မကြာမီက လေ့လာမှုများအရ ကမ္ဘာပေါ်ရှိ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုများအားလုံး၏ ၅၂ ရာခိုင်နှုန်းမှာ မီဂါစီးတီး အဆင့် မြို့ကြီး ၂၅ မြို့မှ ဖြစ်တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။
အဲဒီ့ထဲက မြို့ကြီး ၂၃ မြို့ဟာ တရုတ်နိုင်ငံမှာ တည်ရှိပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုအများဆုံး မြို့များမှာ ဟန်တန်း၊ ဆူးကျိုး၊ တာ့လျန်၊ ဘေဂျင်း နှင့် တျန်းကျင်းမြို့များ ဖြစ်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပဲရစ်သဘောတူညီမှု စာချုပ်အရ တရုတ်နိုင်ငံကို ၂၀၃၀ ခုနှစ်တွင် ကာဗွန်ထုတ်လုပ်မှုကို ကန့်သတ်ပြီး ၂၀၆၀ မှာ ကာဗွန်ကင်းစင်ရမယ်လို့ ကတိပြုထားပါတယ်။

နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် ဗြိတိန်ဟာ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၆၈ ရာခိုင်နှုန်းအထိ လျှော့ချမယ်လို့ ကတိပြုထားပြီး ၂၀၅၀ မှာတော့ ကာဗွန်ကင်းစင်ရမယ်လို့ ကတိပြုထားပါတယ်။
နိုင်ငံပေါင်း ၁၉၄ နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်အရ ကမ္ဘာ့ ပျမ်းမျှ အပူချိန်တိုးလာမှုကို ၁.၅ စင်တီဂရိတ် အတွင်း ကန့်သတ်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကုလသမ္မဂ၏ သုတေသန တွေ့ရှိချက်များအရ ပိုမို ပြင်းထန်တဲ့ အရေးယူမှုများ မပြုလုပ်ပါက ၂၁၀၀ ခုနှစ်တွင် ကမ္ဘာမြေကြီးဟာ အပူချိန် ၃ ဒီဂရီ စင်တီဂရိတ်အထိ တိုးလာဖို့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ သိရပါတယ်။
လေ့လာတွေ့ရှိမှု အသစ်များအရ တရုတ်နိုင်ငံဟာ ၎င်း၏ သမ္မတ ဂတိပြုထားသလို ကာဗွန်ထိန်းချုပ်နိုင်ရန်အတွက် ကျောက်မီးသွေးမှ ပြန်လည်ပြည်ဖြိုး စွမ်းအင် renewable energy (နေရောင်ခြည်၊ လေအား၊ ရေအား အစရှိသဖြင့်) သို့ ပြောင်းလဲသွားရန် လိုအပ်ကြောင်း တွေ့ရှိရပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံပေါင်း ၁,၀၅၈ ခု လည်ပတ်နေသည့်အတွက် အဲဒီ့အရေအတွက်ဟာ ကမ္ဘာ့ စွမ်းအင်တခုလုံး၏ ထက်ဝက်ကျော်နှင့် ညီမျှနေပါတယ်။

တရုတ်နိုင်ငံ ဆွန်ယက်ဆင် တက္ကသိုလ်၏ သုတေသန လေ့လာတွေ့ရှိမှု စာတမ်းတွင် ကမ္ဘာပေါ်ရှိ မြို့ကြီးပေါင်း ၁၆၇ ခုမှ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုအဆင့်ကို ပထမဆုံး အနေဖြင့် ဖော်ပြခဲ့ပါတယ်။
မြို့ကြီးများဟာ ကမ္ဘာ့ မြေမျက်နှာပြင်၏ ၂ ရာခိုင်နှုန်းလောက်သာ ရှိသော်လည်း ကမ္ဘာ့ ရာသီဥတု အကျပ်အတည်းများကို အဓိကဖြစ်စေတဲ့ နေရာတွေဖြစ်တယ်လို့ သုတေသန အဖွဲ့က ရှင်းပြထားပါတယ်။
Knowledgeworms Copyright © 2021