တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောထုတ်လုပ်ရေးသမိုင်း

History

၁၉၇၄ ခုနှစ်တွင် People’s Liberation Army Navy (PLAN) သည် သူတို့၏ ပထမဆုံး နျူကလီးယား စွမ်းအင်သုံး Type 091 Han-class ရေငုပ်သင်္ဘောကို စတင်လက်ခံ ရရှိခဲ့ပါ သည်။ ကနဦး ဒီဇိုင်းမှာ စိတ်ပျက်စရာ ရလဒ်ဖြစ်ခဲ့ပြီး မျှော်လင့်ထားတဲ့ စွမ်းဆောင်ရည်လောက် မရခဲ့ပါဘူး။ မည်သို့ပင်ဖြစ်စေ Type 091 ရေငုပ်သင်္ဘောသည် အာရှ၏ ပထမဆုံးသော နျူးက လီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဖြစ်ခဲ့ပါသည်။

သမိုင်းပညာရှင် Benjamin Lai ၏အဆိုအရ တရုတ်တို့သည် ၁၉၅၈ ကတည်းမှစပြီး နျူးကလီးယား ရေငုပ်သင်္ဘော အစီအစဉ်ကို စတင်ခဲ့တယ်လို့ဆိုပါတယ်။ သို့သော်နှစ်ပေါင်း များစွာတိုင်အောင် ထိုအစီအစဉ်မှာ ဆက်လက်မလုပ်ဆောင်ဖြစ်ဘဲကြာမြင့်နေခဲ့ပြီး ၁၉၆၅ တွင်မှ ပြန်လည်စတင်ခဲ့ပါတယ်။ တရုတ်တို့သည် Missile ရေငုပ်သင်္ဘောထက် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို ပထမဆုံးစတင်ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ဘာကြောင့်ဒီလိုဆုံးဖြတ်ရတဲ့ အကြောင်းအရင်းကတော့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောအတွက် နျူးကလီးယားဓာတ်ပေါင်းဖို နည်းပညာသာ သုတေသနလုပ်ရန် လိုအပ်သောကြောင့် ဖြစ်ပါ တယ်။ Missile ရေငုပ်သင်္ဘောတည်ဆောက်ရန်အတွက် နျူးကလီးယား ဓာတ်ပေါင်းဖို နည်းပညာ၊ Missile စနစ်နှင့် ရေအောက်မှ ပစ်လွှတ်သည့်နည်းပညာကိုပါလိုအပ်ပါတယ်။

တရုတ်သည် အမေရိကန်တို့ the Skipjack-class ရေငုပ်သင်္ဘောများကို စတင်တည်ဆောက် ပြီး Missile သယ်ဆောင်နိုင်တဲ့ George Washington class ရေငုပ်သင်္ဘောများ တည် ဆောက်ခဲ့တာကို အတုယူခဲ့တာဖြစ်နိုင်ပါတယ်။ ရေအောက် နျူးကလီးယားသုံး ရေငုပ်သင်္ဘော တွေကို စတင်ခဲ့တဲ့ အမေရိကန်နှင့် မတူညီတဲ့ အချက်ကတော့ တရုတ်နိုင်ငံ နျူးကလီးယား ရေငုပ်သင်္ဘောတည်ဆောက်စဉ်တွင်နည်းပညာအရ ဆိုးကျိုးများစွာ ခံစားခဲ့ရပါတယ်။

ထိုရေငုပ်သင်္ဘောများကို တရုတ်နိုင်ငံ Bohai သင်္ဘောကျင်းတွင် ထုတ်လုပ်ခဲ့ပြီး ငါးစင်း ထုတ်လုပ်ခဲ့ပါတယ်။ ပထမဆုံး နျူကလီးယားသုံး ရေငုပ်သင်္ဘောထုတ်လုပ်ဖို့ ၁၉၆၈ မှ ၁၉၇၄ အထိ ခုနှစ် နှစ်ခန့်ကြာမြင့်ခဲ့ပြီး ထိုသို့နှေးကွေးလှတဲ့ ထုတ်လုပ်မှုကြောင့် အင်ဂျင်နီယာ လိုအပ် ချက်များရှိခဲ့ပါတယ်။ ဒုတိယရေငုပ်သင်္ဘောကိုတော့ ၂ နှစ်သာ ကြာခဲ့ပြီး နောက်ဆုံး ၃ စီးမှာ တစ်နှစ်စီခန့်သာကြာမြင့်ပါတယ်။ နောက်ဆုံး ၅ စီးမြောက် ရေငုပ်သင်္ဘောကို ၁၉၉၁ မှာ ပြီးစီး ခဲ့ပါတယ်။ အားလုံးခြုံပြောရလျှင် Type 091 class ရေငုပ်သင်္ဘော ၅ စီးတည်ဆောက်ရန် စုစုပေါင်း ၂၁ နှစ်အထိကြာမြှင့်ခဲ့ပါတယ်။ တရုတ်ရေတပ်အတွင်းမှာ ထို ရေငုပ်သင်္ဘောများကို အစွယ်မပါသော ငါးမန်းများလို့ အမည်ပြောင်ပေးခဲ့ပါတယ်။

Type 091 class ရေငုပ်သင်္ဘောများဟာ အလေးချိန် တန် ၅၅၀၀ ရှိပြီး အရှည်၃၂၁ ပေရှိကာ အကျယ် ၃၂ ပေရှိပါသည်။ သင်္ဘော၏ သွင်ပြင်မှာ ဆိုဗီယက်တို့၏ 636 Kilo-class ရေငုပ် သင်္ဘောများနှင့်ဆင်တူပါတယ်။ Type 091 ရေငုပ်သင်္ဘောတွင် အချင်း ၅၅၃ မီလီမီတာရှိသော တော်ပီဒိုပြွန် ခြောက်ခုတပ်ဆင်ထားပြီး ရေမြှုပ်မိုင်းများကိုထောင်နိုင်ပါတယ်။ တရုတ်တို့သည် ပြင်သစ်မှ ဝယ်ယူထားသော Thomson-Sintra DUUX-5 passive sonars အသံလှိုင်း ရှာဖွေရေး စနစ်ကိုလည်း တပ်ဆင် ထားပါတယ်။

အဲဒီ့ စနစ်ဟာ ပစ်မှတ်သုံးခုကို တပြိုင်နက်ထဲ ခြေရာကောက်နိုင်ပါတယ်။ ရေငုပ်သင်္ဘော အသုံးပြုရခြင်းအကြောင်းမှာ ငြိမ်သက်စွာစစ်ဆင်နိုင်ခြင်း နှင့် ရန်သူ့မြင်တွေ့နိုင်မှုကို ရှောင်ရှား နိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ သို့ပေမယ့် Type 091 ရေငုပ်သဘောင်္ဟာ ၁၉၅၀ နှင့် ၆၀ ဝန်းကျင် မှ နည်းပညာများနှင့် နှိုင်းယှဉ်ရင်တောင် ဆူညံနေပြီး တရုတ်ဟာ အမေရိကန်ထက် ရေတပ်မှာ နှစ် ၂၀ လောက်နောက်ကျနေခဲ့တယ်လို့ ဘေဂျင်းမှ စစ်ရေးကျွမ်းကျင်သူ Li Jie ကဆိုပါတယ်။

သို့ပေမယ့် ၁၉၉၆ ထိုင်ဝမ်ရေလက်ကြားအရေးအခင်းမှာ တရုတ်တို့ရဲ့ Type 091 ရေငုပ် သင်္ဘော ၂ စင်းခြေရာခံလိုက်နေမှုကြောင့် အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘော နှစ်စင်း ဖြစ်တဲ့ USS Independence နှင့် USS Abraham LinColn တို့ကို မိုင် ၂၀၀ အကွာအထိ ဆုတ်ခွာ သွားစေနိုင်ခဲ့ပါတယ်။ ပထမဆုံး Type 091 ရေငုပ်သင်္ဘောများအားလုံးကို တရုတ် မြောက်ပင်လယ် ရေတပ်စုမှာ အခြေစိုက်စေခဲ့ပါတယ်။ ထိုသို့အခြေစိုက်စေရတဲ့အကြောင်း ကတော့ နျူးကလီးယား ဓာတ်ပေါင်းဖို ငါးဖိုကို တနေရာထဲမှာ ပြုပြင်ထိန်းသိမ်း နိုင်ရန် ဖြစ်နိုင်ပါတယ်။

