တရုတ်မှ နေ ကိုလေ့လာရန် ဂြိုလ်တုစေလွှတ်မည်

Tech

တရုတ်ဟာ ၎င်းရဲ့ အာကာသလေ့လာရေး အစီအစဉ်များကို ယခင်ထက်ပိုပြီး အများကြီး ချဲ့ထွင်နေပါတယ်။ များမကြာမီ ကာလတွေကပဲ လပေါ်သို့ အောင်မြင်စွာရောက်ရှိခဲ့နိုင်ပြီး အချက် အလက် ပေါင်းများစွာ ကမ္ဘာကို ပြန်လည်ပေးပို့နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကိုယ်ပိုင် အာကာသစခန်း တည်ဆောက်ဖွယ်ရှိပြီး အမေရိကန်နှင့်အပြိုင် အင်္ဂါဂြိုဟ်ကို သွားရောက်ဖို့ ကြိုးစားတော့မှာပါ။

အခုတော့ တောင်တရုတ်မနက်ခင်း သတင်းစာရဲ့ဖော်ပြချက်အရ တရုတ်ဟာ မကြာခင်မှာ နေ ကိုလေ့လာဖို့အတွက် ဂြိုဟ်တုလွှတ်တင်တော့မယ်လို့ သိရပါတယ်။

ဒီဂြိုဟ်တုဟာ အဆင့်မြင့် အာကာသအခြေစိုက် နေလေ့လာရေး အစီအစဉ်အတွက်ဖြစ်ပြီး ၂၀၂၂ နှစ်လယ်လောက်မှာ လွှတ်တင်မယ်လို့ သိရပါတယ်။

ဒီဂြိုဟ်တုဟာ နေမင်းကြီးကို ကမ္ဘာ့အထက် ၇၂၀ ကီလိုမီတာလောက်မှာရှိတဲ့ Sun-synchronous ပတ်လမ်းပေါ်မှာ ၂၄ နာရီပတ်လုံး ၄ နှစ်တိုင်တိုင် နေကိုအဆက်မပြတ် စောင့်ကြည့်သွားမယ်လို့ ဆင်ဟွာသတင်းက ဖော်ပြခဲ့ပါတယ်။

အဓိက ရည်ရွယ်ချက်ကတော့ အာကာသရာသီဥတုတွေ၊ ထိလွယ်ရှိလွယ်တဲ့ သိပ္ပံပစ္စည်းတွေကို ထိခိုက် ပျက်စီးစေတဲ့ solar storm တွေအကြောင်းကို လေ့လာဖို့ဖြစ်ပါတယ်။

ဒီ စောင့်ကြည့်ရေးဂြိုဟ်တုဟာ အန္တရာယ်သတိပေးမှုအတွက် solar storm တွေမရောက်မီ နာရီ ၄၀ လောက် ကြိုတင်တင်ခန့်မှန်းနိုင်မယ်လို့ ဆင်ဟွာသတင်းက ထပ်လောင်းပြောကြားသွားပါသေးတယ်။

Solar storm ဆိုသည်မှာ အားပြင်းတဲ့ ပလပ်စမာအမှုန်များ နေမှကမ္ဘာသို့ ရိုက်ခတ်တဲ့ ဖြစ်စဉ်ကိုခေါ်တာပါ။ ဒီလို solar storm တွေကြောင့် ရေဒီယိုလှိုင်းများ ပြတ်တောက်ခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ဂြိုဟ်တုများ အလုပ်လုပ်မှု ရပ်ဆိုင်းသွားခြင်း အစရှိသည်တို့ ဖြစ်ပွားစေတတ်ပါတယ်။

ယခု တရုတ်နိုင်ငံမှ လွတ်တင်မယ့် ဂြိုဟ်တုပေါ်မှာ တိုင်းတာရေးစနစ်သုံးခုကို တင်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒါတွေကတော့ နေရဲ့ သံလိုက်စက်ကွင်းကို လေ့လာနိုင်မယ့် X-ray ပုံပေါ်စက် နှင့်အတူ သံလိုက်ဓာတ် စူးစမ်းကိရိယာနှင့် ဆိုလာအဝေးကြည့်မှန်ဘီလူး တို့ပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ စီးပွားရေးတိုးတက်လာတာနှင့်အတူ အာကာသနှင့်ပတ်သက်ပြီး ဒီ ဆယ်စုနှစ်များမှာ ပိုမို ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်လာပါတယ်။ ဒါဟာ အနာဂါတ်ကမ္ဘာအတွက် များစွာအကျိုးရှိပြီး အာကာသနည်းပညာတွင် ထိပ်တန်းရောက်နေသော အမေရိကန်၊ ရုရှားနိုင်ငံများနှင့် လက်တွဲဆောင်ရွက်မှုတွေရှိလာမလား အာကာသ ကိုလိုနီနယ်မြေတွေအပေါ်ပဲ စိတ်ဝင်စားနေတာလားဆိုတာကတော့ အချိန်ကဆုံးဖြတ်သွားပါလိမ့်မယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *