တရုတ်ကြည်းတပ်၏ ဟောင်ဝစ်ဇာသစ် လူမြင်ကွင်းတွင် ထွက်ပေါ်

News

တရုတ်နိုင်ငံရဲ့ လမ်းမတစ်နေရာမှာ အသစ်ထုတ်လုပ်ထားတဲ့ self-propelled howitzer တစ်စီးကို တင်ဆောင်သွားတယ်ဆိုတဲ့ သတင်းတွေပျံ့နှံ့နေပါတယ်။ ဒီအကြောင်းကို Defense Blog မှာ တင်ထားတာဖြစ်ပါတယ်။

လက်ရှိ တရုတ်စစ်တပ်မှာ အသုံးပြုနေတဲ့ ၁၅၅ မီလီမီတာ PLZ-05 self-propelled howitzer များကို အစားထိုးမည့် ယာဉ်အသစ်ကို လက်ရှိမှာ ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။

ဒေသတွင်း သတင်းများအရ ဒီ အမြောက်စနစ်အသစ်ရဲ့ ဒီဇိုင်းဟာ ပိုမိုထိရောက်ပြီး နက်နက်ရှိုင်းရှိုင်း ပစ်ကူပေးနိုင်ကာ ရန်သူ့ အမြောက် တပ်၊ မော်တာ နှင့် တခြား သံချပ်ကာယာဉ်များကို ပစ်ခတ်ဖို့ရာ ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

၎င်းမှာ အလိုအလျှောက် အမြောက်တင်စနစ်၊ အလိုအလျှောက် ကျည်ဖြည့်စနစ်နှင့် ဒစ်ဂျစ်တယ်ထိန်းချုပ်စနစ်များ တပ်ဆင်ထားပါတယ်။


ဒီလိုအချက်အလက်များ ရရှိထားသော်လည်း တရုတ်၏ self-propelled howitzer သစ်ရဲ့ သတင်းဟာ တရားဝင်မဖော်ပြသေးသည့်အပြင် ဆိုရှယ်မီဒီယာမှာလည်း နောက်ပိုင်းသတင်းတွေ ထွက်ပေါ်မလာတော့ပါဘူး။

လက်ရှိအသုံးပြုနေတဲ့ PLZ-05 နှင့်ပတ်သက်ပြီးပြောရရင် ဒီအမြောက်စနစ်ဟာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ပြီး အထောက်အပံ့ပေးနိုင်တဲ့ အရေးပါတဲ့ စစ်မြေပြင် လက်နက်တစ်ခုဖြစ်ပါတယ်။

PLZ-45 တွေကို အဆင့်မြှင့်တင်ထားတဲ့ PLZ-05 တွေကို ၁၉၉၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းတွင် စတင် ထုတ်လုပ်ဖို့ ကြိုစားခဲ့ပြီး ပထမဆုံး ရှေ့ပြေးပုံစံကို ၂၀၀၃ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ PLZ-05 တွေကို ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာအမြောက်ကို တပ်ဆင်ထားပါတယ်။ ဒီစနစ်ဟာ AH2 ဝန်တင်ဆွဲဟောင်ဝစ်ဇာ၏ မွမ်းမံထားတဲ့ အမျိုးအစား ဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် မီဒီယာများက PLZ-05 ဟာ ပေါင် ၄၀ (၁၈ ကီလိုဂရမ်) ရှိတဲ့ လမ်းညွှန် ကျည် ဖူးကို အကွာအဝေး ၁၀၀ ကီလိုမီတာ (၆၂ မိုင်) အထိ ပစ်ခတ်နိုင်ပြီး ထိရောက် ဧရိယာတိကျမှု မီတာ ၄၀ (ပေ ၁၃၀ တွင်း) ရှိတယ်လို့ သိရပါတယ်။

ZawGyi

တ႐ုတ္ႏိုင္ငံရဲ႕ လမ္းမတစ္ေနရာမွာ အသစ္ထုတ္လုပ္ထားတဲ့ self-propelled howitzer တစ္စီးကို တင္ေဆာင္သြားတယ္ဆိုတဲ့ သတင္းေတြပ်ံ႕ႏွံ႔ေနပါတယ္။ ဒီအေၾကာင္းကို Defense Blog မွာ တင္ထားတာျဖစ္ပါတယ္။

