တရုတ်က သိုရီယမ်လောင်စာသုံး နျူကလီးယားဓာတ်ပေါင်းဖိုကို စမ်းသပ်တော့မည်

Innovation Tech

စမ်းသပ်ဓာတ်ပေါင်းဖိုဟာ တရုတ်အား သူ့ရဲပြည့်ဖြိုးမြဲ စွမ်းအင် ရည်မှန်းချက်တွေနဲ့ ပိုမိုနီးကပ်စေနိုင်ပါတယ်။

တရုတ်မှာ စမ်းသပ်နေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုက လှုပ်ခတ်မှုတွေကို ဖြစ်စေပါတယ်။

Thorium သိုရီယမ် လောင်စာသုံး တရုတ်အခြေစိုက် နျူကလီးယားဓာတ်ပေါင်းဖိုဟာ စမ်းသပ်မှုတွေ စတင်တော့မှာဖြစ်ပါတယ်။

ဒီရေဒီယိုသတ္တိကြွဒြပ်စင်တွေဟာ ဓာတ်ပေါင်းဖို စမ်းသပ်မှုတွေကို ကြုံတွေ့ခဲ့ရပြီးမတိုင်မီ သိပ္ပံပညာရှင်တွေနဲ့ စက်မှုလုပ်ငန်းကျွမ်းကျင်သူအတော်များများက ဒါဟာ တရုတ်နိုင်ငံကို ဖွံ့ဖြိုးဆဲနည်းပညာတွေကနေ စီးပွားဖြစ် အတိုင်းအတာအထိ ကူးလာနိုင်တဲ့ ပထမဆုံးနိုင်ငံ ဖြစ် လာစေနိုင်တာကို သဘောတူခဲ့ပါတယ်။

ထိုအရာကိုလုပ်ဆောင်နိုင်ပါက အဲ့တာဟာ သမာရိုးကျ နျူးကလီးယားစွမ်းအင်ပုံစံတွေကို ပိုမိုလုံခြုံထိရောက်တဲ့ အခြားနည်းလမ်းတွေဖန်တီးရန် ကမ္ဘာ့အဖွဲ့အစည်းအတွက် အဓိက မှတ်တိုင်တစ်ခု ဖြစ်လာနိုင်ပါတယ်။

အခု သိုရီယမ်တွေကို သုတေသနစတင်လုပ်တော့မှာဖြစ်ပါတယ်

ဆန်းသစ်တဲ့ ဓာတ်ပေါင်းဖိုဟာ ရေအစား ၎င်းရဲ့အတွင်းပိုင်းတွင် အရည်ပျော်ဆားများကို ပျံ့နှံ့စေကာ အသုံးပြုထားသောကြောင့် ပုံမှန်မဟုတ်တဲ့ အရာ ဖြစ်ပါတယ်။

အဲ့ဒါဟာ လုံခြုံပြီး အတော်လေး သက်သာတဲ့ ကုန်ကျစရိတ်ဖြင့် နျူကလီးယားစွမ်းအင်ကို ထုတ်လုပ်နိုင်ပါတယ်။

သိုရီယမ်လောင်စာသုံးဓာတ်ပေါင်းဖိုဟာ နျူးကလီးယားစွမ်းအင်ကို နှစ်ရှည်လများ ဆန့်ကျင် ကန့်ကွက်နေတဲ့ ခြေလှမ်းတစ်လှမ်းဖြစ်နိုင်တဲ့ သမားရိုးကျ ဓာတ်ပေါင်းဖိုတွေထက် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း ပမာဏအနည်းငယ်သာ ထွက်ရှိမှာ ဖြစ်ပါတယ်။

