တရုတ်နိုင်ငံရဲ့ အာကာသအေဂျင်စီဟာ ၎င်းတို့ အကောင်အထည်ဖော်နေတဲ့ Chang’e လကမ္ဘာ အစီအစဉ်နှင့် NASA ကို ကျော်တက်နိုင်ဖို့ ရည်မှန်းထားပြီး အင်္ဂါဂြိုလ်သို့ အာကာသ ယာဉ်မှူးများ သွားရောက်ဖို့ ရည်မှန်းထားပါတယ်။
တရုတ်နိုင်ငံဟာ စွမ်းအင်ရင်းမြစ် အဖြစ် လမှ တွင်းထွက် ပစ္စည်း အသစ်ကို ရှာဖွေ တွေ့ရှိပြီးနောက် အနာဂါတ် အစီအစဥ်တွေ အနေနဲ့ လပေါ်သို့ မစ်ရှင်အသစ် ၃ ခုကို လွှင့်တင်ဖို့ အစီအစဉ်ရှိကြောင်း Bloomberg မှ ဖော်ပြခဲ့ပါတယ်။
လာမည့် ဆယ်စုနှစ် တစ်ခုအတွင်း လပေါ်သို့ အာကာသယာဥ်သစ် သုံးစင်း လွှတ်တင်ဖို့ အစီအစဉ် စတင်နေပြီး တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲရေးမှ မီးစိမ်းပြခဲ့ကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်က ကြေညာခဲ့ပါတယ်။
မစ်ရှင်အသစ်များက နိုင်ငံရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ Chang’e လကမ္ဘာ အစီအစဉ်ရဲ့ အစိတ်အပိုင်း အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ လကမ္ဘာ တွင်းထွက် ပစ္စည်းအသစ်ကို ရှာဖွေ တွေ့ရှိပြီးနောက် တစ်ရက် အကြာမှာ အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

CZ-5 ရော့ကတ်မှ ထွက်ခွာနေသည့် Chang’e-5 လဆင်းယာဉ် Image: Courtesy of Wiki Commons/China_News_Service (BY CC)
အဆိုပါ ဓာတ်သတ္တုအသစ်ကို Changesite-(Y) ဟု အမည်ပေးထားပါတယ်။
သိပ္ပံပညာရှင်များက ၎င်းသတ္တုကို ၂၀၂၀ တုန်းက Chang’e-5 မစ်ရှင်မှ ပြန်လည်ရယူခဲ့တဲ့ နမူနာတွေမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
၎င်းကို လကမ္ဘာ ကျောက်အမှုန်များတွင် တွေ့ရှိရတဲ့ ” phosphate mineral in columnar crystal ” အဖြစ် ဖော်ပြခဲ့ပါတယ်။
နမူနာများကို ခွဲခြမ်းစိတ်ဖြာမှုတွေအရ Changesite-(Y) တွင် အိုင်ဆိုတုပ် ဟီလီယမ်-၃ ပါ၀င်ကြောင်း၊ ၎င်းဟာ အနာဂါတ်အတွက် အဖိုးတန် စွမ်းအင် ရင်းမြစ် တစ်ခုဟု ယူဆရတဲ့ အိုင်ဆိုတုပ်တစ်ခုဖြစ်ကြောင်း ပြသခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အာကာသအေဂျင်စီဟာ NASA နှင့် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားကြောင်း
NASA နှင့် China နှစ်ခုစလုံးဟာ လကို တူးဖော်နိုင်ဖို့ ဖြစ်နိုင်ချေရှိတဲ့ နေရာများအတွက် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
တရုတ်နိုင်ငံဟာ လမျက်နှာပြင်ရဲ့ တောင်ဝန်ရိုးစွန်းဒေသတွင် ရုရှားနှင့် သုတေသနစခန်းတစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။
ရုရှားနိုင်ငံဟာ NASA ရဲ့ ကိုယ်ပိုင်လ Gateway အစီအစဉ်တွင် ပါဝင်ခြင်းမှ နှုတ်ထွက်ပြီးနောက် လကမ္ဘာ ပတ်လမ်း စခန်းတစ်ခု တည်ဆောက်ဖို့ တရုတ်နှင့် ရုရှားတို့ဟာ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန် အာကာသ အေဂျင်စီကလည်း ၎င်းတို့ရဲ့ Artemis အစီအစဉ်ကို စတင်ဖို့အတွက် လပေါ်သို့ Space Launch System (SLS) ကို လွှတ်တင်ဖို့ မကြာသေးမီက ကြိုးပမ်းမှု နှစ်ကြိမ်ကို ဖျက်သိမ်းခဲ့ရပါတယ်။
NASAရဲ့ Artemis I က လနှင့်အနောက်ဘက်သို့ အာကာသယာဥ်ငယ်တစ်စင်း လွှတ်တင်မှာ ဖြစ်ပြီး၊ Artemis II ကတော့ အာကာသယာဉ်မှူးများနှင့်အတူ အလားတူခရီးကို လိုက်ပါသွားမှာ ဖြစ်ပါတယ်။