လက္ရွိ တ႐ုတ္စစ္တပ္မွာ အသုံးျပဳေနတဲ့ ၁၅၅ မီလီမီတာ PLZ-05 self-propelled howitzer မ်ားကို အစားထိုးမည့္ ယာဥ္အသစ္ကို လက္ရွိမွာ ထုတ္လုပ္ထားၿပီး ျဖစ္ပါတယ္။

ေဒသတြင္း သတင္းမ်ားအရ ဒီ အေျမာက္စနစ္အသစ္ရဲ႕ ဒီဇိုင္းဟာ ပိုမိုထိေရာက္ၿပီး နက္နက္ရႈိင္းရႈိင္း ပစ္ကူေပးႏိုင္ကာ ရန္သူ႔ အေျမာက္ တပ္၊ ေမာ္တာ ႏွင့္ တျခား သံခ်ပ္ကာယာဥ္မ်ားကို ပစ္ခတ္ဖို႔ရာ ရည္႐ြယ္ၿပီး ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။

၎မွာ အလိုအေလွ်ာက္ အေျမာက္တင္စနစ္၊ အလိုအေလွ်ာက္ က်ည္ျဖည့္စနစ္ႏွင့္ ဒစ္ဂ်စ္တယ္ထိန္းခ်ဳပ္စနစ္မ်ား တပ္ဆင္ထားပါတယ္။

ဒီလိုအခ်က္အလက္မ်ား ရရွိထားေသာ္လည္း တ႐ုတ္၏ self-propelled howitzer သစ္ရဲ႕ သတင္းဟာ တရားဝင္မေဖာ္ျပေသးသည့္အျပင္ ဆိုရွယ္မီဒီယာမွာလည္း ေနာက္ပိုင္းသတင္းေတြ ထြက္ေပၚမလာေတာ့ပါဘူး။

လက္ရွိအသုံးျပဳေနတဲ့ PLZ-05 ႏွင့္ပတ္သက္ၿပီးေျပာရရင္ ဒီအေျမာက္စနစ္ဟာ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္၏ တိုက္႐ိုက္မဟုတ္ရင္ေတာင္ သြယ္ဝိုက္ၿပီး အေထာက္အပံ့ေပးႏိုင္တဲ့ အေရးပါတဲ့ စစ္ေျမျပင္ လက္နက္တစ္ခုျဖစ္ပါတယ္။

PLZ-45 ေတြကို အဆင့္ျမႇင့္တင္ထားတဲ့ PLZ-05 ေတြကို ၁၉၉၀ ျပည့္လြန္ႏွစ္မ်ား၏ အလယ္ပိုင္းတြင္ စတင္ ထုတ္လုပ္ဖို႔ ႀကိဳစားခဲ့ၿပီး ပထမဆုံး ေရွ႕ေျပးပုံစံကို ၂၀၀၃ ခုႏွစ္မွာ ၿပီးစီးခဲ့ပါတယ္။ PLZ-05 ေတြကို ၁၅၅ မီလီမီတာ ေဟာင္ဝစ္ဇာအေျမာက္ကို တပ္ဆင္ထားပါတယ္။ ဒီစနစ္ဟာ AH2 ဝန္တင္ဆြဲေဟာင္ဝစ္ဇာ၏ မြမ္းမံထားတဲ့ အမ်ိဳးအစား ျဖစ္ပါတယ္။

တ႐ုတ္အစိုးရပိုင္ မီဒီယာမ်ားက PLZ-05 ဟာ ေပါင္ ၄၀ (၁၈ ကီလိုဂရမ္) ရွိတဲ့ လမ္းၫႊန္ က်ည္ဖူးကို အကြာအေဝး ၁၀၀ ကီလိုမီတာ (၆၂ မိုင္) အထိ ပစ္ခတ္ႏိုင္ၿပီး ထိေရာက္ ဧရိယာတိက်မႈ မီတာ ၄၀ (ေပ ၁၃၀ တြင္း) ရွိတယ္လို႔ သိရပါတယ္။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *