၁၂ရက်အတွင်း ၇လွှာရှိတဲ့ စံချိန်တင် ဟော်တယ်ကြီး တည်ဆောက်လိုက်တဲ့ တရုတ်

News Tech

တရုတ်နိုင်ငံဟာဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းစဥ်များ နဲ့ပတ်သတ်ပြီး မြန်ဆန်မှုကြောင့် နာမည်ကြီးတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ကပ် ရောဂါပျံ့ပွားမှုကြောင့် ၉ရက်အတွင်း ကုတင်တစ်ထောင်ပါတဲ့ စတုရန်းစင်တီမီတာ ၂၅၀၀၀ ရှိတဲ့ ဆေးရုံကြီးကို တည်ဆောက်ခဲ့ပြီး တစ်ရက်အတွင်း နေရာထိုင်ခင်းများ ချထားပေးခဲ့ပါတယ်။

ဒါဟာ တရုတ်လူမျိုးအတွက် လျင်မြန်သော ဆောက်လုပ်ရေးကို ပြသနေသည့် နေရာတစ်ခု ဖြစ်ပါတယ်။

ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး၊ ယခုအခါ တရုတ်နိုင်ငံ Zhuhai မြို့မှာရှိတဲ့ ခုနှစ်ထပ် ရှိတဲ့ ဟော်တယ်တစ်လုံးကို ၁၂ ရက်နဲ့ အပြီး တည် ဆောက်လိုက်တာကို တွေ့ခဲ့ရပါတယ်။

စီမံကိန်း၏ နောက်ကွယ်မှ ဆောက်လုပ်ရေးကုမ္ပဏီ မှာ China State Construction ဖြစ်ပြီး ၎င်း၏ (MIC) လို့ခေါ်တဲ့ အမြင့်ဆုံးသတင်းအချက်အလက်မြှင့်တင်မှု နည်းပညာကို လေ့လာခဲ့ပြီး အဆောက်အဦးကို ဘယ်လို လျင်လျင်​မြန်မြန် နဲ့ လုံခြုံစွာ တည်ဆောက်တယ် ဆိုတာကို ကြည့်ရှုခဲ့ကြပါတယ်။

ဒီတော့ နှစ်ပတ်မပြည့်ခင် လက်တွေ့ကျကျ အသုံးပြုနိုင်တဲ့ ဟော်တယ်တစ်လုံးကို သင်ဘယ်လို အတူတကွ တည်ဆောက်မလဲ။

စက်ရုံအများစုက ဒီလို တည်ဆောက်နေကြဘဲ ဖြစ်ပါတယ်။ သို့သော်လည်း ဒီနည်းလမ်းကို ရှင်းပြဖို့ အနည်းငယ် ပိုမိုနက်ရှိုင်းပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီက ဖော်ပြခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းဆိုက်​တွေ မှာ အသုံးပြုတဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို စက်ရုံကနေ အလိုအ လျောက် တပ်ဆင်ပြီး တည်ဆောက်ထားခြင်းဘဲ ဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ ဆောက်လုပ်ရေးမှာ တိကျမှန်ကန်မှု နဲ့အရည်အသွေးတိုးတက်ကောင်းမွန်လာပြီး လုပ်ငန်းခွင်မှာ လုပ်အား နှင့် အန္တရာယ်ရှိမှုတွေကို လည်း အနည်းဆုံး ဖြစ်စေခဲ့ပါတယ်။

ဒီ စံပြ​တည်ဆောက်ခဲ့တဲ့ ဟော်တယ် ရဲ့ အစိတ်အပိုင်းတွေကို စက်ရုံမှာ အလိုအလျောက်တပ်ဆင်ပြီး ပေါင်းစပ်အလှဆင်ထားတဲ့ စံဒီဇိုင်းတွေနဲ့ ပြုလုပ်ထားပါတယ်။

အဆောက်အဦးရဲ့ အစိတ်အပိုင်းတွေ နဲ့ ပါဝင်ပစ္စည်းတွေကို IKEA ရဲ့ဗီဒိုတစ်လုံးနဲ့ အလွန်တူတဲ့ လုပ်ငန်းစဥ်တစ်ခုကဲ့သို့ အကန့်လိုက် တစ်ခုခြင်းပြုလုပ်ပြီး ဆောက်လုပ်ရေးအလုပ်သမားတွေက တပ်ဆင်တည်ဆောက်ခဲ့ကြဘဲ​ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆွီဒင် ပရိဘောဂ ကုမ္ပဏီ ရဲ့ စနစ်ထက်အများကြီးပိုအဆင့်မြင့်တဲ့ ဆောက်လုပ်ရေး method တွေမှာ China State Construction က သူရဲ့ ဒီဂျစ်တယ် စီမံခန့်ခွဲမှုတွေကိုပါ ထည့်သွင်းထားတာကိုတွေ့ရပါတယ်။

ဤနည်းလမ်းဖြင့် အစိတ်အပိုင်းတစ်ခုစီရဲ့ အချက်အလက်များကိုအချိန်မရွေး တိုင်ပင်ဆွေးနွေးနိုင်ပြီး အမှားများကိုတွေ့ရှိခဲ့ပါက ၎င်းတို့၏မူလနေရာသို့လျင်မြန်လွယ်ကူစွာခြေရာခံနိုင်ပြီး အမှားကို လျင်မြန်စွာဖြေရှင်းနိုင်တာကို တွေ့ရပါတယ်။

ဒီစနစ်တစ်ခုလုံးဟာ အချိန် နှင့် အရည်အသွေးကိုပိုမိုထိရောက်စေရုံသာမက စွန့်ပစ်ပစ္စည်းများ ၊ ဆောက်လုပ်ရေး အမှိုက်များ နှင့် စွမ်းအင်သုံးစွဲမှုကို ၂၅ ရာခိုင်နှုန်း ၊ ၇၀ ရာခိုင်နှုန်း နှင့် ၅၅ ရာခိုင်နှုန်း အသီးသီး လျှော့ချပေးတယ်လို့ ကုမ္ပဏီကဆိုပါတယ်။

စက်ရုံရဲ့အတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းရဲ့အများစုကို တည်ဆောက်တဲ့အကြောင်းကိုလည်း သင့်အနေနဲ့ ထည့်စဥ်းစားဖို့လိုပါတယ်။

ဒါဟာ အပြင်မှာ အမှန်တကယ် ဆောက်လုပ်ရေးလုပ်တဲ့အခါ အချိန်ကုန်အလွန်အမင်းသက်သာစေပြီး ဆူညံသံတွေကိုလည်း အနည်းနိုင်ဆုံး လျှော့ချပေးနိုင်တာဘဲ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒီဟော်တယ်ကြီး တည်ဆောက်ရာတွင်သုံးသော စံဆောက်လုပ်ရေးနည်းလမ်းတွေ ၊ အဆောက်အဦးကို ပြန်လည် ဖြုတ်သိမ်းတဲ့ နည်းလမ်းတွေ ကိုပေးခဲ့ပါတယ်။

ဒါမှ အဆောက်အဦး အစိတ်အပိုင်းတွေကို အလွယ်တကူ ပြန်လည် တပ်ဆင်တည်ဆောက်နိုင်မှာဘဲ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီက ဒီလိုအဆောက်အဦးအစိတ်အပိုင်းတွေကို ဒုတိယအကြိမ် ပြန်လည်တပ်ဆင် အသုံးပြုမှုဟာ ၉၀ ရာခိုင်နှုန်းအထိတောင် မြင့်မားကြောင်း ဖော်ပြခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *