အာဖဂန်မှ မြေရှားသတ္တုနှင့် သယံဇာတများကို တရုတ်က မျက်စိကျနေ

Article National Interests

Sputnik သတင်းအရ တရုတ်နိုင်ငံက ရှားပါးမြေသားဒြပ်စင်များ (REEs) ကိုတူးဖော်ရန် အာဖဂန်နစ္စတန် နိုင်ငံမှာ စတင် လှုပ်ရှားမှု ပြုနိုင်ပြီး အမြတ်များကို အနာဂတ် အကြမ်းဖက်ဝါဒ အတွက် ရန်ပုံငွေအဖြစ် သုံးနိုင်တယ်လို့ တက္ကဆက်ပြည်နယ် လွှတ်တော် အမတ်တစ်ဦးက ပြောခဲ့ပါတယ်။

အခု ဒီ‌မြေရှား သတ္တု‌တွေကို တရုတ်က တူးဖော်ပါလိမ့်မယ်။ ထို့ကြောင့် တရုတ်က လက်ရှိမှာအသာစီးရနေပြီး အမေရိကန်ဟာ အာဖဂန် လူမျိုး တွေလို ဒီအခြေအနေမှာ ရှုံးနိမ့်နေပါတယ်။

တာလီဘန်တွေက အဲဒီကနေ အမြတ်အစွန်း အများကြီး ရနိုင်ဖွယ် ရှိနေပါတယ်။

အာဖဂန်နစ္စတန်က ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ လတ်တလောကပင် တာလီဘန်တွေက ကဘူးလ်သို့ ဝင်ရောက် သိမ်းပိုက်ပြီး မကြာခင်မှာပဲ သမ္မတ Ashraf Ghani က တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရပါတယ်။

McCaul က ရုပ်မြင်သံကြား အင်တာဗျူးတစ်ခုမှာ အာဖဂန်နစ္စတန်တွင် လျင်မြန်စွာ ယိုယွင်းနေသော အခြေအနေ အပေါ် သမ္မတ Biden ရဲ့အုပ်ချုပ်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဒါက သမ္မတ ရာထူးပေါ်မှာ အစွန်းအထင်း ဖြစ်လိမ့်မယ် ထင်တယ်လို့ McCaul ကပြောကြားခဲ့ပါတယ်။ အာဖဂန်နစ္စတန်ဟာ ၉/၁၁ အဖြစ်မျိုးကို ပြန်ဖန်တီးလိမ့်မယ်လို့ သူထင်ကြောင်း နောက်ပိုင်းတွင် ဆက်ပြောခဲ့တယ်။

အမေရိကန်က အကြမ်းဖက် ခြိမ်းခြောက်မှုများ ပြန်လည် ပေါ်ပေါက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းရန် စီစဉ်နေပါတယ်။

အဓိက မြေရှားသတ္တုတင်ပို့တဲ့ တရုတ်က အမေရိကန်ရဲ့ စုစုပေါင်း မြေရှားအသုံးပြုမှုရဲ့ ၈၀% ‌ကို နှစ်စဉ်တင်ပို့ပါတယ်။ ထို့ကြောင့် တရုတ်က မြေရှားတွေကို ဈေးသက်သာစွာ ပိုမို ရောင်းချနိုင်‌ နေပါတယ်။

တရုတ်ထံမှ နှစ်စဉ်ဝယ်ယူနေတဲ့ မြေရှားတင်သွင်းမှုဟာ အမေရိကန်ဒေါ်လာဘီလီယံ ၅၀၀ တန်ဖိုးရှိကုန်ပစ္စည်းများရဲ့ရာခိုင်နှုန်းအနည်းငယ်သာရှိပါတယ်။

မြေရှားသတ္တု တွေက အမေရိကန်နည်းပညာစက်မှုလုပ်ငန်းအတွက် အရေးပါတဲ့အရာ‌တွေဖြစ်ပြီး တရုတ်က ထောက်ပံ့မှုအရင်းအမြစ်ကိုဖြတ်တောက်လိုက်ရင် အမေရိကန်မှာ အခြား‌ရွေးချယ်စရာအများကြီးမရှိပါဘူး။

အာဖဂန်နစ္စတန်သည် ကမ္ဘာပေါ်တွင်အဆင်းရဲဆုံးနိုင်ငံများထဲမှတစ်ခုဖြစ်ပါတယ်။

သို့သော် ၂၀၁၀ ခုနှစ်တွင် အမေရိကန် စစ်ဘက် အရာရှိများနှင့် ဘူမိဗေဒ ပညာရှင်များက အလယ်နှင့် တောင်အာရှရဲ့ လမ်းဆုံ လမ်းခွတွင်တည်ရှိ‌နေတဲ့ နိုင်ငံဟာ ဒေါ်လာ ၁ ထရီလီယံနီးပါးတန်ဖိုးရှိသော ဓာတ်သတ္တုသိုက်များပေါ်မှာ တည်ရှိနေတယ်ဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။

သံ၊ ကြေးနီနဲ့ ရွှေကဲ့သို့ သတ္တုပစ္စည်း‌တွေ ကြွယ်ဝပြီးတော့ မြေရှားသတ္တုများလည်း ရှိပါတယ်။ အရေးအကြီးဆုံးကတော့ ကမ္ဘာ့အကြီးဆုံးလီသီယမ် သိုက်များထဲမှ တစ်ခု ဖြစ်နိုင်ပါတယ်။

အာဖဂန်နစ္စတန်သည် အဖိုးတန်သတ္တုများအကြွယ်ဝဆုံးဒေသတစ်ခုဖြစ်ပြီး ၂၁ ရာစုဖွံ့ဖြိုးဆဲ စီးပွားရေးအတွက် လိုအပ်တဲ့သတ္တုများလည်းရှိပါတယ်။

နိုင်ငံများသည် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန် လျှပ်စစ်ကားများနှင့် အခြားသန့်ရှင်းသောနည်းပညာများသို့ ပြောင်းရန်ကြိုးစားနေသဖြင့် လစ်သီယမ်နှင့် ကိုဘော့ကဲ့သို့သတ္တုများ၊ နီယိုဒီယမ်ကဲ့သို့ရှားပါးဒြပ်စင်များရဲ့ဝယ်လိုအားဟာ မြင့်တက်လာပါတယ်။

တရုတ်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ဩစတေးလျနိုင်ငံသုံးနိုင်ငံဟာ ကမ္ဘာပေါ်ရှိ လီသီယမ်၊ ကိုဘော့နှင့်‌ မြေရှားသတ္တုတို့ရဲ့ ၇၅ ရာခိုင် နှုန်းကိုပိုင်ဆိုင်ထားပါတယ်။

လျှပ်စစ်ကားတစ်စီးက သာမန်ကားတစ်စီးထက် သတ္တုဓာတ်ခြောက်ဆပိုလိုအပ်ပါတယ်။ လီသီယမ်၊ နီကယ်နှင့် ကိုဘော့တို့သည် ဘက်ထ ရီအတွက် အလွန်အရေးပါပါတယ်။

လျှပ်စစ်ဓာတ်အားကွန်ယက်များသည် ကြေးနီနှင့် အလူမီနီယမ် အမြောက်အမြား လိုအပ်ပြီး၊ လေရဟတ်တာဘိုင်များ လည်ပတ်ရန် လို အပ်သော သံလိုက်များတွင် မြေရှားသတ္တုကိုသုံးပါတယ်။

တာလီဘန်များ အာဏာရယူခဲ့သော်လည်း ပုန်ကန်သူအုပ်စုမှ အမျိုးသားအစိုးရသို့ အသွင်ကူးပြောင်းတာဟာ ကြာလိမ့်မယ်လို့ အာရှလုံခြုံရေး အန္တရာယ် လေ့လာဆန်းစစ်ထောက်လှမ်းသည့် ကုမ္ပဏီ Verisk Maplecroft မှ Joseph Parkes ကပြောခဲ့ပါတယ်။

အခြေတည်စ ဒြပ်သတ္တုများရဲ့လုပ်ငန်းဆောင်ရွက်မှုသည် နှစ်ပေါင်းများစွာဝေးကွာဖွယ်ရှိပါတယ်။ တရုတ်ရဲ့ကြီးမားတဲ့ပါဝင်ပတ်သက်မှုကြောင့်အဲဒါကပြောင်းလဲသွားနိုင်ပါတယ်။

တရုတ်နိုင်ငံက အလွန်သိသာ ထင်ရှားတဲ့ အစိမ်းရောင် စွမ်းအင် ဖွံ့ဖြိုးရေး အစီအစဉ်ကို စတင်နေပါပြီလို့ Schoonover ကပြောကြားခဲ့ပါတယ်။

လီသီယမ်နှင့် မြေရှားသတ္တုတွေဟာ သူတို့ရဲ့သိပ်သည်းဆနှင့် ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကြောင့် ယခုအချိန်ထိ အစားထိုးမရပါဘူး။ အဲဒီဓာတ်သတ္တုတွေက သူတို့ရဲ့ရေရှည်စီမံကိန်းတွေမှာ ပါဝင်ပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့တုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် Mullah Abdul Ghani Baradar ဦးဆောင်သော တာလီဘန်ကိုယ်စားလှယ်အဖွဲ့ကို ပေကျင်းမှာတွေ့ဆုံခဲ့ပါတယ်။

ပုံမှန်သံတမန်ရေးအရသဘောထားကွဲလွဲတာကလွဲလို့ ဝမ်ရိက တာလီဘန်‌တွေက အာဖဂန်နစ္စတန်မှာ အရေးကြီးသော စစ်တပ်နှင့်နိုင်ငံရေးအင်အားစုနှင့် တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့အုပ်စု တစ်စုလို့ ပြောခဲ့ပါတယ်။

