သိပ္ပံပညာရှင်များရဲ့အဆိုအရ သတ္တမတန်းမှကလေးများကို လေ့လာခဲ့ရာ အခန်းထဲတွင် ဟာသဉာဏ်ရွှင်တဲ့ကလေးဟာ ဉာဏ်အကောင်းဆုံးကလေး ဖြစ်ကောင်းဖြစ်နိုင်တယ်ဟု ဆိုပါတယ်။
နိုင်ငံတကာ ဟာသသုတေသနဂျာနယ်၌ ထုတ်ဝေခဲ့တဲ့ သုတေသနများအရ ဆယ်ကျော်သက်အရွယ်ကလေးတွေဟာ ဟာသစွမ်းရည် နှင့် ဉာဏ်ရည်ဉာဏ်သွေးဟာ နီးကပ်စွာ ဆက်စပ်နေကြောင်း သိသာထင်ရှားတယ် ဆိုပါတယ်။
“ငါတို့ရဲ့ကလေးတွေ လုပ်တဲ့ ဟာသတွေရဲ့အရည်အသွေးကို အထူးစိတ်ဝင်စားတယ်။ ဒါပေမယ့် လူကြီးတွေကတော့ သိပ်ဂရုမစိုက်ကြဘူး”
ဟုလေ့လာမှု ဦးဆောင်စာရေးဆရာ နှင့် Anadolu တက္ကသိုလ်မှ သုတေသီ Ugur Sak က သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
မိဘတွေ ၊ဆရာတွေအနေနှင့် သူတို့ရဲ့ကလေးတွေ ဒါမှမဟုတ် ကျောင်းသားတွေက ဟာသဉာဏ်ရွှင်အောင် မကြာခဏလုပ်ရင် သူတို့မှာ ထူးကဲတဲ့အသိဥာဏ်ရှိတယ်ဆိုတာကို သိထားသင့်တယ် ဟုဆိုပါတယ်။
လေ့လာမှုနှင့်ပတ်သက်၍ စိတ်ဝင်စားစရာကောင်းတာက ကလေးတွေက လူကြီးတွေထက် ပုံစံ အမျိုးမျိုးနဲ့ ဟာသလုပ်တဲ့ နေရာမှာ ပိုထက်မြက်ကြပါတယ်။
“ဟာသကို ဖျော်ဖြေရေးအတွက် လူကြီးများကမကြာခဏ သုံးလေ့ရှိသော်လည်း ကလေးတွေကတော့ အများအားဖြင့် သက်တူရွယ်တူခြင်း စနောက် ပျော်ရွှင်မှုအတွက် သုံးတယ်” ဟု Ugur Sak ကဆိုပါတယ်။
ဒါ့ကြောင့် လူကြီး နှင့် ကလေးရဲ့ ဟာသ သဘော သဘာဝဟာ ကွဲပြားပါတယ်။
ဘယ်ကျောင်းသားတွေက ပိုဟာသဉာဏ်ရွှင်ပြီး ပိုထက်မြက်လဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် အလယ်တန်းကျောင်းသား ၂၁၇ ဦးအတွက် စာပါ ဟာသကာတွန်းဆယ်ပုဒ်အတွဲလိုက် ရေးစေခဲ့ပြီး ကျွမ်းကျင်သူတွေကို အဆင့်သတ်မှတ်ပေးဖို့ သုတေသီတွေက စီစဉ်ပေးခဲ့ပါတယ်။

ကာတွန်းဆရာများ နှင့် ပညာရှင်များဟာ ဟာသတန်ဖိုး နှင့် ဆီလျော်မှုရှိစေတဲ့ ကာတွန်းများကို ဖတ်ရှု့ ဆုံးဖြတ်ခဲ့ကြပါတယ်။
နှုတ်ဖြင့် ကျိုးကြောင်းဆင်ခြင်မှုစွမ်းရည်ပိုရှိတဲ့ ကျောင်းသားတွေ နှင့် အသိဥာဏ်ပိုကျယ်ပြန့်တဲ့ ကျောင်းသားတွေဟာ ပိုရယ်စရာကောင်းတဲ့ ဟာသများ ဖန်တီးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။
ပိုစကားပြောကောင်းတဲ့လူတွေက ပိုကောင်းတဲ့ ဟာသတွေကို ဖန်တီးနိုင်တာ အံ့သြစရာမဟုတ်ပေမဲ့ အဆိုပါ လေ့လာမှုဟာ ကျောင်းသားများရဲ့ ကျောင်းတွင်းတိုးတက်မှုကို တိုင်းတာဖို့ နှင့် ၎င်းတို့ရဲ့ ပညာရေးကို မြှင့်တင်ဖို့ နည်းလမ်းတစ်ခုအနေဖြင့် အဖိုးတန်ပုံ ရပါတယ်။
ဟာသနှင့်အသိဥာဏ်ဆိုင်ရာ သုတေသနကိုအနောက်တိုင်းယဉ်ကျေးမှုများတွင် အများအားဖြင့် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး၊ လေ့လာမှုအသစ်အရ အနောက်တိုင်း နှင့် အရှေ့တိုင်း ယဉ်ကျေးမှု ပေါင်းစပ်မှု ဖြစ်တဲ့ တူရကီယဉ်ကျေးမှုတွင်လည်း ဆက်နွယ်မှုကို စူးစမ်းခဲ့ကြပါတယ်။
ဟာသ နှင့် ဉာဏ်ရည်ဉာဏ်သွေး နှစ်မျိုးလုံးကို ယဉ်ကျေးမှုစံနှုန်းတွေ၊ ယုံကြည်ချက်တွေ၊ တန်ဖိုးတွေနဲ့ ပုံဖော်ထားပါတယ်။
ယဉ်ကျေးမှုတစ်ခုတွင် ရယ်စရာဟု ယူဆထားတဲ့ ဟာသက အခြားတစ်ခုမှာ ရယ်စရာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
အလားတူ အပြုအမူတစ်ခုကို ယဉ်ကျေးမှုတစ်ခုမှာ ဉာဏ်ရည်မြင့်မားခြင်းရဲ့ လက္ခဏာတစ်ရပ်ဟု ယူဆနိုင်သော်လည်း အခြားယဉ်ကျေးမှုတွေမှာတော့ အဆိုပါ အပြုအမူမျိုးဟာ မသင့်လျော်ဘူး လို့ ယူဆနိုင်ပါတယ်။
ဒါကြောင့် ဟာသဆန်တဲ့ အပြုအမူတွေအပေါ် ဉာဏ်ရည် သြဇာ လွှမ်းမိုးမှုကို သီးခြား ယဉ်ကျေးမှုများတွင် အကဲဖြတ်သင့်တယ်ဟု လေ့လာမှုရဲ့စာရေးဆရာတွေက ဆိုပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။