တရုတ်က အမေရိကန်နဲ့ AI ပြိုင်ပွဲမှာ အနိုင်ရခဲ့တယ်လို့ ပင်တဂွန်ရဲ့ software အကြီးအကဲဟောင်း ဖြစ်သူ ပြောကြား

News Tech

တရုတ်ဟာ အမေရိကန်နဲ့ ဉာဏ်ရည်တုစစ်ပွဲကို အနိုင်ရခဲ့ပြီး သူ့ရဲ့ နည်းပညာတိုးတက်မှုတွေကြောင့် ကမ္ဘာလုံး ဆိုင်ရာ လွှမ်းမိုးမှုတွေသို့ ဦးတည် နေတယ်လို့ ပင်တဂွန်ရဲ့ software အကြီးအကဲဟောင်း ဖြစ်သူက Financial Times သို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်ဟာ အဓိက ထွန်းသစ်စ နည်းပညာများစွာ အထူးသဖြင့် ဆယ်စုနှစ်တစ်ခု အတွင်း ဉာဏ်ရည်တု၊ ဇီဝဗေဒနဲ့ မျိုးရိုးဗီဇစုပေါင်း ညှိနှိုင်းမှုတို့ကို လွှမ်းမိုးနိုင်ဖွယ် ရှိတယ်လို့ အနောက်တိုင်း ထောက်လှမ်းရေး အကဲဖြတ်တွေရဲ့အဆိုအရ သိရပါတယ်။

အမေရိကန်စစ်ဘက်၌ နည်းပညာ ပြောင်းလဲမှု နှေးကွေးနေမှုကို ဆန့်ကျင် ဆန္ဒပြတဲ့ အနေနဲ့ ပင်တဂွန်ရဲ့ ပထမဆုံး software အရာရှိချုပ်ရာထူးမှ နုတ်ထွက်ခဲ့တဲ့ Nicolas Chaillan က တုံ့ပြန်မှု မရှိတာဟာ အမေရိကန်ကို အန္တရာယ်ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

၁၅ နှစ်မှ နှစ် ၂၀ အတွင်း တရုတ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရန် ကျွန်တော်တို့မှာ အခွင့်အလမ်းမရှိချေ။

တရုတ်နိုင်ငံ ChongqingAI, robotics, 5G စသည့် နည်းပညာများ ပြသခဲ့သည့် ၂၀၁၈ ခုနှစ်က Expo ပွဲ တခု Photo Credit: Cacm

ယခုအချိန်မှာတော့ ဒါဟာ ပြီးဆုံးလုနီးပြီဖြစ်တယ်။ ကျွန်တော့်အထင်တော့ ပြီးသွားပြီ။ စစ်ပွဲတစ်ခုဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ အဲ့တာဟာ အတိုချုံးဖြစ်ရပ် တစ်ခုသာ ဖြစ်ပါတယ် သူကသတင်းစာထဲမှာ ပြောခဲ့ပါတယ်။

တရုတ်ဟာ မီဒီယာဇာတ်လမ်းတွေမှ ပထဝီနိုင်ငံရေးအထိ အရာအားလုံးကို ထိန်းချုပ်ပြီး ကမ္ဘာ့အနာဂါတ်ကို စိုးမိုးရန် စီစဥ် နေတယ်လို့ သူကပြောပါတယ်။

Chaillan က နှေးကွေးတဲ့ တီထွင်ဆန်းသစ်မှု၊ Google (GOOGL.O) ကဲ့သို့ အမေရိကန်ကုမ္ပဏီတွေရဲ့ တွန့်ဆုတ်မှုကို AI နဲ့ နည်းပညာနဲ့ပတ်သက်၍ ပြည်နယ်တွေနဲ့အတူ ကျယ်ပြန့်တဲ့ ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးငြင်းခုံမှုတွေ ပြုလုပ်ဖို့ ဝေဖန်ခဲ့ပါတယ်။

Google ဟာ အလုပ်ချိန် ပြင်ပ မှတ်ချက်ပေးဖို့ အတွက် ချက်ချင်းမရနိုင်ပါဘူး။

Chaillan က တရုတ်ကုမ္ပဏီတွေဟာ သူတို့ရဲ့အစိုးရနှင့်အတူ အလုပ်လုပ်ရန် တောင်းဆိုနေပြီး ကျင့်ဝတ်နဲ့မညီဘဲ AI တွင် ကြီးမားတဲ့ရင်းနှီး မြှုပ်နှံမှု လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

သူက အစိုးရဌာနအချို့ရှိ အမေရိကန်ဆိုက်ဘာ ကာကွယ်ရေးဟာ သူငယ်တန်း အဆင့်သာ ရှိတယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မေလက တီယန်ကျင်းတွင် ကျင်းပခဲ့သည့် World Intelligence Congress Photo Credit: Xinhua

Chaillan ဟာ စက်တင်ဘာလအစောပိုင်းတွင် ရာထူးမှ နှုတ်ထွက်ကြောင်း​ ​ကြေငြာခဲ့ပြီး စစ်တပ်အရာရှိတွေဟာ အတွေ့အကြုံမရှိတဲ့ ဆိုက်ဘာ ပဏာမ ခြေလှမ်းတွေကို အကြိမ်ကြိမ် တာဝန်ယူခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

လေတပ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်လေတပ်အတွင်းရေးမှူး Frank Kendall ဟာ သူ့ရာထူးမှ နှုတ်ထွက်ပြီးနောက် ဌာနရဲ့အနာဂတ် software ဖွံ့ဖြိုးတိုးတက်မှုအတွက် သူ့ရဲ့အကြံပြုချက်တွေကို Chaillan နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောခဲ့တယ်လို့ FT က ပြောကြားခဲ့ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *