တရုတ်အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် (ဘီစီ ၅၅၁-၄၇၉) ကို သူ့ရဲ့ တပည့်ကြီး ဇီဂေါင်းက မေးခွန်းတစ်ခု မေးပါတယ်။
ဇီဂေါင်း – အရှင်၊ နိုင်ငံတစ်ခုဟာ ရေရှည်တည်တံ့နေနိုင်ဖို့ ဘယ်အချက်တွေနဲ့ ပြည့်စုံဖို့ လိုအပ်ပါသလဲ ခင်ဗျာ
ကွန်ဖြူးရှပ် – အချက်သုံးချက်နဲ့ ပြည့်စုံဖို့ လိုတယ်ကွ
ဇီဂေါင်း – ဘာအချက်တွေများလဲ အရှင်
ကွန်ဖြူးရှပ် – ပထမဆုံးက တခြားနိုင်ငံတွေက တိုက်ခိုက်လာရင် ကာကွယ်နိုင်မယ့် အင်အားတောင့်တင်းတဲ့ စစ်တပ်ရှိရမယ်။ ဒုတိယက နိုင်ငံမှာ စားနပ်ရိက္ခာအလုံအလောက်ရှိရမယ်။ လူတွေ ဝဝလင်လင် စားနိုင်ကြမှ နိုင်ငံကို ကာကွယ်ဖို့ ခွန်အားရှိကြမယ်။ တတိယက နိုင်ငံသားတွေဟာ နိုင်ငံ့အပေါ်မှာ သစ္စာရှိကြမယ်
ဇီဂေါင်း – အရှင်၊ တကယ်လို့ အဲဒီသုံးချက်စလုံးနဲ့ ပြည့်စုံအောင် လုပ်လို့မရရင် ဘယ်အချက်ကို ဖယ်လိုက်ရင် ရမလဲ ခင်ဗျ
ကွန်ဖြူးရှပ် – ဒါဆိုရင် ပထမအချက်ဖြစ်တဲ့ စစ်တပ်ကို ဖယ်လိုက်။ စစ်တပ်မရှိလည်း နိုင်ငံသူနိုင်ငံသားတွေ လက်နက်ကိုင်ပြီး နိုင်ငံကို ကာကွယ်နိုင်ကြတယ်
ဇီဂေါင်း – ဒါဆို အရှင်၊ ကျန်တဲ့ နှစ်ချက်ထဲက ဘယ်တစ်ချက်ကို ဖယ်လို့ ရပါဦးမလဲ ခင်ဗျ
ကွန်ဖြူးရှပ် – ဒုတိယအချက်ဖြစ်တဲ့ စားနပ်ရိက္ခာအလုံအလောက်ရှိဖို့ကို ဖယ်လိုက်။ လူဆိုတာ ရက်ပေါင်းများစွာ အစာမစားဘဲ အသက်ရှင်နေနိုင်ကြတယ်။ အေး ဒါပေမဲ့ တတိယအချက် ဖြစ်တဲ့ နိုင်ငံအပေါ် သစ္စာရှိရမယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်တော့မှ ဖယ်လို့ မရဘူးဆိုတာ မြဲမြဲ မှတ်ထားပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံ့အပေါ် သစ္စာမဲ့သူ သစ္စာဖေါက်သူတွေနဲ့ ပြည့်နေတဲ့ နိုင်ငံ ဟာ အမြန်ဆုံး တိုင်းတစ်ပါးသားလက်အောက် ကျရောက်သွားမှာမို့ပါ။
Yu Dan ေရးတဲ့ ‘Confucius from the heart’ စာအုပ်ထဲကပါ။
ဗန်းမော်သိန်းဖေ