Gansu ပြည်နယ်အစိုးရရဲ့အဆိုအရ ​Gobi သဲကန္တာရရဲ့အစွန်းအနီး Wuwei အခြေစိုက် သိုရီယမ်စမ်းသပ်ဓာတ်ပေါင်းဖိုတည်ဆောက်ခြင်းကို ယခုလတွင် စတင်ဖို့ လျာထားတဲ့ စမ်းသပ်မှုတွေနဲ့ သြဂုတ်လတွင်ပြီးစီးဖို့ စီစဉ်ထားပါတယ်။

သိုရီယမ်ကိုယ်တိုင်ဟာ သဘာဝအတိုင်း ကျောက်များတွင်ဖြစ်ပေါ်နေတဲ့ အားနည်းတဲ့ ရေဒီယိုသတ္တုဓာတ်ကြွ ငွေကဲ့သို့ သတ္တုဖြစ်ပြီး ယနေ့ခေတ်စက်မှုလုပ်ငန်းများတွင် မသုံးပါဘူး။

တရုတ်နိုင်ငံ၌ ရှားပါးကမ္ဘာမြေတူးဖော်ရေးလုပ်ငန်းရဲ့ စွန့်ပစ်ပစ္စည်းတစ်ခုလည်းဖြစ်ပြီး အဲ့တာကို ကုန်ကျစရိတ် ကြီးကြီးမားမား တင်သွင်းရမယ့် ယူရေနီယံအစား အလားအလာရှိတဲ့ အခြားရွေးချယ်စရာတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

သိုရီယမ်ဟာ ယူရေနီယံထက် များစွာပိုပေါများတာကြောင့် နှစ်ပေါင်း ၅၀ သို့မဟုတ် ၁၀၀ အတွင်းရရှိရန် အလွန်အသုံးဝင်တဲ့နည်းပညာတစ်ခုဖြစ်လိမ့်မယ်လို့ ဆစ်ဒနီမြို့အခြေစိုက် သြစတေးလျနျူကလီးယားသိပ္ပံနှင့်နည်းပညာအဖွဲ့အစည်းမှ နျူကလီးယားအင်ဂျင်နီယာ Lyndon Edwards ကကမ္ဘာ့ယူရေနီယံအရံများစတင်လျော့ကျလာချိန်မှာ ရှင်းပြခဲ့ပါတယ်။

သို့သော် နည်းပညာဟာ အပြည့်အဝမဖွံ့ဖြိုးမီ ဆယ်စုနှစ်များစွာကြာနိုင်တာကြောင့် ဖြုန်းတီးဖို့အချိန်မရှိပါဘူး၊ ယခု ကျွန်တော်တို့ ဖွံ့ဖြိုးရေးကိုစတင်ရန် လိုအပ်တယ်လို့ ထပ်ပြောခဲ့ပါတယ်။

သိုရီယမ်ဟာ သူ့အလိုလို အဏုမြူမပြိုကွဲနိုင်ပါ

တရုတ်ဟာ အရည်ကျိုဆားဓာတ်ပေါင်းဖိုစီမံကိန်းတွင် ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့တယ်လို့ တရုတ်နိုင်ငံက သုတေသီတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်အလုပ်လုပ်ခဲ့တဲ့ ဂျပန်နိုင်ငံ၊ Oiso ရှိ International Thorium Molten-Salt Forum မှ ပါမောက္ခချုပ်ဟောင်း Ritsuo Yoshioka ရဲ့အဆိုအရသိရပါတယ်။

ရှန်ဟိုင်းအသုံးချရူပဗေဒတက္ကသိုလ် (SINAP) က အပူစွမ်းအင်ကို ၂ မဂ္ဂါဝပ်မျှသာ ထုတ်ပေးနိုင်တဲ့ Wuwei ဓာတ်ပေါင်းဖိုကို လုပ်ဆောင်ခဲ့ပါတယ်။

စမ်းသပ်ချက်တစ်ခုသာဖြစ်တဲ့အတွက်ကြောင့် ထိုပမာဏဟာ အိမ်ခြေ ၁၀၀၀ ကိုသာ အများဆုံးပေးနိုင်ပါတယ်။