Image: Courtesy of NASA
Artemis III ကတော့ ၁၉၇၂ ခုနှစ်ရောက်ရင် Apollo 17 မှ စတင်ကာ လမျက်နှာပြင် ပေါ်သို့ လူသားများကို ပထမဆုံး အ ကြိမ် စေလွှတ်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အာကာသ စူးစမ်းလေ့လာရေး အတွက် နောက်ဆုံး တိုးတက်မှုများက NASAရဲ့ Artemis ပရိုဂရမ်ကို ရှင်းထုတ်ပစ်ဖို့ ဖိအားများပေးလာပါတယ်။
ဒါ့အပြင် NASA အနေနဲ့ SLS တည်ဆောက်မှုကိုလည်း ပုံမှန် ဘတ်ဂျတ်ထက် ကျော်လွန်နေပြီး ပြန်သုံး၍မရသော နည်းပညာကို ဘတ်ဂျက်အလွန်အသုံးချမှုအတွက် ပြစ်တင်ဝေဖန်မှုများ ရှိလာနိုင်ပါတယ်။
NASA ရဲ့နောက်ဆုံးလွှတ်တင်ဖို့ ကြိုးပမ်းမှုအတွင်း ဟိုက်ဒရိုဂျင် ယိုစိမ့်မှု ပြဿနာကြောင့် SLS လွှတ်တင်မှုကို လောလော ဆယ်မှာတော့ ရပ်နားထားရပါတယ်။
တရုတ်နိုင်ငံဟာ ၎င်းတို့ရဲ့ Tiangong အာကာသ စခန်းကို အပြီးသတ်ဖို့ နီးကပ်နေပြီဖြစ်ပြီး ယခုနှစ် အစောပိုင်းတုန်းက ၎င်းတို့ရဲ့ Zhurong အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်ခဲ့ပါတယ်။

တရုတ်၏ Zhurong အင်္ဂါဂြိုဟ်သွားယာဉ် Image: Courtesy of China National Space Administration
ဒါ့အပြင် မကြာသေးမီက လမျက်နှာပြင်ပေါ်ရှိ ရေကို စူးစမ်း လေ့လာသည့် အနေဖြင့် လပေါ်ရှိ ပထမဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။
Chang’e-5 မစ်ရှင်ကို တရုတ်ဒဏ္ဍာရီရဲ့ လနတ်သမီးကို အစွဲပြုပြီး အမည်ပေးထားတာပါ။ ဒါဟာ တရုတ် လကမ္ဘာ စူးစမ်းလေ့လာရေး အစီအစဉ်ရဲ့ ပဉ္စမမြောက် လမစ်ရှင် ဖြစ်ပါတယ်။
၂၀၂၀၊ နိုဝင်ဘာလ ၂၃ ရက်နေ့တုန်းက လွှတ်တင်ခဲ့တဲ့ အဆိုပါ မစ်ရှင်ဟာ နိုင်ငံရဲ့ ပထမဆုံး လကမ္ဘာသို့ ပြန်လည်ရောက်ရှိလာတဲ့ နမူနာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အာကာသအေဂျင်စီဟာ NASA မတိုင်မီ အင်္ဂါဂြိုဟ်မှ နမူနာများကို ရယူနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 24/9/2022