၂၀၁၃ ခုနှစ်က ကြေငြာခဲ့သည့် နိုင်ငံပေါင်း ၁၀၀ ကျော်ကို ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းကြောင်းမှ တဆင့် တရုတ်နိုင်ငံသို့ ချိတ်ဆက်နိုင်မည့် ခေတ်သစ် ပိုးလမ်းမ စီမံကိန်းဟာ တရုတ်၏ ရည်မှန်းချက်ကြီးမားသည့် အခြေခံ အဆောက်အအုံ စီမံကိန်းတခုဖြစ်ပါတယ်။
ကြီးမားသည့် ခြေလှမ်းများဖြင့် စတင်ခဲ့ပြီးနောက် Belt and Road Initiative (BRI) ဟု လူသိများသည့် ဒီစီမံကိန်း၏ အရှိန်အဟုန်ဟာ ကျဆင်းနေပြီဟု လေ့လာမှု တခုက ဆိုပါတယ်။
လေး နှစ်တာ ကာလအတွင်း AidData မှ လေ့လာမှုဟာ BRI မတိုင်မီ ခေတ်က စီမံကိန်းများ အပါအဝင် တရုတ် စီမံကိန်းပေါင်း ၁၃,၄၁၇ လောက်ကို ခွဲခြမ်း စိတ်ဖြာ သုံးသပ်ခဲ့ပါတယ်။
ပိုးလမ်းမကြီးကို ပြန်လည်အသက်သွင်းနိုင်ရန် ရည်ရွယ်သည့် ဒီစီမံကိန်းကို တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပါဝင်သည့် အာရှ အ ခြေ ခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) မှ ထောက်ပံ့ပေးတာဖြစ်ပါတယ်။

ခေတ်သစ်ပိုးလမ်းမကြီးအတွက် ဘဏ္ဍာရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံလောက်ပဲ ရှိနေစဉ်မှာ AIIB ဟာ ဆိပ်ကမ်းများ၊ ရ ထားလမ်း ဥမင်လှိုင်ခေါင်းများ၊ ဆည်များ၊ မိုးမျှော်တိုက်များ၊ ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံများ နှင့်
အခြား အလားတူ အခြေခံအဆောက်အုံ စီမံကိန်းများကို အလယ်အလတ် နှင့် ဝင်ငွေနိမ့် နိုင်ငံများအတွက် တည်ဆောက်ပေးနိုင်ရန် အမေရိကန် ဒေါ်လာ ၁၆၀ ဘီလီယံ (ယွမ် ၁ ထရီလီယံ) အထိ ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်။
BRI စီမံကိန်းအတွက် တရုတ်ဟာ ၎င်း၏ နယ်နိမိတ်အတွင်းတွင် ရှိသည့် အရင်းအမြစ်များကို လုံခြုံ စိတ်ချရန် စီစဉ်ထားခဲ့ကြောင်းကို အစီ ရင်ခံစာက ဖော်ပြထားပါတယ်။
ချေးငွေများကို လက်ခံသည့် နိုင်ငံများက အနာဂါတ် ကုန်စည်တင်ပို့မှု များနှင့် အလဲအလှယ် လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ငွေချေးခြင်း နှင့် ပတ်သက်သည် များကိုတော့ လျှို့ဝှက်ထားပါတယ်။
BRI မှ ၂၀၂၀ ခုနှစ် အစီရင်ခံစာတွင် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ (CFR) က BRI ရင်းနှီးမြှုပ်နှံမှုများသည့် ကုန်ကျစရိတ်များလေ့ရှိသည့် အတွက် တရုတ်ကုမ္ပဏီများကို အသုံးပြုရန် လိုအပ်သည်ဟု ဆိုပါတယ်။

ဒီလို စောဒက တက်မှုများကြောင့် မလေးရှားနိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၂၂ ဘီလီယံ တန်ဖိုးရှိ ရထားလမ်း နှင့် ဂတ်စ်ပိုက်လိုင်းများ ပါဝင်သည့် BRI စီမံကိန်းများကို ဖျက်သိမ်းခဲ့ပါတယ်။
AidData ၏ အစီရင်ခံစာအရ တရုတ်နိုင်ငံပိုင် စီးပွားရေးဘဏ်များဟာ BRI တွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပြီး စီမံကိန်း၏ ပထမငါးနှစ်အတွင်းမှာ ၃ ဆ အထိ တိုးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
လက်ခံမှု၏ အဆုံးသတ်တွင် အကြွေးများဟာ နိုင်ငံပိုင် ကုမ္ပဏီများ၊ ဘဏ်များ နှင့် အခြား နိုင်ငံငယ်များရှိ အစိုးရ အကာအကွယ် အချို့ရရှိသည့် ပုဂ္ဂလိကပိုင် အဖွဲ့အစည်းများ ဆီသို့သာ ဦးတည်သွားပါတယ်။
ဒါဟာ အဆိုပါ နိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင် ကြွေးမြီကို မထင်ဟပ်ပေမယ့် နိုင်ငံငယ် ၄၁ ခုဟာ ၎င်းတို့ ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်သော ကြွေးမြီ ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ထို့အပြင် BRI အောက်ရှိ စီမံကိန်းကြီးများဟာ BRI မတိုင်ခင် တရုတ်တို့ ပါဝင်ခဲ့သည့် အချိန်ကထက် ဆန့်ကျင်မှုများနှင့် ပိုမို ကြုံတွေ့ ရင် ဆိုင် နေရပါတယ်။
AidData ၏ အဆိုအရ စီမံကိန်း၏ ၃၅ ရာခိုင်နှုန်းတွင် ခြစားမှု၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်မှုများ၊ လူထုဆန္ဒပြမှုများနှင့် ဆက်စပ်နေသည့် ပြသနာများကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Business Insider ၏ သတင်းအရ ကာဇက်စတန်နှင့် ဘိုလီဗီးယား နိုင်ငံတို့ဟာ အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိသည့် BRI စီမံကိန်းများကို ဖျက်သိမ်းခဲ့ပြီး
ကော့စတာရီကာ၊ ဆူဒန်၊ အီသီယိုးပီးယား၊ အီကွေဒေါ၊ ဇမ်ဘီယာနှင့် ကင်မရွန်းတို့ ပါဝင်သည့် ဒေါ်လာ ၃.၃ ဘီလီယံလောက်ရှိသည့် စီမံ ကိန်း များကတော့ ရပ်ဆိုင်း သို့မဟုတ် ဖျက်သိမ်းထားသည့် အနေအထားကို ရောက်ရှိနေပါတယ်။
တရုတ်ဟာ ဤစီမံကိန်းများအတွက် အကြမ်းဖျင်းအားဖြင့် တနှစ်လျှင် ဒေါ်လာ ၈၅ ဘီလီယံလောက် အကုန်အကျခံနေသော်လည်း BRI စီမံ ကိန်း၏ အရှိန်အဟုန် ဆုံးရှုံးလျှက် ရှိနေပါတယ်။
တရုတ်၏ ဒီ စီမံကိန်းအပေါ် ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန် သို့မဟုတ် အခြားနိုင်ငံများမှ ပြည်ပစီမံကိန်းများအတွက် အသုံးပြုသည့် ဘတ်ဂျက်၏ အနည်းဆုံး ၂ ဆ ခန့် ရှိတယ်လို့ AidData က ဆိုပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။