တရုတ်နိုင်ငံရဲ့ လူဦးရေ ဟာ လာမည့် ၄၅ နှစ်အတွင်း ထက်ဝက်ခန့် လျှော့ကျ သွားနိုင်တဲ့အကြောင်း

Knowledge News

လေ့လာမှုအသစ်တစ်ခုအရ တရုတ်နိုင်ငံရဲ့လူဦးရေကျဆင်းမှုဟာ မျှော်မှန်းထားတာထက် များစွာပိုမြန်နိုင်ကြောင်း ၊ လာမည့် နှစ် ၃၀ မှ ၄၅ အတွင်း နိုင်ငံအတွင်းရှိ လူဦးရေ ထက်ဝက်ခန့်ကျဆင်းသွားနိုင်တယ်ဟု ဆိုပါတယ်။

South China Morning Post မှာ ဖော်ပြချက်အရ တရုတ်နိုင်ငံလူဦးရေ နဲ့ မွေးဖွားနှုန်း ကျဆင်းနေတာကြောင့် အစိုးရကို ထိတ်လန့်စေခဲ့ပါတယ်။

Xi’an University of Finance and Economics ဂျာနယ်၌ ထုတ်ဝေသော သုတေသန အရ နိုင်ငံရဲ့ လူဦးရေဟာ ၂၀၅၀ တွင် ထက်ဝက်ခန့်လျော့ကျသွားနိုင်တယ် ဟု ဖော်ပြထားပါတယ်။

“ သုတေသနအသစ်က တိုင်းပြည် ရဲ့လူဦးရေ ကျဆင်းမှုကို ပြင်းထန်စွာ လျှော့တွက်ထားနိုင်တယ်” ဟုလည်း လေ့လာသူတွေက သတိပေးခဲ့ပါတယ်။

ဥပမာအနေနဲ့ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ တရုတ်ပြည်ရဲ့ မွေးဖွားနှုန်းဟာ အမျိုးသမီးတစ် ဦးလျှင် ကလေး ၁.၇ ယောက် အထက်ရှိလိမ့်မည် ဟုသော ယူဆချက်ကို အခြေခံထားပါတယ်။

တရုတ်နိုင်ငံတွင် ယမန်နှစ်က မွေးကင်းစကလေးငယ် မွေးဖွားတာဟာ ၁၂ သန်းထိ ရှိခဲ့ပြီး ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်ထက် ၂၅ ရာခိုင်နှုန်းလျော့နည်း နေတာကို တွေ့ရပါလိမ့်မယ်။

တရုတ်အာဏာပိုင်တွေအနေနဲ့ လူဦးရေတိုးပွားလာမှုဟာ အနုတ်လက္ခဏာကို တွန်းပို့နေတဲ့ အလားအလာရှိနေတာကြောင့် ဂရုတစိုက် နဲ့ တန်ပြန် တုံ့ပြန်မှု အစီအစဥ်တစ်ခု လိုအပ်တယ် လို့ Jiang က ရေးသားခဲ့ပါတယ်။

မကြာသေးမီက တရုတ်နိုင်ငံဟာ လူဦးရေ ပိုများလာဖို့အတွက် ကလေးနှစ်ယောက် မူဝါဒကို အရှိန်မြှင့်တင်ခဲ့ပါတယ်။

သို့ပေမယ့် လေ့လာမှုအသစ်အရ အစိုးရရဲ့ ကန့်သတ်ချက်တွေထက် ငွေကြေးဆိုင်ရာ စိုးရိမ်မှုတွေ နဲ့ အစိုးရ အထောက်အပံ့များ လုံလောက်မှု မရှိတာကြောင့် မိသားစုတောင့်တဲ့ စုံတွဲတွေအတွက် အဓိက အဟန့်အတားဖြစ်ပုံရပါတယ်။

တရုတ်အစိုးရဟာ အိမ်ရာ နှင့် ပညာရေးကို ပိုမို လက်လှမ်းမီစေရန် ကြိုးပမ်းခဲ့သော်လည်း လေ့လာမှု အသစ်အရ လုံလောက်တဲ့ အားထုတ်မှု မရှိဘူးဟု ဆိုပါတယ်။

” စီးပွားရေး ဖိအားကြောင့် လူအများစုက ကလေးမွေးဖို့ မစဥ်းစားရဲကြပါဘူး” ဟု သုတေသီတွေက ဆိုပါတယ်။

ကလေးမွေးဖွားတာ နဲ့ ပြုစုစောင့်ရှောက်ခြင်းတို့အတွက်လည်း လုံလောက်တဲ့ အထောက်အပံံ့တွေ အတွက် ပြင်းထန်တဲ့ ချို့တဲ့မှုတွေ ရှိတယ်ဟု ဆိုပါတယ်။

ကူးစက်ရောဂါတွေကလည်း ကလေးမွေးဖွားနှုန်းကို ကျဆင်းစေနိုင်တယ်ဟု ဆိုထားပြီး ပြန်လည် ကာကွယ်ထိန်းသိမ်းနိုင်ဖို့ အလားအလာနည်းတယ်ဟု Jiang က ယုံကြည်နေပါတယ်။

ခန့်မှန်းခြေအားဖြင့် ကလေးမွေးဖွားတဲ့အမျိုးသမီး အရေအတွက်ဟာ သိသိသာသာ ကျဆင်း သွားတာကြောင့် မကြာခင်မှာ လူဦးရေဟာ လျင်မြန်စွာ ကျဆင်းလာလိမ့်မယ်လို့ ခန့်မှန်း​နေကြပါတယ်။

၂၉ နှစ်အတွင်းမွေးဖွားနှုန်း ၁ ကျဆင်းသွားရင် နိုင်ငံရှိ လူဦးရေဟာ ထက်ဝက် ကျဆင်းသွားလိမ့်မည် ဟု လေ့လာမှုတွင် ဖော်ပြထားပါတယ်။

နောက်ဆုံးပေါ် သန်းခေါင်စာရင်းအချက်အလက်များအရ တရုတ်နိုင်ငံ လူဦးရေ ရဲ့ ၁၇ ရာခိုင်နှုန်းဟာ လူငယ်တွေဖြစ်ကြပြီး အသက်၆၀ ကျော်ကတော့ ၁၈ ရာခိုင်နှုန်း ရှိပါတယ်။

အချက်အလက်များအရ အသက်ကြီးတဲ့ လူတွေရဲ့ ရာခိုင်နှုန်းဟာ လူငယ် ရာခိုင်နှုန်းထက် ပထမဆုံး အကြိမ် ပိုများလာတာ​ဖြစ်ပြီး ဒါဟာ လက်ရှိ မွေးဖွားနှုန်းကျဆင်းလာတာကြောင့်ဘဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *