ဇွန်လ ၂၂ ရက် ၂၀၂၂ မှာ ထုတ်ပြန်ခဲ့တဲ့ တရုတ် စစ်ဘက်ဆိုင်ရာ ကြေငြာချက်အရ တရုတ်ပြည်သူ့ လွတ်မြောက်ရေး လေတပ်တွင် ပြည် တွင်းထုတ် မျိုးဆက်သစ် J-20 တွေ မကြာသေးမီက တင်းပြည့် ကျပ်ပြည့် တပ်တော်ဝင် တာဝန်ထမ်းဆောင်နေပြီလို့ သိရပါတယ်။
Mighty Dragon လို့ ခေါ်တဲ့ ဒီ Chengdu J-20 တိုက်လေယာဉ်ဟာ တစ်ယောက်မောင်း၊ အင်ဂျင် ၂ လုံးတပ် လေယာဉ်တစီးဖြစ်ကာ ရေဒါပျောက်စွမ်းဆောင်ရည်ရှိသည့် ကမ္ဘာ့ တတိယမြောက် ပဥ္စမမျိုးဆက် တိုက်လေယာဉ် ဖြစ်ပါတယ်။
ဒီလေယာဉ်ကို တရုတ်နိုင်ငံပိုင် Chengdu Aerospace Corporation မှ ၁၉၉၀ ခုနှစ်များတွင် စတင်ခဲ့တဲ့ J-XX စီမံကိန်းမှ တဆင့် ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီတိုက်လေယာဉ်ဟာ ဝေဟင် အကဲသာမှုအတွက် ထုတ်လုပ်ထားတာဖြစ်ပြီး တိကျစွာ ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။
J-20 ရဲ့ ပထမဆုံး ပျံသန်းမှုကို ၂၀၁၁ ဇန်နဝါရီလ ၁၁ ရက်နေ့ မှာ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် တရုတ် အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲတွင် တရားဝင် ထုတ်ဖော်ပြသ ခဲ့ပါတယ်။
တရုတ်လေတပ်တွင် ၂၀၁၇ မတ်လမှာ စတင် မိတ်ဆက်ခဲ့ပြီး တိုက်ခိုက်ရေး လေ့ကျင့်မှုတွေကို ၂၀၁၇ စက်တင်ဘာလမှာ စတင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ပထမဆုံး J-20 တိုက်ခိုက်ရေး တိုက်လေယာဉ် အုပ်ကို စတင် ဖွဲ့စည်းခဲ့ပါတယ်။
J-20 ရေဒါပျောက်တိုက်လေယာဉ်ဟာ တစ်နာရီလျှင် ၂၁၀၀ ကီလိုမီတာ အမြန်နှုန်းအထိ ပျံသန်းနိုင်ကာ F-22 တိုက်လေယာဉ်များကဲ့သို့ afterburner မဖွင့်ဘဲ super cruising ဖြင့် ပျံသန်းနိုင်ခြင်းတော့ မရှိသေးပါဘူး။
အဆိုပါ super cruising ဖြင့် ပျံသန်းနိုင်ရန် လက်ရှိမှာ ကြိုးစားနေဆဲဖြစ်ပါတယ်။ အလျှား ၂၀ မီတာ တောင်ပံအကျယ် ၁၃ မီတာ ရှိကာ အမြင့် ၄.၄၅ မီတာ ရှိပါတယ်။

လေယာဉ်တွင် ဝန်မပါ အလေးချိန် ၁၉၃၉၁ ကီလိုဂရမ်ရှိပြီး ဝန် နှင့်ဆိုပါက ၃၂၀၉၂ ကီလိုဂရမ် အလေးချိန် ရှိပါတယ်။ အများဆုံး ပျံတက်နိုင်သည့် ဝန်မှာ ၃၆၂၈၈ ကီလို ဂရမ် ဖြစ်ပါတယ်။
ဒီလေယာဉ်ကို တရုတ်ပြည်တွင်းထုတ် Shenyang WS-10G afterburning တာဘို အင်ဂျင်ကို အသုံးပြုထားပါတယ်။
ယခင်ကတော့ ရုရှားလုပ် အင်ဂျင်ဖြစ်တဲ့ AL-31F တွေကို အသုံးပြုခဲ့တာ ဖြစ်ပြီး ယခုတော့ ပြည်တွင်းဖြစ် အင်ဂျင်များကို အသုံးပြုနေပြီဖြစ်ပါတယ်။
အင်ဂျင်မှ ပုံမှန် တွန်းအား 76.18 KN နှင့် afterburner ဖြင့် တွန်းအား 122.3 သို့မဟုတ် 179.9 KN လောက် ရရှိမှာ ဖြစ်ပါတယ်။
J-20 တွေကို တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့် စစ်ရေးပြ အခမ်းအနားတွင် သရုပ်ပြ ဦးမှာဖြစ်ပါတယ်။
လာမယ့် ဇူလိုင်လ ၁ ရက် ၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်ပွဲကို ဘေဂျင်းမြို့ ချန်အမ်းလမ်း တီယမ်မင် ရင်ပြင်မှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021