ဒါပေမယ့် စမ်းသပ်ချက်အောင်မြင်တာကို သက်သေပြနိုင်ခဲ့ရင် တရုတ်နိုင်ငံဟာ ၂၀၃၀ တွင် နောက်ထပ် ၃၇၃ မဂ္ဂါဝပ်ဓာတ်ပေါင်းဖိုတစ်လုံးတည်ဆောက်ရန် ရည်မှန်းထားပါတယ်။

molten-salt နျူကလီးယား ဓာတ်ပေါင်းဖို အလုပ်လုပ်ပုံ Source: US Department of Energy / International Atomic Energy Agency

ဤစွမ်းအင်အဆင့်တွင် သိုရီယမ်နျူကလီးယားဓာတ်ပေါင်းဖိုဟာ အိမ်ခြေ ရာထောင် ပေါင်းများစွာကို စွမ်းအားပေးနိုင်ပါတယ်။

ဤမျှထိရောက်မှုရှိပြီး ရာသီဥတုသက်ရောက်မှုဂရုပြုတဲ့ ဓာတ်ပေါင်းဖိုတွေဟာ ၂၀၅၀ ပြည့်နှစ်တွင် တရုတ်အား သူ့ရဲ့ ကာဗွန်ကင်းစင် ရည် မှန်းချက်သို့ ပိုမိုနီးကပ်အောင်ပို့ဆောင်ပေးနိုင်တဲ့ ပြီးပြည့်စုံတဲ့နည်းပညာများတွင် ပါဝင်တယ်လို့

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်ရဲ့ ပေကျင်းစွမ်းအင်သုတေသနတက္ကသိုလ်မှ စွမ်းအင်ပုံစံရေးဆွဲသူတစ်ဦးဖြစ်တဲ့ Jiang Kejun ရဲ့အဆိုအရ သိရပါတယ်။

သဘာဝကျကျဖြစ်ပေါ်နေတဲ့ isotope thorium-232 ဟာ အဏုမြူမပြိုကွဲနိုင်ပါဘူး၊ ဓာတ်ရောင်ခြည်ဖြာထွက်တဲ့အခါ နယူထရွန်များကို စုပ်ယူနိုင်ပြီး နောက်ဆုံးတွင် နျူးကလီးယားပြိုကွဲခြင်းကို ဖြစ်စေနိုင်ပြီး အပူကိုထုတ်ပေးပါတယ်။

သိုရီယမ်ဟာ ဂျာမနီ၊ ဗြိတိန်နဲ့ အမေရိကန်ရှိအခြားဓာတ်ပေါင်းဖိုများတွင် အလားအလာရှိတဲ့ နျူကလီးယားလောင်စာအဖြစ် စမ်းသပ်မှုတွေကို တွေ့ကြုံခဲ့ပြီးပါပြီ။

အထူးသဖြင့် သိုရီယမ်ကို ပြိုကွဲနိုင်တဲ့ပစ္စည်းအဖြစ် လုပ်ဆောင်ရန် ပြောင်းလဲနိုင်တာကြောင့် ယူရေနီယမ်နှင့်နှိုင်းယှဉ်ပါက ထုတ်ယူမှု ကုန် ကျစရိတ်မထိရောက်တာကို သက်သေပြခဲ့ပြီးဖြစ်သော်လည်း အိန္ဒိယယနျူကလီးယားအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။

ဒါပေမယ့် တရုတ်ရဲ့သိုရီယမ် ဓာတ်ပေါင်းဖိုက ထိရောက်တယ်ဆိုတာကို သက်သေပြနိုင်ရင် အဲ့တာဟာ ဒြပ်စင်ပေါ် အခြေခံ၍ စီးပွားရေးအတိုင်းအတာအရ နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးမှုလမ်းပေါ်တွင် အဓိကမှတ်တိုင်တစ်ခုဖြစ်လာနိုင်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *