်ကို ဖော်ပြမထားသော်လည်း အဆိုပါလေယာဉ်၏ ပထမဆုံး ပျံသန်းမှုကို ဂုဏ်ပြုသည့်အလံများကိုင်ထားသော လူများကို ဖော်ပြခဲ့ပါတယ်။
တရုတ်ဟာ ဒီ မောင်းသူမဲ့လေယာဉ်ရဲ့ ရှေ့ပြေးပုံစံကို တရုတ်နိုင်ငံ ကျူးဟိုင်မှာ နိုင်ဝင်ဘာလ ၂၀၁၈ ကပထမဆုံး ပြသခဲ့တာပါ။ ဒီမောင်းသူမဲ့လေယာဉ်ဟာ တာဘိုဂျက်အင်ဂျင်ကိုအသုံးပြုထားကာ နာရီ ၂၀ မရပ်မနား ပျံသန်းနိုင်မှာဖြစ်ပြီး လက်နက်တပ်ဆင်ရန်အတွက် တောင်ပံတစ်ဖက်စီမှာ hardpoint ၂ ခု ပါဝင်ပါတယ်။
သရုပ်ပြထားတဲ့ ပုံစံနှင့်အတူ CM-102 anti-radiation ဒုံးကျည် (ရေဒီယိုလှိုင်းထုတ်လွှတ်သည့်နေရာများကို ဖျက်ဆီးစေသည့်အတွက် ရန်သူ့ ရေဒါများနှင့် အီလက်ထရောနစ်စစ်ပွဲသုံး jammer များကို တိုက်ခိုက်နိုင်သည်) C701 မြေပြင် တိုက်ခိုက်ရေးဒုံး နှင့် C705KD သင်္ဘောဖျက်ဒုံးတို့ကို ပါပြသထားတဲ့အတွက် ဒီလက်နက်များနှင့် ကောင်းကောင်း အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဒီမောင်းသူမဲ့လေယာဉ်ဟာ အဆင်းအတက်ကို အလိုအလျှောက်စနစ်ကို အသုံးပြုနိုင်ဦးမှာပါ။ ဝန်အပြည့်ဖြင့် ၃၅၀၀ ကီလိုဂရမ် (၇၇၂၀ပေါင်) ဖြင့် ပင်လယ်ပြင် နှင့် မြေပြင်တွင် ကင်းထောက်ခြင်း၊ ကြိုတင် အချက်ပေးခြင်း၊ ရန်သူ့သင်္ဘောသတိပေးခြင်း၊ ရေဒီယိုလှိုင်းသတိပေးခြင်း၊ ရန်သူ့အချက်ပြစနစ်များထောက်လှမ်းခြင်းနှင့် အီလက်ထရောနစ် jamming လုပ်ခြင်း စတဲ့ စစ်ဆင်ရေးများစွာကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ကုမ္ပဏီမှ ဒီမောင်းသူမဲ့လေယာဉ် WJ-700 ကို တရားဝင်နာမည်အဖြစ် Lieying ခေါ် (Falcon သိမ်းငှက်) လက်နက်တပ်ဆင်ထားသောကင်းထောက် မောင်းသူမဲ့လေယာဉ်အဖြစ် အမည်ပေးထားပါတယ်။
ယခင်ထုတ်လုပ်ခဲ့တဲ့ WJ-500, WJ-600, and WJ-600A/D တွေနှင့် မတူတဲ့အချက်ကတော့ ဒီ မောင်းသူမဲ့လေယာဉ်သစ်ဟာ သမားရိုးကျ လေယာဉ်တစ်စင်းပုံဖြင့် တည်ဆောက်ထားကာ အရှည် ၉-၁၀ မီတာလောက် အထိရှိပြီး ကိုယ်ထည်၏အလယ်တွင် landing gear ကို သုံးထောင့်ပုံစံ တည်ဆောက်ထားပါတယ်။
တရုတ်ဟာ မောင်းသူမဲ့လေယာဉ်များစွာကို လက်ရှိမှာထုတ်လုပ်နေပြီး ကမ္ဘာ့ဈေးကွက်မှာ နေရာတစ်ခုရဖို့ပါ ကြိုးစားနေပါတယ်။ မကြာသေးမီက အချက်အလက်များအရ တရုတ်၏ ကာကွယ်ရေးပစ္စည်းရောင်းချမှုဟာ ရုရှားနှင့် ပြိုင်ဖက်ဖြစ်လာနေပါပြီ။
တိုးတက်လာသော နည်းပညာများအပြင် တရုတ်နိုင်ငံဟာ များမကြာမီ အနာဂါတ်ကာလအတွင်းမှာ အမေရိကန်နှင့် ဆိုဗီယက်ခေတ်ကလို အမေရိကန်၏ ပြိုင်ဘက်ကောင်းစစ်စစ် ဖြစ်လာတော့မှာပါ။
စီးပွားရေးတိုးတက်လာတာနှင့်အတူ စစ်ဘက်ဆိုင်ရာနည်းပညာမှာလဲ တဟုန်ထိုးတိုးတက် လာသည့်တရုတ်ကြောင့် အမေရိကန်ဟာ လေယာဉ်တင်စစ်သင်္ဘောကြီးတွေလိုမျိုး ကုန်ကျစရိတ်များပြားပြီး ထိခိုက်လွယ်တဲ့ စစ်ရေးလမ်းစဉ်တွေနဲ့ ခေတ်ရှေ့ပြေးဖို့တခုတည်း အာရုံစိုက်တာမျိုး မလုပ်သင့်တော့ဘဲ အဲဒီ့အစား အဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေ၊ မောင်းသူမဲ့ လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေ၊ မြန်နှုန်းမြင့်တိုက်ခိုက်ရေးလက်နက်တွေလိုမျိုး အကုန်အကျသက်သာတဲ့ နည်းပညာသစ်လက်နက်များနှင့် တရုတ်ကိုတန်ပြန်ဖို့ ဦးစားပေးသင့်တယ်လို့ အခုအပတ် Foreign Affairsဆောင်းပါးမှာ အကြံပြုရေးထားပါတယ်။