ယနေ့ခေတ်မှာတော့ Type 091 ရေငုပ်သင်္ဘောများအသုံးပြုမှုကို တဖြေးဖြေး ရပ်ဆိုင်းလာ နေပြီး ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၀၀ ခုနှစ်တွင် အနားပေးခဲ့ပြီး ဒုတိယမြောက် ရေငုပ် သင်္ဘောကို ၂၀၀၄ ခုနှစ်မှာအနားပေးခဲ့ပါတယ်။ နောက်တစ်စီးကိုတော့ သီရိလင်္ကာနိုင်ငံသို့ ပို့ဆောင်ထားပါတယ်။ Type 091 များမှ တစ်စီးသည် မြောက်တရုတ်ပင်လယ်မှ ဆိုမာလီအထိ လုံခြုံရေးတာဝန်ထမ်းဆောင်ဖူးရာ ထိုခရီးမှာ မိုင်ပေါင်း ရှစ်ထောင်ကျော်ရှိသောကြောင့် တရုတ်ရေငုပ် သင်္ဘောမျာ းတာဝန်ထမ်းဆိုင်သည့် ခရီးတွင် အရှည်လျှားဆုံးခရီးဖြစ်ခဲ့ပါတယ်။ ထို့ကြောင့် ဆယ်စုနှစ် ၄ ခုကြာပြီးနောက်မှာတော့ Type 091 ရေငုပ်သင်္ဘောဟာ တလျှောက်လုံး စိတ်ချရတဲ့ရေငုပ်သင်္ဘောဖြစ်ခဲ့ပါတယ်။

တရုတ်သည် Type 093 ဒုတိယမျိုးဆက် နျူကလီးယားရေငုပ်သင်္ဘောများကို ၂၀၀၂ ခုနှစ်တွင် ပြီးစီးခဲ့ပြီး နောက်ထပ်မျိုးဆက် Type 095 ရေငုပ်သင်္ဘောသစ်တစ်စီးလည်း ပြီးစီးကာ လက်ရှိ မှာတော့ Type-97 များကို ထုတ်လုပ်နိုင်ဖို့ကြိုးစားနေပါတယ်။

တရုတ်နိုင်ငံ၏ နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သဘောင်္အမျိုးအစားများမှာ

  1. Type 091 Han-Class
  2. Type 093 Shang-Class
  3. Type 095

တို့ဖြစ်ကြပါတယ်။

လက်ရှိမှာတရုတ်နိုင်ငံသည် တိုက်ချင်းပစ်ဒုံးပျံတင်ဆောင်နိုင်သော နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကိုပါပိုင်ဆိုင်နေပြီး ထိုအမျိုးအစားများမှာ

  1. Type 96 Tang-Class
  2. Type94 Jin-Class
  3. Type 92 Xia-Class

တို့ဖြစ်ကြပါတယ်။

အထက်ပါ ဖော်ပြခဲ့တာကတော့ တရုတ်တို့ နျူးကလီးယားရေငုပ်သင်္ဘောထုတ်လုပ်ခဲ့တဲ့ သမိုင်းကြောင်းဖြစ်ပြီး တရုတ်ရေငုပ်သင်္ဘောတပ်ရဲ့ ဒီဇယ်သုံး ရေငုပ်သင်္ဘော အမျိုးအစားများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. Type 039 Yuan-class
  2. Type 039 Song-class
  3. Kilo-class (ရုရွား)
  4. Type 035 Ming-Class
Content Protection by DMCA.com

Leave a Reply

Your email address will not be published.