ထိုင်ဝမ်ရေလက်ကြားရှိ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းကြောင့် ထိုင်ဝမ်အား ဘေဂျင်းမှ လွတ်လပ်ရေးရယူရန်ကြိုးပမ်းမှု ဟာ “စစ် ပွဲလို့ အဓိပ္ပါယ် ရကြောင်း” သတိပေးလိုက်ပါတယ်။ ထိုင်ဝမ်နှင့် အမေရိကန်တို့အကြား နှစ်နိုင်ငံဆက်ဆံရေး နီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံအနေဖြင့် အမျိုးသား အချုပ်အခြာအာဏာကို ကာကွယ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်အနေဖြင့် ထိုင်ဝမ်အား အငြင်းပွားနေသော ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ပေနိုင်ငံနှင့် သံတမန်ရေးအရဆက်ဆံရန် အခြားနိုင်ငံများ၏ ကြိုးပမ်းမှုကို တရုတ်နိုင်ငံမှ ပြင်းပြင်းထန်ထန် ဆန့်ကျင်လျှက်ရှိပါတယ်။
လွန်ခဲ့တဲ့တပတ်က ထိုင်ဝမ်လေပိုင်နက်ထဲသို့ တရုတ်တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ ဝင်ရောက်လာပြီးနောက် အမေရိကန်၏ လေယာဉ်တင် သင်္ဘောအုပ်စုဟာ တောင်တရုတ်ပင်လယ်ထဲသို့ ဝင်ရောက်လာခဲ့ပါတယ်။ ဒါကို အမေရိကန်သမ္မတသစ် ဘိုင်ဒန်ရဲ့ စမ်းသပ်မှုတစ်ခုလို့ အဓိပ္ပါယ်ကောက်ယူခဲ့ပါတယ်။
တရုတ်လေတပ်ရဲ့ မကြာသေးမီက လှုပ်ရှားမှုများတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချင်က ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံ၏ ခွဲလို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
၎င်းကဆက်လက်ပြီး “ထိုင်ဝမ်မှာ လက်တစ်ဆုပ်စာ လူတွေကသာ လွတ်လပ်ရေးအတွက် တောင်းဆိုနေကြတာပါ” လို့ပြောသွားပါသေးတယ်။ ဒါ့အပြင် လွတ်လပ်ရေးဆိုတဲ့ မီးကို ကစားပြီး ကိုယ်တိုင် မီးလောင်လိမ့်မယ် လို့ ဝူက ထပ်လောင်းပြောကြားသွားပါတယ်။
ထိုင်ဝမ်အုပ်ချုပ်ရေးကောင်စီကတော့ တရုတ်အနေဖြင့် ထိုင်ဝမ်ကျွန်း၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် လွတ်လပ်မှုနှင့်ဒီမိုကရေစီကို ထိန်းသိမ်းရန် ဆုံးဖြတ်ချက်ကို လျှော့မတွက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ်းဦးဆောင်သည့် ၄ နှစ်တာကာလအတွင်း အိမ်ဖြူတော်နှင့် သမ္မတရှီကျင်းပင်အစိုးရကြား ဆက်ဆံရေး ပိုမိုဆိုးရွာလာသည်နှင့်အမျှ အမေရိကန်အစိုးရဟာ ထိုင်ဝမ်ကိုထောက်ခံကြောင်း ထပ်တလဲလဲ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံကို စိတ်အနှောက်အယှက်ဖြစ်စေရန် ထိုင်ဝမ်ကို ထောက်ခံသည့် ထုတ်ပြန်ချက်များဟာ ယခု အစိုးရသစ်မှာလဲ ဆက်လက်ရှိနေပါတယ်။
ထိုင်ဝမ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်ရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုပုံစံကို အမေရိကန်နိုင်ငံခြား ရေး ၀န်ကြီးဌာနက စိုးရိမ်ကြောင်းပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ဟာ ထရမ်နှင့် သူ၏ ကုလသမဂ္ဂ သံအမတ် ကယ်လီကတ်ထ် နှင့်အတူ ပြောကြားခဲ့သည့် နောက်ဆုံး နိုင်ငံခြားရေး မူဝါဒစကားများထဲမှ တစ်ခုဖြစ်သည့် ထိုင်ဝမ်ကို သီးခြားခွဲထုတ်ရန် တရုတ်၏ ကြိုးပမ်းမှုများကို နိုင်ငံများက ရပ်တန့်ရန် အချိန်တန်ပြီဟု ဘေဂျင်းကို နောက်ဆုံး အပြီးသတ်ပြောကြားခဲ့သည်။
ZawGyi
၎င်းကဆက်လက်ပြီး “ထိုင်ဝမ်တွင် လက်တစ်ဆုပ်စာ လူတွေကသာ လွတ်လပ်ရေးအတွက် တောင်းဆိုနေကြတာပါ” လို့ပြောသွားပါသေးတယ်။ ဒါ့အပြင် လွတ်လပ်ရေးဆိုတဲ့ မီးကိုကစားပြီး ကိုယ်တိုင် မီးလောင်ကျွမ်းလိမ့်မယ် လို့ ဝူက ထပ်လောင်းပြောကြားသွားပါတယ်။

Knowledgeworms Copyright © 2021