အနောက်နိုင်ငံ‌တွေက တာလီဘန်များနှင့်မပူးပေါင်းရန် ခြိမ်းခြောက် နေသော်လည်း၊ တရုတ်၊ ရုရှားနဲ့ ပါကစ္စတန်တို့ဟာ ၎င်းတို့နှင့် စီးပွားရေး လုပ်ရန် တန်းစီနေပြီး အာဖဂန်နစ္စတန် ကျဆုံးမှုနှင့် ပတ်သက်၍ အမေရိကန်ရဲ့အရှက်ရမှုကို ထပ်မံတိုးစေပါတယ်။

အာဖဂန်နစ္စတန်ရဲ့ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ပေကျင်းဟာ သတ္တုများအတွက် လုံလောက်သော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ထိရောက်သော သတ္တုတူးဖော်ရေးစနစ်ကို တည်ဆောက်ရန် ကူညီနိုင်ခြေရှိပါတယ်။

အနာဂါတ်အတွက် ဒီသတ္တုဓာတ်တွေအတွက် ထောက်ပံ့ရေး အကျပ်အတည်းဖြစ်‌နေပြီး တရုတ်က သူတို့ကို လိုအပ်‌နေတဲ့အချိန်မှာ တာလီဘန် ထိန်းချုပ်မှုက ရောက်လာပါတယ်။ တရုတ်က ဒီသတ္တုဓာတ်တွေကို တူးဖော်ဖို့ အာဖဂန်နစ္စတန်မှာ နေရာရနေပါတယ်။

အာရှအင်အားကြီး သတ္တုတူးဖော်ရေး ကုမ္ပဏီကြီးတစ်ခု ဖြစ်သော Metallurgical Corporation of China ဟာ အာဖဂန်နစ္စတန်ရဲ့ မဖြစ် ထွန်း သေးတဲ့ Logar ပြည်နယ်တွင် ကြေးနီ တူးဖော်ရန် နှစ် ၃၀ ငှားရမ်းထားပြီးဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် မီဒီယာများက အာဖဂန်နစ္စတန်ဟာ နိုင်ငံရဲ့ကြီးမားတဲ့ Belt and Road Initiative ကနေ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ ဆိုတာကို ဖော်ပြနေချိန် ပေကျင်းရဲ့အငြင်းပွားဖွယ် အခြေခံအဆောက်အဦးဟာ အာရှ၊ ဥရောပကို ဖြတ်၍ လမ်း၊ ရထားနှင့် ပင်လယ်လမ်းကြောင်းများ တည်ဆောက်ရန် စီစဉ်နေပါတယ်။

တာလီဘန်တွေက တရုတ်ကို တည်ငြိမ်တဲ့လည်ပတ်မှု အခြေအနေတွေပေးနိုင်ရင် ကြေးနီလုပ်ငန်းတစ်ခုတည်းနဲ့ ဝင်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာ ထုတ်လုပ်နိုင်ပြီး နိုင်ငံအတွင်း အခြားတွင်းထွက်များအတွက် သတ္တုတူးဖော်ရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေး‌နေ နိုင်ပါတယ်။

လုံခြုံရေးဟာ နေ့ချင်းညချင်း တိုးတက်လာဖွယ်မရှိသလို အကျင့်ပျက်ခြစားမှုများဆက်လက် ရှိနေဆဲဖြစ်ပြီး တာလီဘန်တို့နိုင်ငံကို လျင်မြန်စွာ သိမ်းပိုက်နိုင်ခြင်းဟာ ပိုမို ဆိုးရွားလာစေကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆက်လက် တားဆီးနိုင်ပါတယ်။

အာဖဂန်နစ္စတန်ရဲ့အခြေခံအဆောက်အဦးများနှင့် တရားစီရင်ရေး စနစ်သည်လည်း ဆိုးရွားစွာချို့တဲ့နေဆဲဖြစ်ပါတယ်။

အဓိက ပြသနာတွေထဲက တစ်ခုက တာလီဘန်တွေကို ကာကွယ်ဖို့ ကိုယ်ပိုင်စစ်တပ်မရှိရင် သယံဇာတတွေကို တိုင်းပြည်ကနေ မထုတ်နိုင်ပါဘူးလို့ တန်ပြန်အစွန်းရောက် ဝါဒပရောဂျက်ရဲ့အကြီးတန်း ဒါရိုက်တာ Hans-Jakob Schindler ကပြောပါတယ်။

အခုအဲဒီခြိမ်းခြောက်မှုက ပျောက်သွားပေမယ့်အခြေခံ အဆောက်အအုံတွေက‌တော့ မရှိသေးပါဘူး၊ ဒါကြောင့် သူတို့က အကြီးစားရင်းနှီးမြှုပ်နှံမှု လိုပါလိမ့်မယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *