အမေရိကန်ရေတပ်တွင် လက်ရှိ ရေငုပ်သင်္ဘောပေါင်း ၆၈ စီး တာဝန် ထမ်းဆောင် နေပါတယ်။ ဒီ ရေငုပ်သင်္ဘောတွေကို အမျိုးအစား ၃မျိုးခွဲခြားထားပါတယ်။
အဲဒါတွေ ကတော့ အမြန်တိုက်ခိုက်ရေး ရေငုပ်သင်္ဘော၊ တိုက်ချင်းပစ် ဒုံးတင် ရေငုပ်သင်္ဘောနှင့် ပဲ့ထိန်း လမ်းညွှန်ဒုံးတင် ရေငုပ်သင်္ဘောတို့ပဲ ဖြစ်ပါတယ်။
အမြန်တိုက်ခိုက်ရေး ရေငုပ်သင်္ဘော (SSN)
အမြန်တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေရဲ့ အဓိက တာဝန်ကတော့ ရန်သူ့ သင်္ဘော တွေနဲ့ ရေငုပ် သင်္ဘောတွေကို နှစ်မြှပ် ဖျက်ဆီးဖို့ပါ။ လက်နက်တွေအနေဖြင့် တော်ပီဒို တွေ၊ Tomahawk နှင့် Harpoon ဒုံးကျည်တွေ တင်ဆောင်စစ်ဆင် လေ့ရှိပါတယ်။
အမေရိကန်လေတပ်မှာ အမြန်တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေကို အတန်းအစားသုံးမျိုး ခွဲခြား ထားပါတယ်။ အဲဒါတွေကတော့ Los Angeles class၊ Seawolf class နှင့် Virginia class တို့ပဲဖြစ်ပါတယ်။
အမေရိကန်တို့ရဲ့ ရေငုပ်သင်္ဘောတွေထဲမှာ fast-attack ရေငုပ်သင်္ဘောတွေက အရေအတွက် အများဆုံးဖြစ်ပြီး အစီးရေ ၅၀ တာဝန်ထမ်း ဆောင် နေပါတယ်။
တိုက်ချင်းပစ်ဒုံးတင် ရေငုပ်သင်္ဘော (SSBN)
တိုက်ချင်းပစ်ဒုံးတင် ရေငုပ်သင်္ဘောတွေကတော့ အမေရိကရဲ့ ဗျူဟာမြောက် နျူက လီးယား တိုက်ချင်းပစ် ဒုံးကျည်တွေကို အဓိက တပ်ဆင်ထားတာပါ။
Ohio class တိုက်ချင်းပစ်ဒုံးတင် ရေငုပ်သင်္ဘောပေါင်း ၁၄ စီးတာဝန် ထမ်းဆောင်လျက်ရှိပြီး တစ် စီး လျှင် နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည် ၂၄ လုံးအထိ တင်ဆောင် စစ်ဆင်နိုင်ပါတယ်။
ပဲ့ထိန်း လမ်းညွှန်ဒုံးတင် ရေငုပ်သင်္ဘော (SSGN)
ဒီ ပဲထိန်းဒုံးပျံတင် ရေငုပ်သင်္ဘောတွေဟာ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေတော့ မတင် ဆောင် ထားပါဘူး။
ဒါပေမယ့် အလွန့်ကို များပြားလှတဲ့ အရေအတွက်ဖြစ်တဲ့ Tomahawk ပဲ့ထိန်း ဒုံးကျည်ပေါင်း ၁၅၃ လုံးကို တင်ဆောင်ထားတဲ့အတွက် ရန်သူကို အတော်ကြီးကို ဒုက္ခပေးနိုင်မယ့် ရေငုပ် သင်္ဘော ဖြစ်နေပါတယ်။
ဒါ့အပြင် ဒီရေငုပ် သင်္ဘော တွေဟာ အထူးစစ်ဆင် ရေး တွေ လုပ်ဆောင် နိုင်ပြီး အထူးတပ် NAVY SEAL ရဲ့ စစ်ဆင်ရေးတွေကို ကောင်း ကောင်းထောက်ပံ့ပေးနိုင်ပါတယ်။
ဒီရေငုပ်သင်္ဘော အတန်း အစားဟာလည်း Ohio class ပဲဖြစ်ပြီး တိုက်ချင်းပစ်ဒုံးတင် ရေငုပ် သင်္ဘော များနှင့် အခြေခံအားဖြင့် တူညီကြပါတယ်။
မတူတာက တပ်ဆင်ထားတဲ့ လက်နက် များ နှင့် ၎င်းတို့၏ ထိန်းချုပ်စနစ်များပဲဖြစ်ပါတယ်။ လက်ရှိမှာ ပဲ့ထိန်း လမ်းညွှန်ဒုံးတင် ရေငုပ်သင်္ဘော ၄ စီးတာဝန်ထမ်းဆောင်နေပါတယ်။
ဒီရေငုပ်သင်္ဘော ၆၈ စီးလုံးဟာ နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော များ ဖြစ်ကြ ပြီး ကမ္ဘာအနှံ့ကို လောင်စာဖြည့်တင်းစရာ မလိုဘဲ သက်တောင့်သက်သာ စစ်ဆင် နိုင်ပါတယ်။
ဒီ ရေငုပ် သင်္ဘောတွေကို ကန့်သတ်ထားတာ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ရေတပ်သားတွေရဲ့ အစား အစာပြသနာပဲ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021