တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံ အဖြစ် အမေရိကန်ကို တရားဝင် ကျော်တက်

News World

လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း ကမ္ဘာကြီးဟာ ပိုမိုချမ်းသာလာသော်လည်း ဓနခွဲဝေမှုမှာဆိုရင် သိသိသာသာ ​ပြောင်းလဲလာကာ တရုတ်နိုင်ငံဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုကို ကျော်တက်သွားခဲ့ပြီဖြစ်ကြောင်း McKinsey & Co. မှ ကနဦးအစီအရင်ခံသည့် ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်အသစ်တစ်ခုအရ Bloomberg ကဖော်ပြထားပါတယ်။

ကမ္ဘာကြီးဟာ လျင်လျင်မြန်မြန်ဘဲ ပြောင်းလဲနေတာပါ။ Musk နှင့် Bezos ကဲ့သို့သော Space Barons တွေဟာ နည်းပညာနယ်ပယ်မှာဆိုရင် ဦးဆောင်သူတွေအဖြစ် လူသိများလာတဲ့အတွက်ကြောင့် သိပ္ပံနှင့် အင်ဂျင်နီယာလုပ်ငန်းတွေဟာ ယခင်ကထက် ငွေကြေးဆိုင်ရာ လုပ် ဆောင်ချက်များနှင့် ပိုမိုချိတ်ဆက်လာကြပါတယ်။

အချမ်းသာဆုံးအိမ်ထောင်စုများရဲ့ 10% သာ ပိုမိုချမ်းသာလာကြောင်း

McKinsey & Co. တွင် အလုပ်လုပ်နေတဲ့ အတိုင်ပင်ခံတွေရဲ့ သုတေသနဌာနဟာ မတူညီတဲ့ ​နိုင်ငံဆယ်ခုရဲ့ လက်ကျန်ရှင်းတမ်းများကို ခွဲခြမ်းစိပ်ဖြာကာ ပေါင်းလိုက်မယ်ဆိုရင် ကမ္ဘာ့ဝင်ငွေစုစုပေါင်းရဲ့ 60% ပါဝင်တာကို အံ့အားသင့်ဖွယ်တွေ့ရှိခဲ့ရပါတယ်။

“အခုဆိုရင် ကျွန်တော်တို့ကမ္ဘာကြီးဟာ အရင်ကထက် ပိုချမ်းသာလာပါပြီ” ဟု McKinsey ပါတနာတစ်ဦးဖြစ်တဲ့ Jan Mischke က Bloomberg အစီရင်ခံစာမှာ ပြောကြားထားပါတယ်။

ကမ္ဘာ့အသားတင်ပိုင်ဆိုင်မှုဟာ 2000 ခုနှစ်အစောပိုင်းတုန်းက အသားတင်တန်ဖိုးမှာ $156 ထရီလျံရှိရာမှ 2020 ခုနှစ်မှာ မကြုံစဖူး $514 ထရီလီယံအထိ မြင့်တက်လာပြီး တရုတ်နိုင်ငံဟာ ကမ္ဘာ့ဝင်ငွေရဲ့ သုံးပုံတစ်ပုံနီးပါးကို ရယူထားကာ အကြီးဆုံးရှယ်ယာတစ်ခုလည်း ဖြစ်လာပါတယ်။

တရုတ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၂၀၀၀ ခုနှစ်တုန်းက ဒေါ်လာ ၇ ထရီလျံကနေ ယခုဆိုရင် ဒေါ်လာ ၁၂၀ ထရီလျံအထိ ရှိလာပြီ ဖြစ်ပါတယ်။

ဒါဟာ တရုတ်နိုင်ငံရဲ့အာဏာရလာမှုကို အရှိန်မြှင့်ပေးတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ မဝင်ရောက်မီ ရက်ပိုင်းအတွင်း မပြောပြနိုင်လောက်အောင် ကြီးမားတဲ့ တိုးတက်မှုတစ်ခုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာဘဲ အမေရိကန်ရဲ့ အိမ်ခြံမြေစျေးနှုန်းများ တိုးမြင့်လာမှုကို ကြုံတွေ့ခဲ့ရပြီး အလားတူကာလအတွင်း ၎င်းရဲ့ အသားတင်တန်ဖိုးမှာ ဒေါ်လာ 90 ထရီလီယံအထိ နှစ်ဆနီးပါး တိုးလာခဲ့ပါတယ်။

တရုတ်နှင့် အမေရိကန်တို့ဟာ ကမ္ဘာပေါ်မှာအကြီးဆုံး စီးပွားရေးနိုင်ငံများဖြစ်​ကြသော်လည်း ကမ္ဘာ့ချမ်းသာကြွယ်ဝမှုရဲ့အကြီးဆုံးအစိတ်အပိုင်းကို အိမ်ထောင်စုတွေရဲ့ အချမ်းသာဆုံး 10% က ချုပ်ကိုင်ထားပါတယ်။

အဆိုပါ အိမ်ထောင်စုတွေရဲ့ အချမ်းသာဆုံး 10% ကသာ ပိုချမ်းသာလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ McKinsey အစီ ရင်ခံစာ မှာဆိုရင် ကမ္ဘာလုံးဆိုင်ရာ အသားတင်တန်ဖိုးရဲ့ 68% ကို အိမ်ခြံမြေစျေးကွက်နဲ့ ချိတ်ဆက်ထားသော်လည်း စက်ယန္တရား၊ အခြေခံအဆောက်အအုံ၊ စက်ကိရိယာ​တွေ နှင့် မူပိုင်ခွင့်ကဲ့သို့သော သေးငယ်တဲ့ အစိတ်အပိုင်းတွေလည်း ပါဝင်တယ် ဟုဆိုပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု အကဲဖြတ်မှုတွင် ငွေကြေးပိုင်ဆိုင်မှုတွေမပါဝင်တာဟာ အကြွေးများနှင့် ဟန်ချက်ညီနေသောကြောင့် ဖြစ်ပါတယ်။

သို့ပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အသားတင်တန်ဖိုး သိသိသာသာ မြင့်တက်မှုဟာ ကမ္ဘာ့ပြည်တွင်း အသားတင် ထုတ်လုပ်မှု (GDP) တိုးမြင့်လာတာကို ကျော်လွန်ပြီး အတိုးနှုန်း ကျဆင်းခြင်းရဲ့ ရလဒ်ဖြစ်တယ်ဟု အစီရင်ခံစာတွင်ဖော်ပြထားပါတယ်။

ဒါဟာ အိမ်ခြံမြေစျေးနှုန်းများ ဖောင်းပွလာခြင်းကြောင့် ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုစျေးနှုန်းတွေဟာ ဝင်ငွေနှင့် နှိုင်းယှဉ်ပါက ၎င်းတို့ရဲ့ ရေရှည်ပျမ်းမျှထက် 50% နီးပါးအထိ မြင့်တက်လာကြောင်း ကောက်ချက်ချခဲ့ပါတယ်။

ဒါဟာ ချမ်းသာ​ကြွယ်ဝမှုရဲ့ တည်တံ့ခိုင်မြဲမှုကို မေးခွန်းထုတ်စရာ ဖြစ်သွားနိုင်ပါတယ်။

“အသားတင်တန်ဖိုးမှတဆင့် စျေးနှုန်းများ မြင့်တက်ခြင်းဟာ ငွေကြေးဖောင်းပွလာမှုထက် ကျော်လွန်ပါက နည်းလမ်းများစွာဖြင့် မေးခွန်းထုတ်စရာဖြစ််လာတယ်” ဟု Mischke က Bloomberg အစီရင်ခံစာမှာ ပြောကြားခဲ့ပါတယ်။

“ဒါဟာ ဘေးထွက်ဆိုးကျိုး အမျိုးမျိုးနဲ့ လာတာပါ”ဟု ဆိုပါတယ်။

အမှန်တကယ်ပဲ အိမ်ခြံမြေစျေးနှုန်းများ မြင့်တက်လာခြင်းဟာ လူအများစုကို အိမ်ခြံမြေဈေးကွက်ကို တွန်းပို့နိုင်ပြီး ကျွန်ုပ်တို့အား ၂၀၀၈ ခုနှစ် အမေရိကန်တွင် ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ဘဏ္ဍာရေးအကျပ်အတည်းတစ်ခုနှင့် နီးကပ်လာစေပါတယ်။

အထူးသဖြင့် China Evergrande Group ကဲ့သို့ အိမ်ခြံမြေ developer များရဲ့ အကြွေးကိစ္စတွေဟာလည်း နိုင်ငံကြီးတွေမှာ ဖြစ်ပွားနိုင်ပါတယ်။

ဒီကမ္ဘာ့သမိုင်းဝင် ရိုက်ခတ်မှုတွေအတွက် အကောင်းဆုံးဖြေရှင်းချက်ကတော့ ကမ္ဘာလုံးဆိုင်ရာ GDP ကို အဓိပ္ပါယ်ရှိရှိ ချဲ့ထွင်နိုင်မည့် အကျိုးဖြစ်ထွန်းတဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရောက်ရှိစေဖို့က ကမ္ဘာ့ချမ်းသာကြွယ်ဝမှုအတွက် ဖြစ်နိုင်ကြောင်း အစီရင်ခံစာက ထပ်လောင်းဖော်ပြထားပါတယ်။

သို့သော်လည်း အဆိုးဆုံးအခြေအနေတွေမှာ ရရှိနိုင်တာက ပိုင်ဆိုင်မှုစျေးနှုန်းများ ပြိုလဲနိုင်ပြီး ကမ္ဘာ့ဝင်ငွေနှင့် ကိုက်ညီတဲ့ အောက်ခြေလိုင်းများ ကျဆင်းသွားသဖြင့် ကမ္ဘာ့ချမ်းသာကြွယ်ဝမှုရဲ့ သုံးပုံတစ်ပုံ အထိ ကွယ်ပျောက်သွားနိုင်ပါတယ်။

ဒါတွေကြောင့် ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးသူတွေဟာ ယခင်ကထက် အဆပေါင်းများစွာ ပိုချမ်းသာလာပြီး အထူးသဖြင့် အဆင်းရဲဆုံးသူတွေဟာ ရာစုနှစ်တစ်ဝက်ခန့် ထိပ်တန်းနိုင်ငံများတွင် မတွေ့မမြင်ရတော့ဘဲ ဆင်းရဲတဲ့ဒဏ်ကို ပိုမိုခံစားလာရစေပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.