သွားတိုက်တာကို ဘယ်လောက်ပဲ မကြိုက်သည်ဖြစ်စေ သွားတိုက်ခြင်းကို လုံးဝမပြုလုပ်လို့တော့ မရပါဘူး။
ပုံမှန်သွားတိုက်တာဟာ ကျန်းမာတဲ့ခံတွင်းနှင့် ပါးစပ်သန့်ရှင်းစေဖို့ ကူညီပေးပါတာ လူတိုင်းလောက် သိပြီးသား ဖြစ်မှာပါ။
ဒါပေမယ့် ကျွန်ုပ်တို့ ရေချိုးခန်းကို သွားဖို့ လုံလောက်တဲ့ အရွယ်ရောက်ကတည်းက သွားတိုက်ဖို့ လုပ်နေတယ်ဆိုရင်တောင် သွားတွေကို စနစ်တကျ တိုက်တက်ဖို့ဆိုတာ ဖြစ်နိုင်ချေ နည်းပါတယ်။
ကံကောင်းတာက ကျွန်ုပ်တို့ သွားတိုက်တာကို ရိုးရိုးရှင်းရှင်း စနစ်တကျ တိုက်မယ်ဆိုရင် နည်းစနစ်ကျကျ ပြုပြင်ပြောင်းလဲပြီး တစ်နေ့တာရဲ့အပိုတစ်မိနစ်ကို ထုတ်ယူနိုင်ပါတယ်။
Popular Science မဂ္ဂဇင်း ရဲ့ ပြောကြားချက်အရ အကျိုးရှိရှိ သွားတိုက်ခြင်းရဲ့ သော့ချက်က ကြာချိန်ဟု ဆိုပါတယ်။
American Dental Association နှင့် British သွားဘက်ဆိုင်ရာအဖွဲ့အစည်း နှစ်ခုစလုံးက တစ်နေ့လျှင် နှစ်ကြိမ်၊ အနည်းဆုံးတစ်ကြိမ်လျှင် အနည်းဆုံး နှစ်မိနစ်ခန့် သွားတိုက်ဖို့ အကြံပြုထားပါတယ်။ ပုံမှန်အားဖြင့် နံနက်နှင့် ညဘက် ဖြစ်ပါတယ်။

နှစ်မိနစ်လောက်ကြာတယ်လို့ မထင်ရပေမယ့် စက္ကန့်တွေကို မရေတွက်ပဲနဲ့ သွားတိုက်ပြီးချိန်ကို အတိအကျ သိဖို့ ခက်ပါတယ်။
ဒါအတွက် အလွယ်ကူဆုံး ပြင်ဆင်မှုက စမတ်ဖုန်းမှ အချိန်တိုင်းစက် Timer ကို သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
ထိုနည်းကို အသုံးပြုခြင်းဖြင့် ရပ်တန့်ရမည့်အချိန်ကို စိတ်ပူစရာမလိုဘဲ လွတ်လွတ်လပ်လပ် သွားတိုက်နိုင်ပါတယ်။
ဒါဟာလည်း အမြဲတမ်း လုပ်စရာမလိုဘဲ နောက်ပိုင်းမှာတော့ အကျင့်ရလာပြီး အချိန်ကို ခန့်မှန်းတတ်လာမှာ ဖြစ်ပါတယ်။
နှစ်မိနစ်စာ စနစ်တကျ သွားတိုက်ခြင်းက တူညီတဲ့ ရလဒ်တွေ ရမယ်လို့ မဆိုလိုပါဘူး။
ဒါ့အပြင် သွားတိုက်တဲ့အခါ သွားဖုံးတွေကို မထိခိုက်စေပဲ သွားတိုင်းကို သန့်ရှင်းဖို့ လိုပါတယ်။

ဆိုလိုတာက ကျွန်ုပ်တို့ရဲ့သွားဖုံးများကို ၄၅ ဒီဂရီ ထောင့်တွင် အတိုချုံ့ပြီး သွားတိုက်တံကို ညင်သာစွာဖြင့် သွားတွေကို ပွတ် တိုက်သင့်ပါတယ်။
သွားဖုံးများ အထိမခံနိုင်လောက်အောင် ခံစားရပါက ပိုမို နူးညံ့သိမ်မွေ့တဲ့ သွားတိုက်တံကို အသုံးပြုသင့်ပါတယ်။
ပျော့ပျောင်းတဲ့ အမွှေးအမှင်များပါသည့် သွားတိုက်တံနှင့် ကိရိယာများကို သေချာစွာ ရွေးချယ်သင့်ပါတယ်။
တောင့်တင်းသော အမွေးအမှင်များရှိတဲ့ သွားတိုက်တံတွေက ကျွန်ုပ်တို့ ပါးစပ်ရဲ့ ထိလွယ် ရှလွယ် နေရာများကို ထိခိုက်ပျက်စီးစေပါတယ်။
တစ်ခါတစ်ရံ အချိန်တိုင်းကိရိယာတစ်ခုသတ်မှတ်ခြင်းတွေ၊ နှူးညံ့တဲ့ သွားပွတ်တံကို သေချာရွေးခြယ်ပြီး အသုံးခြင်းတို့ဟာ ခံတွင်းသန့်ရှင်းရေးရဲ့ဗဟိုပြဿနာကို တိုက်ဖျက်ဖို့ မလုံလောက်ပါဘူး။

သွားတိုက်တာကို မကြိုက်လေလေ၊ စနစ်တကျ လုပ်ဖို့ အလားအလာ နည်းလေလေ၊ ဒါကြောင့် ပိုအကျိုးရှိတဲ့ နည်းလမ်းကို ရှာဖွေအသုံးပြုသင့်ပါတယ်။
ဒါ့ကြောင့် နောက်တစ်နည်းက သွားပွတ်တံရဲ့အသံများကို နားထောင်ခြင်း ဖြစ်ပါတယ်။
သုတေသနပြုချက်အရ သွားပွတ်တံရဲ့အသံကို နားထောင်သူများဟာ သွားတိုက်ဖို့ ပျင်းသူများအတွက် ပိုမိုသန့်ရှင်းပြီး ပိုမိုပြီးမြောက်လာတယ်ဟု သုတေသနပြုထားတာကို တွေ့ရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။